တပ်ကအာဏာသိမ်းရန်ကြိုးပမ်းစဉ် ဂီနီမှ ထွက်ပြေးနိုင်ခဲ့တဲ့ လီဗာပူးစတားနာဘီကီတာ

နာဘီကီတာဟာဂီနီစစ်တပ်ကနိုင်ငံတော်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်ကာမြို့တော်ကိုနာကီတွင်ပစ်ခတ်မှုများဖြစ်ပြီးနောက်ဂီနီမှထွက်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။

လီဗာပူးစတားနှင့်ဂီနီလက်ရွေးစင်ကစားသမားများဟာပြီးခဲ့တဲ့တနင်္လာနေ့တုန်းကမော်ရိုကိုနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်မီနိုင်ငံတော်အာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်ကာလအတွင်းတွင်ဟိုတယ်အတွင်းတွင်ပိတ်မိနေခဲ့ကြပါတယ်။

စစ်တပ်ဟာဂီနီသမ္မတကိုထိန်းသိမ်းမှုပြုလုပ်ပြီးအစိုးရအဖွဲ့ကိုဖြုတ်ချကာနယ်စပ်ကိုလည်းပိတ်ချခဲ့ပါတယ်။

ဂီနီနှင့်မော်ရိုကိုတို့ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့်ကိုနာကီတွင်ပစ်ခတ်မှုများရှိခဲ့ကာပွဲကိုလည်းရွှေ့ဆိုင်းခဲ့ပါတယ်။

ကစားသမားများဟာလုံခြုံရေးဘေးကင်းစွာဘဲလေဆိပ်သို့သွားရောက်နိုင်ခဲ့ပြီးပြည်ပသို့ထွက်ခွာနိုင်ခဲ့ပါတယ်။

မော်ရိုကိုကစားသမားများဟာလည်းဥရောပသို့ဘေးကင်းစွာထွက်ခွာခဲ့ကြသလိုနာဘီးကီတာမှာလည်းဘေးကင်းစွာဖြင့်ဥရောပသို့ထွက်ခွာနိုင်ခဲ့ပါတယ်။

လီဗာပူးကလည်းကီတာမှာဘေးကင်းရာသို့ရောက်ရှိနေပြီဖြစ်ကြောင်းအတည်ပြုသွားပါတယ်။

လက်ရှိအချိန်တွင်ဂီနီကာကွယ်ရေးဝန်ကြီးဌာနကနိုင်ငံအာဏာသိမ်းရန်ကြိုးပမ်းမှုအားရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်းကြေညာထားပါတယ်။

မော်ရိုကိုနည်းပြဟာလီဟိုဇစ်က “အဲဒီတုန်းကကျွန်တော်တို့ဟိုတယ်မှာပါ။သေနတ်သံတွေတချိန်လုံးအနီးကပ်ကြားနေခဲ့ရတယ်။လေဆိပ်သို့ထွက်ခွာဖို့ခွင့်ပြုချက်စောင့်ဆိုင်းနေခဲ့ကြတယ်။ဒါပေမယ့်ဒီအတိုင်းဘဲစောင့်နေခဲ့ရတယ်။လေယာဉ်တစ်စင်းကလည်းစောင့်ဆိုင်းနေခဲ့တယ်။ဒါပေမယ့်ထွက်ခွာခွင့်မရဘူး။လေဆိပ်သို့သွားဖို့အတွက်အချိန်၄၅မိနစ်ကနေ၁နာရီလောက်အထိစောင့်နေခဲ့ရတယ်။အပြင်ဘက်ကသေနတ်သံတွေဒီအတိုင်းကြားနေရတော့အပြင်ဘက်မှာတော့ရာနှုန်းပြည့်အာမခံချက်မရှိဘူး”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

တပ္ကအာဏာသိမ္းရန္ႀကိဳးပမ္းစဥ္ ဂီနီမွ ထြက္ေျပးႏိုင္ခဲ့တဲ့ လီဗာပူးစတားနာဘီကီတာ

နာဘီကီတာဟာဂီနီစစ္တပ္ကႏိုင္ငံေတာ္အာဏာသိမ္းရန္ႀကိဳးပမ္းမႈျဖစ္ကာၿမိဳ႕ေတာ္ကိုနာကီတြင္ပစ္ခတ္မႈမ်ားျဖစ္ၿပီးေနာက္ဂီနီမွထြက္ခြာႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

