ဒေးဗစ်ဘက်ဟမ်းဟာအင်္ဂလန်အသင်းရဲ့ကမ္ဘာ့ဖလားလေ့ကျင့်ရေးစခန်းသို့ရောက်ရှိခဲ့စဉ်အတွင်းထရန်းအလက်ဇန္ဒားအာနိုးကိုတိကျတဲ့ဖြတ်တင်ဘောနှင့်ဖရီးကစ်ဘယ်လိုကန်ရမလဲဆိုတာအကြံပေးမှုပြုလုပ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းဟာစနေနေ့တွင်ပြင်သစ်နှင့်ရင်ဆိုင်ကစားရမဲ့ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲမတိုင်မီ အင်္ဂလန်အသင်းသို့သွားရောက်လည်ပတ်ခဲ့ပါတယ်။
အင်္ဂလန်ဂန္ထဝင်ကစားသမားဟာအင်္ဂလန်အသင်းစခန်းသွင်းလေ့ကျင့်ရာသို့ရောက်နေစဉ်အတွင်းအင်္ဂလန်နှင့်လီဗာပူးညာနောက်ခံလူထရန်းအလက်ဇန္ဒားအာနိုးကိုအကြံပေးမှုအချို့ပြုလုပ်ခဲ့ပါတယ်။
အသက်၂၄နှစ်ရှိထရန်းအလက်ဇန္ဒားအာနိုးဟာတချိန်တုန်းကဒေးဗစ်ဘက်ဟမ်းကဲ့သို့ပင် ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံး ဖြတ်တင်ဘောနှင့်ဖရီးကစ်ကန်သူများစာရင်းတွင်ပါဝင်နေသူဖြစ်ပါတယ်။
ဒေးဗစ်ဘက်ဟမ်းက “မန်ချက်စတာယူနိုက်တက်မှာကစားတုန်းကငါ ရှေ့ကိုပြေးတက်သွားတာ၊ ညက်ညက်ညောညောကန်တာမြင်တုန်းကသူ့ပြောလေ့ရှိတာရှိတယ်။နောက်ကိုပြန်ခိုင်းတယ်။ငါလုပ်နေတာမှားမှန်းသူသိတယ်လေ။ဒါပေမဲ့ငါကတော့အဲဒီအတိုင်းပဲဆက်လုပ်တယ်။ဆက်တိုက်လုပ်တယ်။ဘယ်တော့မှမပြောင်းလဲခဲ့ဘူး”လို့ပြောကြားသွားပါတယ်။
လီဗာပူးစတားကဒေးဗစ်ဘက်ဟမ်းကိုဖရီးကစ်ကန်ရာတွင်မည်သည့်ဘက်သို့ကန်ရသည်ကိုသဘောကျသလဲလို့မေးမြန်းခဲ့ပါသေးတယ်။
ထိုအခါဒေးဗစ်ဘက်ဟမ်းက “နှစ်ဖက်လုံးကြိုက်တယ်။ဂိုးသမားလွတ်ထားတဲ့ဘက်ကိုပဲကန်ရတာမကြိုက်ပါဘူး။အန်ဖီးလ်မှာတုန်းကဂျာမို(ဒေးဗစ်ဂျိမ်းစ်)ကိုသွင်းခဲ့ဖူးတယ်။လူတံတိုင်းကျော်ပြီးအခြားတစ်ဖက်ကိုကန်လိုက်တာ။နှစ်ဖက်လုံးကြိုက်တယ်ဆိုတာပိုမှန်လိမ့်မယ်။ဆက်တိုက်ပေါ့။အရေးအကြီးဆုံးကလုပ်ရိုးလုပ်စဉ်နဲ့ထပ်ခါထပ်ခါလုပ်ဖို့ပါ။ဒီတော့အခုလုပ်နေကြတိုင်းလုပ်ဖို့အရေးအကြီးတယ်။အခုဖြတ်တင်ဘောအတိုင်းဆက်လုပ်နေဖို့ကအရေးအကြီးဆုံးပါ”လို့ပြောကြားသွားပါတယ်။
ထရန်းအလက်ဇန္ဒားအာနိုးဟာတိုက်စစ်ပိုင်းလိုက်ပါကစားရမှာကောင်းမွန်ပေမဲ့လည်း ခံစစ်ပိုင်းကိုကူညီရာမှာအားနည်းမှုနဲ့အတူ အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားပွဲစဉ်များတွင်၃၃မိနစ်တည်းသာကစားခွင့်ရထားပါတယ်။
ZawGyi
တိကျတဲ့ ဖြတ်တင်ဘောနှင့် ဖရီးကစ် ဘယ်လိုကန်ရမလဲ ထရန်းအလက်ဇန္ဒားအာနိုးကို ဒေးဗစ်ဘက်ဟမ်းအကြံပေးခဲ့