တပည့်ဟောင်းတောင်းဆင့်ကို ၂ နှစ်စာချုပ်ဖြင့် အဲဗာတန်နည်းပြဘင်နီတက်ဇ်ခေါ်ယူ

အဲဗာတန်ဟာအင်္ဂလန်တောင်ပံကစားသမားဟောင်းအင်ဒရို့စ်တောင်းဆင့်အား၂နှစ်စာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။အသက်၃၀နှစ်ရှိတောင်းဆင့်ဟာခရစ္စတယ်ပဲလေ့စ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်ထွက်ခွာလာခဲ့သူဖြစ်ပါတယ်။

အဲဗာတန်နည်းပြသစ်ရာဖေးလ်ဘင်နီတက်ဇ်ဟာနယူးကာဆယ်တွင်လက်တွဲခဲ့ဖူးတဲ့တောင်းဆင့်ကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်မယ့်အခွင့်အရေးကိုအမိအရဖမ်းဆုပ်ပြီးခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။

တောင်းဆင့်က “အဲဗာတန်ကဘယ်လိုကလပ်လဲဆိုတာလူတိုင်းသိထားပြီးဖြစ်ပါတယ်။ဒီကလပ်ကကြီးမားတဲ့ကလပ်တစ်ခုဖြစ်ပါတယ်။ရည်မှန်းချက်လည်းအရမ်းကြီးပါတယ်။သူတို့ဟာဥရောပနဲ့လိဂ်မှာသူတို့နဲ့ထိုက်တန်တဲ့နေရာကိုပြန်လည်ရယူနိုင်ဖို့ကြိုးစားနေတဲ့ကလပ်ဖြစ်ပါတယ်။ဒီကလပ်ရဲ့ရည်မှန်းချက်ဖြစ်လာဖို့ကျွန်တော့်ဘက်ကအစွမ်းကုန်လုပ်ဆောင်ပေးသွားပါမယ်။ရာဖာကအတွေ့အကြုံရှိတဲ့သူပါ။လေ့ကျင့်ရေးကွင်းမှာနည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီးအများကြီးအလုပ်လုပ်တဲ့သူဖြစ်ပါတယ်။ဒီမှာသူအောင်မြင်မှုရမယ်လို့ကျွန်တော်သေချာပေါက်ပြောရဲပါတယ်”လို့ပြောကြားသွားပါတယ်။

တောင့်ဆင်းဟာစပါးစ်အသင်းတွင်ကစားစဉ်တုန်းကအင်္ဂလန်အသင်းအတွက်၁၃ပွဲကစားခွင့်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ၂၀၁၆ခုနှစ်တုန်းကစပါးစ်မှနယူးကာဆယ်သို့ပြောင်းခဲ့ပြီးတန်းဆင်းရပြီးနောက်ခရစ္စတယ်ပဲလေ့စ်သို့ပြောင်းခဲ့သူဖြစ်ပါတယ်။

သူဟာခရစ္စတယ်ပဲလေ့စ်အတွက်၁၆၈ပွဲကစားကာ၁၃ဂိုးသွင်းယူပေးခဲ့ပါတယ်။

ZawGyi

တပည့္ေဟာင္းေတာင္းဆင့္ကို ၂ ႏွစ္စာခ်ဳပ္ျဖင့္ အဲဗာတန္နည္းျပဘင္နီတက္ဇ္ေခၚယူ

အဲဗာတန္ဟာအဂၤလန္ေတာင္ပံကစားသမားေဟာင္းအင္ဒ႐ို႕စ္ေတာင္းဆင့္အား၂ႏွစ္စာခ်ဳပ္ျဖင့္ေခၚယူလိုက္ပါတယ္။အသက္၃၀ႏွစ္ရွိေတာင္းဆင့္ဟာခရစၥတယ္ပဲေလ့စ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္ထြက္ခြာလာခဲ့သူျဖစ္ပါတယ္။

အဲဗာတန္နည္းျပသစ္ရာေဖးလ္ဘင္နီတက္ဇ္ဟာနယူးကာဆယ္တြင္လက္တြဲခဲ့ဖူးတဲ့ေတာင္းဆင့္ကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္မယ့္အခြင့္အေရးကိုအမိအရဖမ္းဆုပ္ၿပီးေခၚယူလိုက္တာလည္းျဖစ္ပါတယ္။

ေတာင္းဆင့္က “အဲဗာတန္ကဘယ္လိုကလပ္လဲဆိုတာလူတိုင္းသိထားၿပီးျဖစ္ပါတယ္။ဒီကလပ္ကႀကီးမားတဲ့ကလပ္တစ္ခုျဖစ္ပါတယ္။ရည္မွန္းခ်က္လည္းအရမ္းႀကီးပါတယ္။သူတို႔ဟာဥေရာပနဲ႔လိဂ္မွာသူတို႔နဲ႔ထိုက္တန္တဲ့ေနရာကိုျပန္လည္ရယူႏိုင္ဖို႔ႀကိဳးစားေနတဲ့ကလပ္ျဖစ္ပါတယ္။ဒီကလပ္ရဲ႕ရည္မွန္းခ်က္ျဖစ္လာဖို႔ကြၽန္ေတာ့္ဘက္ကအစြမ္းကုန္လုပ္ေဆာင္ေပးသြားပါမယ္။ရာဖာကအေတြ႕အႀကဳံရွိတဲ့သူပါ။ေလ့က်င့္ေရးကြင္းမွာနည္းစနစ္ပိုင္းနဲ႔ပတ္သက္ၿပီးအမ်ားႀကီးအလုပ္လုပ္တဲ့သူျဖစ္ပါတယ္။ဒီမွာသူေအာင္ျမင္မႈရမယ္လို႔ကြၽန္ေတာ္ေသခ်ာေပါက္ေျပာရဲပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေတာင့္ဆင္းဟာစပါးစ္အသင္းတြင္ကစားစဥ္တုန္းကအဂၤလန္အသင္းအတြက္၁၃ပြဲကစားခြင့္ရရွိခဲ့သူလည္းျဖစ္ပါတယ္။

သူဟာ၂၀၁၆ခုႏွစ္တုန္းကစပါးစ္မွနယူးကာဆယ္သို႔ေျပာင္းခဲ့ၿပီးတန္းဆင္းရၿပီးေနာက္ခရစၥတယ္ပဲေလ့စ္သို႔ေျပာင္းခဲ့သူျဖစ္ပါတယ္။

သူဟာခရစၥတယ္ပဲေလ့စ္အတြက္၁၆၈ပြဲကစားကာ၁၃ဂိုးသြင္းယူေပးခဲ့ပါတယ္။