တယ်ရီကို ခန့်အပ်ရန် စိတ်ဝင်စားခြင်းမရှိဘဲ ဂျရတ်နှင့်မာတီနက်ဇ်ကိုသာ ပစ်မှတ်ထားနေတဲ့ ဗီလာ

ဗီလာဟာမနေ့ညတုန်းကရာထူးမှထုတ်ပယ်လိုက်တဲ့ဒိန်းစမစ်နေရာတွင်အစားထိုးခန့်အပ်ရန်လျာထားစာရင်းတွင်ရောဘတ်မာတီနက်ဇ်နှင့်စတီဗင်ဂျရတ်တို့ကိုထည့်သွင်းထားကြောင်းသိရပါတယ်။

ဗီလာဟာတနင်္ဂနွေနေ့တုန်းကပရီးမီးယားလိဂ်ငါးပွဲဆက်ရှုံးပွဲနှင့်ကြုံထားရတဲ့နည်းပြဒိန်းစမစ်ကိုရာထူးမှထုတ်ပယ်ခဲ့ပါတယ်။

ဗီလာစီအီးအိုခရစ္စတီယန်ပေါလ်စလိုဟာသောကြာနေ့တုန်းကဆောက်သမ်တန်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဒိန်းစမစ်နှင့်တွေ့ဆုံဆွေးနွေးမှုပြုလုပ်ကာရာထူးမှထုတ်ပယ်လိုက်တာလည်းဖြစ်ပါတယ်။

ဗီလာရဲ့နည်းပြပစ်မှတ်စာရင်းတွင်ဆောက်သမ်တန်နည်းပြဟာဆန်ဟတ်နှင့်ဒိန်းမတ်လက်ရွေးစင်အသင်းနည်းပြကက်စ်ပါဟူမန်းတို့လည်းပါဝင်နေပါတယ်။

ဗီလာဟာအသင်းကိုဥရောပအဆင့်သို့အထိတက်လှမ်းအောင်လုပ်ဆောင်ပေးနိုင်မယ့်ရည်မှန်းချက်ကြီးမားတဲ့နည်းပြကိုခန့်အပ်လိုနေတာဖြစ်ပြီး ဒိန်းစမစ်ရဲ့လက်ထောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဂျွန်တယ်ရီကို အတွေ့အကြုံနည်းပါးမှုကြောင့်ခန့်အပ်လိုခြင်းမရှိပါဘူး။

လက်ရှိအချိန်တွင် ဗီလာဟာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၁၆နေရာတွင်ရပ်တည်နေပြီးတန်းဆင်းဇုန်နှင့်ရမှတ်၂မှတ်တည်းသာကွာဟနေပါတယ်။

ဗီလာဟာဘယ်လ်ဂျီယံနည်းပြမာတီနက်ဇ်နှင့်ရိန်းဂျားနည်းပြစတီဗင်ဂျရတ်တို့အားခန့်အပ်ရန်အဓိကပစ်မှတ်ထားနေမှုနဲ့အတူဆွေးနွေးမှုပြုလုပ်နိုင်ရေးကြိုးပမ်းနေပါတယ်။

ဒါပေမယ့်ယင်းနည်းပြနှစ်ဦးတို့မှာသက်ဆိုင်ရာအသင်းအသီးသီးတွင်ပျော်ရွှင်လျက်ရှိရာခန့်အပ်နိုင်ရန်ခက်ခဲတဲ့အနေအထားမျိုးမှာရှိပါတယ်။

ဗီလာအားကစားဒါရိုက်တာဂျိုဟန်လန်ဂီဟာ၎င်းတို့နှစ်ဦးမှတစ်ဦးဦးကိုခန့်အပ်နိုင်ခြင်းမရှိပါကဒိန်းမတ်နည်းပြဟူမန်း(သို့မဟုတ်)ဘရန့်ဖို့ဒ်နည်းပြသောမတ်စ်ဖရန့်ကိုခန့်အပ်နိုင်ရေးကြိုးပမ်းရန်စီစဉ်နေပါတယ်။

ZawGyi

တယ္ရီကို ခန႔္အပ္ရန္ စိတ္ဝင္စားျခင္းမရွိဘဲ ဂ်ရတ္ႏွင့္မာတီနက္ဇ္ကိုသာ ပစ္မွတ္ထားေနတဲ့ ဗီလာ

