တိုက်ခေါင်မိုးမှန်ခန်းအတွက် တရားရင်ဆိုင်ရဖို့ရှိနေတဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာခွင့်ပြုချက်တစ်စုံတစ်ရာရယူခြင်းမရှိဘဲတိုက်ခေါင်မိုးမှန်ခန်းတည်ဆောက်မှုအတွက်စုံစမ်းစစ်ဆေးခံနေရပြီးတရားရင်ဆိုင်ရဖို့ရှိနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာလစ္စဘွန်းရှိသူ့ရဲ့ပေါင်၆.၅သန်းတန်၁၃လွှာတိုက်ရဲ့ခေါင်မိုးတွင်မြို့တော်ကောင်စီရဲ့ခွင့်ပြုချက်တစ်စုံတစ်ရာရယူခြင်းမရှိဘဲခေါင်းမိုးထပ်ရှုခင်းကြည့်မှန်ခန်းတည်ဆောက်ထားပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်ကဆိုရှယ်မီဒီယာမှာခေါင်းမိုးမှန်ခန်းနှင့်အပြင်ဘက်တို့ကိုရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်တစ်ခုတင်လိုက်ပြီးနောက်မြို့တော်ကောင်စီကအရေးယူရန်စီစဉ်လာရခြင်းလည်းဖြစ်ပါတယ်။

အကယ်၍ခရစ္စတီယာနိုရော်နယ်ဒိုဟာခွင့်ပြုချက်မရယူဘဲတည်ဆောက်ကြောင်းတွေ့ရှိပါကယင်းတည်ဆောက်ထားမှုကိုပြန်လည်ဖယ်ရှားပေးသွားရဖို့လည်းရှိနေပါတယ်။

လက်ရှိအချိန်မှာလစ္စဘွန်းကောင်စီကခရစ္စတီယာနိုရော်နယ်ဒိုဟာပေါင်၆.၅သန်းတန်၁၃လွှာတိုက်ကြီးအားပြောင်းလဲတည်ဆောက်ရေးအတွက်တစ်စုံတစ်ရာခွင့်ပြုချက်ရယူခဲ့ခြင်းမရှိကြောင်းအတည်ပြုထားပါတယ်။

ZawGyi

တိုက္ေခါင္မိုးမွန္ခန္းအတြက္ တရားရင္ဆိုင္ရဖို႔ရွိေနတဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခြင့္ျပဳခ်က္တစ္စုံတစ္ရာရယူျခင္းမရွိဘဲတိုက္ေခါင္မိုးမွန္ခန္းတည္ေဆာက္မႈအတြက္စုံစမ္းစစ္ေဆးခံေနရၿပီးတရားရင္ဆိုင္ရဖို႔ရွိေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလစၥဘြန္းရွိသူ႔ရဲ႕ေပါင္၆.၅သန္းတန္၁၃လႊာတိုက္ရဲ႕ေခါင္မိုးတြင္ၿမိဳ႕ေတာ္ေကာင္စီရဲ႕ခြင့္ျပဳခ်က္တစ္စုံတစ္ရာရယူျခင္းမရွိဘဲေခါင္းမိုးထပ္ရႈခင္းၾကည့္မွန္ခန္းတည္ေဆာက္ထားပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ကဆိုရွယ္မီဒီယာမွာေခါင္းမိုးမွန္ခန္းႏွင့္အျပင္ဘက္တို႔ကို႐ိုက္ကူးထားတဲ့ဗီဒီယိုဖိုင္တစ္ခုတင္လိုက္ၿပီးေနာက္ၿမိဳ႕ေတာ္ေကာင္စီကအေရးယူရန္စီစဥ္လာရျခင္းလည္းျဖစ္ပါတယ္။

အကယ္၍ခရစၥတီယာႏိုေရာ္နယ္ဒိုဟာခြင့္ျပဳခ်က္မရယူဘဲတည္ေဆာက္ေၾကာင္းေတြ႕ရွိပါကယင္းတည္ေဆာက္ထားမႈကိုျပန္လည္ဖယ္ရွားေပးသြားရဖို႔လည္းရွိေနပါတယ္။

လက္ရွိအခ်ိန္မွာလစၥဘြန္းေကာင္စီကခရစၥတီယာႏိုေရာ္နယ္ဒိုဟာေပါင္၆.၅သန္းတန္၁၃လႊာတိုက္ႀကီးအားေျပာင္းလဲတည္ေဆာက္ေရးအတြက္တစ္စုံတစ္ရာခြင့္ျပဳခ်က္ရယူခဲ့ျခင္းမရွိေၾကာင္းအတည္ျပဳထားပါတယ္။