တရုတ်ကလပ် ဒါလီယန်မှ ဘင်နီတက်ဇ် နုတ်ထွက်မှုနဲ့အတူ လမ်းပတ်နဲ့ စတိဗ်ဘရုစ် ဖိအားမြင့်မားလာ

ရာဖေးလ်ဘင်နီတက်ဇ်ဟာဒါလီယန်ပရော်ဖက်ရှင်နယ်အသင်းနည်းပြရာထူးမှနုတ်ထွက်လာမှုနဲ့အတူ သူ့အသင်း ဟောင်းနှစ်သင်းမှနည်းပြများဖိအားများပိုမိုကျရောက်လာပါတယ်။

အသက်၆၀နှစ်ရှိနယူးကာဆယ်နည်းပြဟောင်းဟာတရုတ်ကလပ်တွင်တစ်နှစ်လုပ်ခပေါင်၁၂သန်းအထိရရှိနေသော် လည်းမိသားစုအကြောင်းပြချက်ဖြင့်နည်းပြရာထူးမှနုတ်ထွက်လာခဲ့တာလည်းဖြစ်ပါတယ်။

ယင်းသို့နုတ်ထွက်မှုနဲ့အတူ နယူးကာဆယ်နည်းပြစတိဗ်ဘရုစ်နှင့်ချဲလ်ဆီးနည်းပြဖရန့်လမ်းပတ်တို့မှာဖိအားများပို မိုကြုံလာရပါတယ်။

ဘင်နီတက်ဇ်ရဲ့မိသားစုဟာယခုတိုင်အင်္ဂလန်အရှေ့မြောက်ပိုင်းတွင်အခြေချနေထိုင်နေဆဲဖြစ်ပါတယ်။စပိန်လူမျိုး နည်းပြဟာ၂၀၁၉ခုနှစ်၊ဇူလိုင်လမှာနယူးကာဆယ်နှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက်တရုတ်သို့ပြောင်းခဲ့ပါတယ်။

သူ့နေရာကိုဆက်ခံတဲ့စတိဗ်ဘရုစ်ဟာရလဒ်နှင့်ခြေစွမ်းဆိုးရွားမှုနဲ့အတူရာထူးမှအထုတ်ခံရရန်ရေပန်းစားနေသလို ပရိသတ်များကလည်းဘင်နီတက်ဇ်ကိုခန့်အပ်ရန်တောင်းဆိုလာကြပါတယ်။

ဒါ့အပြင်ဖရန့်လမ်းပတ်မှာလည်းနောက်ဆုံးပရီးမီးယားလိဂ်၈ပွဲတွင်၅ပွဲရှုံးနိမ့်ထားမှုနဲ့အတူဖိအားများနှင့်ကြုံတွေ့နေရပါတယ်။

ZawGyi

တ႐ုတ္ကလပ္ ဒါလီယန္မွ ဘင္နီတက္ဇ္ ႏုတ္ထြက္မႈနဲ႔အတူ လမ္းပတ္နဲ႔ စတိဗ္ဘ႐ုစ္ ဖိအားျမင့္မားလာ

ရာေဖးလ္ဘင္နီတက္ဇ္ဟာဒါလီယန္ပေရာ္ဖက္ရွင္နယ္အသင္းနည္းျပရာထူးမွႏုတ္ထြက္လာမႈနဲ႔အတူ သူ႔အသင္း ေဟာင္းႏွစ္သင္းမွနည္းျပမ်ားဖိအားမ်ားပိုမိုက်ေရာက္လာပါတယ္။

အသက္၆၀ႏွစ္ရွိနယူးကာဆယ္နည္းျပေဟာင္းဟာတ႐ုတ္ကလပ္တြင္တစ္ႏွစ္လုပ္ခေပါင္၁၂သန္းအထိရရွိေနေသာ္ လည္းမိသားစုအေၾကာင္းျပခ်က္ျဖင့္နည္းျပရာထူးမွႏုတ္ထြက္လာခဲ့တာလည္းျဖစ္ပါတယ္။

ယင္းသို႔ႏုတ္ထြက္မႈနဲ႔အတူ နယူးကာဆယ္နည္းျပစတိဗ္ဘ႐ုစ္ႏွင့္ခ်ဲလ္ဆီးနည္းျပဖရန႔္လမ္းပတ္တို႔မွာဖိအားမ်ားပို မိုႀကဳံလာရပါတယ္။

ဘင္နီတက္ဇ္ရဲ႕မိသားစုဟာယခုတိုင္အဂၤလန္အေရွ႕ေျမာက္ပိုင္းတြင္အေျခခ်ေနထိုင္ေနဆဲျဖစ္ပါတယ္။စပိန္လူမ်ိဳး နည္းျပဟာ၂၀၁၉ခုႏွစ္၊ဇူလိုင္လမွာနယူးကာဆယ္ႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးေနာက္တ႐ုတ္သို႔ေျပာင္းခဲ့ပါတယ္။

သူ႔ေနရာကိုဆက္ခံတဲ့စတိဗ္ဘ႐ုစ္ဟာရလဒ္ႏွင့္ေျခစြမ္းဆိုး႐ြားမႈနဲ႔အတူရာထူးမွအထုတ္ခံရရန္ေရပန္းစားေနသလို ပရိသတ္မ်ားကလည္းဘင္နီတက္ဇ္ကိုခန႔္အပ္ရန္ေတာင္းဆိုလာၾကပါတယ္။

ဒါ့အျပင္ဖရန႔္လမ္းပတ္မွာလည္းေနာက္ဆုံးပရီးမီးယားလိဂ္၈ပြဲတြင္၅ပြဲရႈံးနိမ့္ထားမႈနဲ႔အတူဖိအားမ်ားႏွင့္ႀကဳံေတြ႕ေနရပါတယ္။