ဗီလာဟာမေန႔ညတုန္းကရာထူးမွထုတ္ပယ္လိုက္တဲ့ဒိန္းစမစ္ေနရာတြင္အစားထိုးခန႔္အပ္ရန္လ်ာထားစာရင္းတြင္ေရာဘတ္မာတီနက္ဇ္ႏွင့္စတီဗင္ဂ်ရတ္တို႔ကိုထည့္သြင္းထားေၾကာင္းသိရပါတယ္။

ဗီလာဟာတနဂၤေႏြေန႔တုန္းကပရီးမီးယားလိဂ္ငါးပြဲဆက္ရႈံးပြဲႏွင့္ႀကဳံထားရတဲ့နည္းျပဒိန္းစမစ္ကိုရာထူးမွထုတ္ပယ္ခဲ့ပါတယ္။

ဗီလာစီအီးအိုခရစၥတီယန္ေပါလ္စလိုဟာေသာၾကာေန႔တုန္းကေဆာက္သမ္တန္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဒိန္းစမစ္ႏွင့္ေတြ႕ဆုံေဆြးေႏြးမႈျပဳလုပ္ကာရာထူးမွထုတ္ပယ္လိုက္တာလည္းျဖစ္ပါတယ္။

ဗီလာရဲ႕နည္းျပပစ္မွတ္စာရင္းတြင္ေဆာက္သမ္တန္နည္းျပဟာဆန္ဟတ္ႏွင့္ဒိန္းမတ္လက္ေ႐ြးစင္အသင္းနည္းျပကက္စ္ပါဟူမန္းတို႔လည္းပါဝင္ေနပါတယ္။

ဗီလာဟာအသင္းကိုဥေရာပအဆင့္သို႔အထိတက္လွမ္းေအာင္လုပ္ေဆာင္ေပးႏိုင္မယ့္ရည္မွန္းခ်က္ႀကီးမားတဲ့နည္းျပကိုခန႔္အပ္လိုေနတာျဖစ္ၿပီး ဒိန္းစမစ္ရဲ႕လက္ေထာက္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ဂြၽန္တယ္ရီကို အေတြ႕အႀကဳံနည္းပါးမႈေၾကာင့္ခန႔္အပ္လိုျခင္းမရွိပါဘူး။

လက္ရွိအခ်ိန္တြင္ ဗီလာဟာပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၁၆ေနရာတြင္ရပ္တည္ေနၿပီးတန္းဆင္းဇုန္ႏွင့္ရမွတ္၂မွတ္တည္းသာကြာဟေနပါတယ္။

ဗီလာဟာဘယ္လ္ဂ်ီယံနည္းျပမာတီနက္ဇ္ႏွင့္ရိန္းဂ်ားနည္းျပစတီဗင္ဂ်ရတ္တို႔အားခန႔္အပ္ရန္အဓိကပစ္မွတ္ထားေနမႈနဲ႔အတူေဆြးေႏြးမႈျပဳလုပ္ႏိုင္ေရးႀကိဳးပမ္းေနပါတယ္။

ဒါေပမယ့္ယင္းနည္းျပႏွစ္ဦးတို႔မွာသက္ဆိုင္ရာအသင္းအသီးသီးတြင္ေပ်ာ္႐ႊင္လ်က္ရွိရာခန႔္အပ္ႏိုင္ရန္ခက္ခဲတဲ့အေနအထားမ်ိဳးမွာရွိပါတယ္။

ဗီလာအားကစားဒါ႐ိုက္တာဂ်ိဳဟန္လန္ဂီဟာ၎တို႔ႏွစ္ဦးမွတစ္ဦးဦးကိုခန႔္အပ္ႏိုင္ျခင္းမရွိပါကဒိန္းမတ္နည္းျပဟူမန္း(သို႔မဟုတ္)ဘရန႔္ဖို႔ဒ္နည္းျပေသာမတ္စ္ဖရန႔္ကိုခန႔္အပ္ႏိုင္ေရးႀကိဳးပမ္းရန္စီစဥ္ေနပါတယ္။