တရုတ်တွင် ဘယ်လိဂ်၊ဘယ်ကလပ်နှင့်ဘယ်ကစားသမားတို့က လူကြိုက်အများဆုံးလဲ?

တရုတ်တွင်ပရီးမီးယားလိဂ်ပွဲစဉ်များကိုထုတ်လွှင့်ပြသခြင်းမရှိတော့ပေမယ့်လည်းပရီးမီးယားလိဂ်ကတော့ တရုတ်မှာလူကြိုက်အများဆုံးလိဂ်အဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ဟာရုပ်သံလွှင့်ခကြွေးကျန်မပေးမှုအတွက်တရုတ်တွင်ပရီးမီးယားလိဂ်ပွဲစဉ်များထုတ်လွှင့်ပြသခွင့် အားရုတ်သိမ်းထားမှုနဲ့အတူအခုအချိန်မှာပရီးမီးယားလိဂ်ပွဲစဉ်များကိုမပြသပါဘူး။

ဒါပေမယ့်လည်းပရီးမီးယားလိဂ်ဟာတရုတ်တွင်လူကြိုက်အများဆုံးလိဂ်အဖြစ်ရပ်တည်နေဆဲဖြစ်ကြောင်း South China Morning Post က ဖော်ပြလာပါတယ်။

ပရီးမီးယားလိဂ်ဟာလာလီဂါကိုကျော်ဖြတ်ပြီးတရုတ်တွင်လူကြိုက်အများဆုံးလိဂ်အဖြစ်ရပ်တည်နေတာပါ။ပရီးမီးယားလိဂ်ကိုကြိုက်နှစ်သက်တဲ့နှုန်းကလာလီဂါကိုကြိုက်နှစ်သက်တဲ့လူထက်နှစ်ဆပိုများပါတယ်။

ဒါပေမယ့်တရုတ်မှာလူကြိုက်အများဆုံးကစားသမားအဖြစ်ပရီးမီးယားလိဂ်ကစားသမားရပ်တည်နေခြင်းမရှိပါဘူး။ ထုံးစံအတိုင်းခရစ္စတီယာနိုရော်နယ်ဒိုကဘဲလူကြိုက်အများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။ရော်နယ်ဒိုဟာအင်စတာဂရမ်မှာလည်း Follower အများဆုံးအဖြစ်ရပ်တည်နေသူပါ။အသက်၃၅နှစ်ရှိကစားသမားဟာWeibo မှာလည်းနေမာထက် Follower ငါးဆအထိမြင့်မားပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာကတော့တရုတ်မှာလူကြိုက်အများဆုံးကစားသမားအဖြစ် မန်ယူနှင့်ရီရဲလ်မက်ဒရစ်စူပါစ တားဟောင်းဒေးဗစ်ဘက်ဟမ်းကရပ်တည်နေတာဖြစ်ပါတယ်။ဘက်ဟမ်းဟာကစားသမားဘဝမှအနားယူထားတာ ကြာမြင့်ပြီဖြစ်ပေမယ့်တရုတ်မှာယခုတိုင်လူကြိုက်များတုန်းပါ။

တတိယနေရာမှာပီအက်စ်ဂျီစတားနေမာကရပ်တည်နေပါတယ်။အံ့ဩစရာကောင်းတာကတော့မန်ယူတိုက်စစ်မှူး အန်တိုနီမာရှယ်ကမက်ဆီကိုကျော်ဖြတ်ပြီးတရုတ်မှာလူကြိုက်အများဆုံးစတုတ္ထကစားသမားအဖြစ်ရပ်တည်နေတာပါ။

တရုတ်တွင်လူကြိုက်အများဆုံးကလပ်အဖြစ်ဘာစီလိုနာကရပ်တည်နေပြီးသူ့နောက်မှာရီးရဲလ်မက်ဒရစ်နှင့်ချဲလ်ဆီးတို့ရပ်တည်နေပါတယ်။၊ချန်ပီယံလိဂ်ဘိုင်ယန်မြူးနစ်နှင့်လီဗာပူးတို့ကလည်းတရုတ်တွင်လူကြိုက်အများဆုံး ထိပ်သီးကလပ်ငါးခုစာရင်းမှာပါဝင်ပါတယ်။

ZawGyi

တ႐ုတ္တြင္ ဘယ္လိဂ္၊ဘယ္ကလပ္ႏွင့္ဘယ္ကစားသမားတို႔က လူႀကိဳက္အမ်ားဆုံးလဲ?

