တပ်ကအာဏာသိမ်းမှုကြောင့် ဂီနီနှင့်မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကိုရွှေ့ဆိုင်းလိုက်ရ

ဂီနီရဲ့မော်ရိုကိုအသင်းနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲမှာစစ်တပ်ကအာဏာသိမ်းလိုက်မှုနဲ့အတူရွှေ့ဆိုင်းခဲ့ရပါတယ်။

မော်ရိုကိုစတားများဟာယနေ့တွင်ကစားရမယ့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရန်အတွက်အနောက်အာဖရိကနိုင်ငံ ဂီနီသို့ရောက်လာခဲ့ပါတယ်။

ဒါပေမယ့်ဂီနီရဲ့မြို့တော်ကိုနာကီတွင်သေနတ်ပစ်ဖောက်များအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ဂီနီနှင့်မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကိုကိုနာကီတွင်ကစားရန်စီစဉ်ထားတာဖြစ်ပြီးစစ်တပ်ကအာဏာသိမ်းလိုက်မှုနဲ့အတူခြေစစ်ပွဲကိုလည်းရွှေ့ဆိုင်းလိုက်ပါတယ်။

မော်ရိုကိုကစားသမားများဟာအသင်းတည်းခိုရာဟိုတယ်တွင်စိုးရိမ်ကြောက်လန့်စွာဖြင့်နေထိုင်ခဲ့ရပြီးနောက်ဆုံးတွင်အာဏာသိမ်းစစ်တပ်မှတာဝန်ရှိသူများရောက်လာကာလေဆိပ်သို့ပို့ဆောင်ပေးပြီးနိုင်ငံမှထွက်ခွာစေခဲ့ပါတယ်။

စစ်တပ်ဟာအာဏာသိမ်းပြီးနောက်နိုင်ငံပိုင်ရုပ်သံလိုင်းလည်းထိန်းချုပ်မှုပြုလုပ်ခဲ့ပြီးနယ်စပ်ဂိတ်ကိုလည်းပိတ်ခဲ့ပါတယ်။

ZawGyi

တပ်ကအာဏာသိမ်းမှုကြောင့် ဂီနီနှင့်မော်ရိုကိုတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲကိုရွှေ့ဆိုင်းလိုက်ရ

ဂီနီရဲ႕ေမာ္႐ိုကိုအသင္းႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲမွာစစ္တပ္ကအာဏာသိမ္းလိုက္မႈနဲ႔အတူေ႐ႊ႕ဆိုင္းခဲ့ရပါတယ္။

ေမာ္႐ိုကိုစတားမ်ားဟာယေန႔တြင္ကစားရမယ့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲကစားရန္အတြက္အေနာက္အာဖရိကႏိုင္ငံ ဂီနီသို႔ေရာက္လာခဲ့ပါတယ္။

ဒါေပမယ့္ဂီနီရဲ႕ၿမိဳ႕ေတာ္ကိုနာကီတြင္ေသနတ္ပစ္ေဖာက္မ်ားအႀကီးအက်ယ္ျဖစ္ခဲ့ပါတယ္။ဂီနီႏွင့္ေမာ္႐ိုကိုတို႔ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲကိုကိုနာကီတြင္ကစားရန္စီစဥ္ထားတာျဖစ္ၿပီးစစ္တပ္ကအာဏာသိမ္းလိုက္မႈနဲ႔အတူေျခစစ္ပြဲကိုလည္းေ႐ႊ႕ဆိုင္းလိုက္ပါတယ္။

ေမာ္႐ိုကိုကစားသမားမ်ားဟာအသင္းတည္းခိုရာဟိုတယ္တြင္စိုးရိမ္ေၾကာက္လန႔္စြာျဖင့္ေနထိုင္ခဲ့ရၿပီးေနာက္ဆုံးတြင္အာဏာသိမ္းစစ္တပ္မွတာဝန္ရွိသူမ်ားေရာက္လာကာေလဆိပ္သို႔ပို႔ေဆာင္ေပးၿပီးႏိုင္ငံမွထြက္ခြာေစခဲ့ပါတယ္။

စစ္တပ္ဟာအာဏာသိမ္းၿပီးေနာက္ႏိုင္ငံပိုင္႐ုပ္သံလိုင္းလည္းထိန္းခ်ဳပ္မႈျပဳလုပ္ခဲ့ၿပီးနယ္စပ္ဂိတ္ကိုလည္းပိတ္ခဲ့ပါတယ္။