လီဗာပူးစတားႏွင့္ဂီနီလက္ေ႐ြးစင္ကစားသမားမ်ားဟာၿပီးခဲ့တဲ့တနလၤာေန႔တုန္းကေမာ္႐ိုကိုႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမတိုင္မီႏိုင္ငံေတာ္အာဏာသိမ္းရန္ႀကိဳးပမ္းမႈျဖစ္စဥ္ကာလအတြင္းတြင္ဟိုတယ္အတြင္းတြင္ပိတ္မိေနခဲ့ၾကပါတယ္။

စစ္တပ္ဟာဂီနီသမၼတကိုထိန္းသိမ္းမႈျပဳလုပ္ၿပီးအစိုးရအဖြဲ႕ကိုျဖဳတ္ခ်ကာနယ္စပ္ကိုလည္းပိတ္ခ်ခဲ့ပါတယ္။

ဂီနီႏွင့္ေမာ္႐ိုကိုတို႔ကမာၻ႔ဖလားေျခစစ္ပြဲကစားမယ့္ကိုနာကီတြင္ပစ္ခတ္မႈမ်ားရွိခဲ့ကာပြဲကိုလည္းေ႐ႊ႕ဆိုင္းခဲ့ပါတယ္။

ကစားသမားမ်ားဟာလုံၿခဳံေရးေဘးကင္းစြာဘဲေလဆိပ္သို႔သြားေရာက္ႏိုင္ခဲ့ၿပီးျပည္ပသို႔ထြက္ခြာႏိုင္ခဲ့ပါတယ္။

ေမာ္႐ိုကိုကစားသမားမ်ားဟာလည္းဥေရာပသို႔ေဘးကင္းစြာထြက္ခြာခဲ့ၾကသလိုနာဘီးကီတာမွာလည္းေဘးကင္းစြာျဖင့္ဥေရာပသို႔ထြက္ခြာႏိုင္ခဲ့ပါတယ္။

လီဗာပူးကလည္းကီတာမွာေဘးကင္းရာသို႔ေရာက္ရွိေနၿပီျဖစ္ေၾကာင္းအတည္ျပဳသြားပါတယ္။

လက္ရွိအခ်ိန္တြင္ဂီနီကာကြယ္ေရးဝန္ႀကီးဌာနကႏိုင္ငံအာဏာသိမ္းရန္ႀကိဳးပမ္းမႈအားရပ္ဆိုင္းလိုက္ၿပီျဖစ္ေၾကာင္းေၾကညာထားပါတယ္။

ေမာ္႐ိုကိုနည္းျပဟာလီဟိုဇစ္က “အဲဒီတုန္းကကြၽန္ေတာ္တို႔ဟိုတယ္မွာပါ။ေသနတ္သံေတြတခ်ိန္လုံးအနီးကပ္ၾကားေနခဲ့ရတယ္။ေလဆိပ္သို႔ထြက္ခြာဖို႔ခြင့္ျပဳခ်က္ေစာင့္ဆိုင္းေနခဲ့ၾကတယ္။ဒါေပမယ့္ဒီအတိုင္းဘဲေစာင့္ေနခဲ့ရတယ္။ေလယာဥ္တစ္စင္းကလည္းေစာင့္ဆိုင္းေနခဲ့တယ္။ဒါေပမယ့္ထြက္ခြာခြင့္မရဘူး။ေလဆိပ္သို႔သြားဖို႔အတြက္အခ်ိန္၄၅မိနစ္ကေန၁နာရီေလာက္အထိေစာင့္ေနခဲ့ရတယ္။အျပင္ဘက္ကေသနတ္သံေတြဒီအတိုင္းၾကားေနရေတာ့အျပင္ဘက္မွာေတာ့ရာႏႈန္းျပည့္အာမခံခ်က္မရွိဘူး”လို႔ေျပာၾကားခဲ့ပါတယ္။