တာလီဘန်လက်မှထွက်ပြေးနေတဲ့ အာဖကန်အမျိုးသမီးဘောလုံးသမားများကို ကူညီရန် လိဒ်ကြိုးပမ်းနေ

လိဒ်ယူနိုက်တက်ဟာတာလီဘန်တို့ရဲ့လက်မှထွက်ပြေးနေတဲ့အာဖကန်အမျိုးသမီးဘောလုံးအသင်းမှအမျိုးသမီးကစားသမားများကိုလူသားခြင်းစာနာထောက်ထားတဲ့အနေဖြင့်ခိုလှုံရာပေးနိုင်ရေးမျှော်လင့်နေပါတယ်။

လိဒ်ယူနိုက်တက်ဟာ Football for Peace ၊ROKiT တို့နှင့်ပူးပေါင်းကာ အာဖရိကအမျိုးသမီးဘောလုံးကစားသမားများကိုဒုက္ခသည်အဖြစ်နိုင်ငံတွင်ခိုလှုံခွင့်ပေးရန် ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ထံအကူအညီတောင်းလိုက်တာလည်းဖြစ်ပါတယ်။

အာဖရိကအမျိုးသမီးအသင်းများမှကစားသမား၃၂ဦးတို့နှင့်၎င်းတို့ရဲ့မိသားစုများ၊နည်းပြများဟာအာဖရိကန်နစ္စတန်ကိုတာလီဘန်တို့ကသိမ်းပိုက်လိုက်ပြီးနောက် အာဖကန်မှထွက်ပြေးလာခဲ့ပြီးပါကစ္စတန်နှင့်ခေတ္တခိုလှုံနေပါတယ်။ဒါပေမယ့်၎င်းတို့ဟာအာဖကန်သို့ပြန်မည်ဆိုပါကကန့်သတ်ချက်များစွာကြုံရကာအခက်အခဲများစွာကြုံလာရဖို့ရှိနေပါတယ်။

လိဒ်ယူနိုက်တက်ဟာအာဖကန်အမျိုးသမီးဘောလုံးကစားသမားများကိုဗြိတိန်အစိုးရကာခိုလှုံခွင့်ပေးလာပါက၎င်းတို့ရဲ့အနာဂတ်လှပရေးအတွက်အကူအညီများပေးသွားမည်ဖြစ်ကြောင်းကတိပြုထားပါတယ်။

အာဖကန်နစ္စတန်ကိုတာလီဘန်တို့ကပြန်လည်အုပ်စိုးထားပြီးအမျိုးသမီးများမှာရှရီယာဥပဒေကြောင့်အားကစားခွင့်ပြုခွင့်မရှိပါဘူး။၁၉၉၆မှ၂၀၀၁ခုနှစ်အထိအာဖကန်နစ္စတန်ကိုအုပ်စိုးခဲ့ဖူးတဲ့တာလီဘန်များဟာနိုင်ငံအတွင်းမှာနိုင်ငံခြားတပ်ဖွဲ့များရုတ်သိမ်းမှုနှင့်အတူပြန်လည်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။

ZawGyi