တ႐ုတ္တြင္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားကိုထုတ္လႊင့္ျပသျခင္းမရွိေတာ့ေပမယ့္လည္းပရီးမီးယားလိဂ္ကေတာ့ တ႐ုတ္မွာလူႀကိဳက္အမ်ားဆုံးလိဂ္အျဖစ္ရပ္တည္ေနဆဲျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ဟာ႐ုပ္သံလႊင့္ခေႂကြးက်န္မေပးမႈအတြက္တ႐ုတ္တြင္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားထုတ္လႊင့္ျပသခြင့္ အား႐ုတ္သိမ္းထားမႈနဲ႔အတူအခုအခ်ိန္မွာပရီးမီးယားလိဂ္ပြဲစဥ္မ်ားကိုမျပသပါဘူး။

ဒါေပမယ့္လည္းပရီးမီးယားလိဂ္ဟာတ႐ုတ္တြင္လူႀကိဳက္အမ်ားဆုံးလိဂ္အျဖစ္ရပ္တည္ေနဆဲျဖစ္ေၾကာင္း South China Morning Post က ေဖာ္ျပလာပါတယ္။

ပရီးမီးယားလိဂ္ဟာလာလီဂါကိုေက်ာ္ျဖတ္ၿပီးတ႐ုတ္တြင္လူႀကိဳက္အမ်ားဆုံးလိဂ္အျဖစ္ရပ္တည္ေနတာပါ။ပရီးမီးယားလိဂ္ကိုႀကိဳက္ႏွစ္သက္တဲ့ႏႈန္းကလာလီဂါကိုႀကိဳက္ႏွစ္သက္တဲ့လူထက္ႏွစ္ဆပိုမ်ားပါတယ္။

ဒါေပမယ့္တ႐ုတ္မွာလူႀကိဳက္အမ်ားဆုံးကစားသမားအျဖစ္ပရီးမီးယားလိဂ္ကစားသမားရပ္တည္ေနျခင္းမရွိပါဘူး။ ထုံးစံအတိုင္းခရစၥတီယာႏိုေရာ္နယ္ဒိုကဘဲလူႀကိဳက္အမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။ေရာ္နယ္ဒိုဟာအင္စတာဂရမ္မွာလည္း Follower အမ်ားဆုံးအျဖစ္ရပ္တည္ေနသူပါ။အသက္၃၅ႏွစ္ရွိကစားသမားဟာWeibo မွာလည္းေနမာထက္ Follower ငါးဆအထိျမင့္မားပါတယ္။

စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့တ႐ုတ္မွာလူႀကိဳက္အမ်ားဆုံးကစားသမားအျဖစ္ မန္ယူႏွင့္ရီရဲလ္မက္ဒရစ္စူပါစ တားေဟာင္းေဒးဗစ္ဘက္ဟမ္းကရပ္တည္ေနတာျဖစ္ပါတယ္။ဘက္ဟမ္းဟာကစားသမားဘဝမွအနားယူထားတာ ၾကာျမင့္ၿပီျဖစ္ေပမယ့္တ႐ုတ္မွာယခုတိုင္လူႀကိဳက္မ်ားတုန္းပါ။

တတိယေနရာမွာပီအက္စ္ဂ်ီစတားေနမာကရပ္တည္ေနပါတယ္။အံ့ဩစရာေကာင္းတာကေတာ့မန္ယူတိုက္စစ္မႉး အန္တိုနီမာရွယ္ကမက္ဆီကိုေက်ာ္ျဖတ္ၿပီးတ႐ုတ္မွာလူႀကိဳက္အမ်ားဆုံးစတုတၳကစားသမားအျဖစ္ရပ္တည္ေနတာပါ။

တ႐ုတ္တြင္လူႀကိဳက္အမ်ားဆုံးကလပ္အျဖစ္ဘာစီလိုနာကရပ္တည္ေနၿပီးသူ႔ေနာက္မွာရီးရဲလ္မက္ဒရစ္ႏွင့္ခ်ဲလ္ဆီးတို႔ရပ္တည္ေနပါတယ္။၊ခ်န္ပီယံလိဂ္ဘိုင္ယန္ျမဴးနစ္ႏွင့္လီဗာပူးတို႔ကလည္းတ႐ုတ္တြင္လူႀကိဳက္အမ်ားဆုံး ထိပ္သီးကလပ္ငါးခုစာရင္းမွာပါဝင္ပါတယ္။