တိုက်စစ်မှူးနေရာနှင့်ပတ်သက်ပြီး ရော်နယ်ဒိုနှင့် ဆိုးလ်ရှားသဘောထားကွဲလွဲမှုဖြစ်နေ

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူအတွက်ပထမဆုံးပွဲမကစားခင်မှာဘဲကစားရမယ့်နေရာနဲ့ပတ်သက်ပြီးမန်ယူနည်းပြဆိုးလ်ရှားနှင့်သဘောထားကွဲလွဲမှုဖြစ်နေပြီလို့ယုံကြည်ရပါတယ်။

ပေါ်တူဂီစူပါစတားဟာလာမယ့်တနင်္ဂနွေနေ့အိုးထရက်ဖို့ဒ်ကွင်းမှာနယူးကာဆယ်အားဧည့်ခံကစားရတဲ့ပွဲမှာမန်ယူအတွက်ပထမဆုံးပွဲကိုကစားသွားပါမယ်။

ဒါပေမယ့်ဝက်စ်ဟမ်းဂန္ထဝင်တိုက်စစ်မှူးဒီကာနီယိုကရော်နယ်ဒိုဟာမန်ယူမှာဗဟိုတိုက်စစ်မှူးနေရာမှာကစားဖို့ငြင်းဆန်လာမှာသေချာနေပြီးတောင်ပံတွင်ပင်ကစားဖို့တောင်းဆိုလာလိမ့်မယ်လို့ဆိုလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာစပို့တင်းလစ္စဘွန်းနှင့်မန်ယူတို့မှာတောင်ပံကစားသမားအဖြစ်ကစားခဲ့သူဖြစ်ပြီးရီးရဲလ်မက်ဒရစ်သို့ရောက်ချိန်မှာတိုက်စစ်မှူးအဖြစ်ပြောင်းကစားခဲ့ပါတယ်။

အသက်၃၆နှစ်ရှိရော်နယ်ဒိုဟာဂျူဗင်တပ်တွင်လည်းတိုက်စစ်မြှားဦးမှာကစားခဲ့ပါတယ်။ဒါပေမယ့်ဒီကာနီယိုကရော်နယ်ဒိုဟာတိုက်စစ်မြှားဦးမှာကစားဖို့ငြင်းဆန်လာမှာသေချာနေပြီးတောင်ပံမှာသာကစားဖို့တောင်းဆိုလာလိမ့်မယ်လို့ဆိုသွားပါတယ်။

ဒီကာနီယိုက “ရော်နယ်ဒိုဟာနည်းစနစ်ပိုင်းအဆင့်ကိုမြှင်တင်ပေးပါလိမ့်မယ်။ဒါပေမယ့်သူဟာတိုက်စစ်မှူးတွေအများကြီး၊တောင်ပံကစားသမားတွေအများကြီးရှိတဲ့အသင်းသို့ပြောင်းလာခဲ့တာပါ။ဆိုးလ်ရှားကသူ့ကိုအထောင်တိုက်စစ်မှူးအဖြစ်သုံးမယ်လို့ပြောထားပါတယ်။ဒါပေမယ့်ရော်နယ်ဒိုဟာဂျူဗင်တပ်မှာတုန်းကလည်းအဲဒီနေရာမှာမကစားချင်ခဲ့ပါဘူး။သူ့ကိုဘယ်ခြမ်းမှာဘဲထည့်ကာအသုံးပြုလာမယ်လို့ထင်တယ်။ဒါပေမဘ့်မန်ယူမှာဆန်ချိုအပါအဝင်နေရာတူကစားသမားတွေအများကြီးရှိနေပါတယ်”လို့ပြောကြားသွားပါတယ်။

ရော်နယ်ဒိုဟာအသင်းရဲ့ကစားကွက်အခင်းအကျင်းတွင်တောင်ပံတွင်နေရာချခြင်းခံရလေ့ရှိပေမယ့်တိုက်စစ်မှာနေရာစုံကစားပြီးဂိုးသွင်းလေ့ရှိသူဖြစ်ပါတယ်။

ZawGyi

တိုက္စစ္မႉးေနရာႏွင့္ပတ္သက္ၿပီး ေရာ္နယ္ဒိုႏွင့္ ဆိုးလ္ရွားသေဘာထားကြဲလြဲမႈျဖစ္ေန

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူအတြက္ပထမဆုံးပြဲမကစားခင္မွာဘဲကစားရမယ့္ေနရာနဲ႔ပတ္သက္ၿပီးမန္ယူနည္းျပဆိုးလ္ရွားႏွင့္သေဘာထားကြဲလြဲမႈျဖစ္ေနၿပီလို႔ယုံၾကည္ရပါတယ္။

ေပၚတူဂီစူပါစတားဟာလာမယ့္တနဂၤေႏြေန႔အိုးထရက္ဖို႔ဒ္ကြင္းမွာနယူးကာဆယ္အားဧည့္ခံကစားရတဲ့ပြဲမွာမန္ယူအတြက္ပထမဆုံးပြဲကိုကစားသြားပါမယ္။

ဒါေပမယ့္ဝက္စ္ဟမ္းဂႏၴဝင္တိုက္စစ္မႉးဒီကာနီယိုကေရာ္နယ္ဒိုဟာမန္ယူမွာဗဟိုတိုက္စစ္မႉးေနရာမွာကစားဖို႔ျငင္းဆန္လာမွာေသခ်ာေနၿပီးေတာင္ပံတြင္ပင္ကစားဖို႔ေတာင္းဆိုလာလိမ့္မယ္လို႔ဆိုလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာစပို႔တင္းလစၥဘြန္းႏွင့္မန္ယူတို႔မွာေတာင္ပံကစားသမားအျဖစ္ကစားခဲ့သူျဖစ္ၿပီးရီးရဲလ္မက္ဒရစ္သို႔ေရာက္ခ်ိန္မွာတိုက္စစ္မႉးအျဖစ္ေျပာင္းကစားခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္တြင္လည္းတိုက္စစ္ျမႇားဦးမွာကစားခဲ့ပါတယ္။ဒါေပမယ့္ဒီကာနီယိုကေရာ္နယ္ဒိုဟာတိုက္စစ္ျမႇားဦးမွာကစားဖို႔ျငင္းဆန္လာမွာေသခ်ာေနၿပီးေတာင္ပံမွာသာကစားဖို႔ေတာင္းဆိုလာလိမ့္မယ္လို႔ဆိုသြားပါတယ္။

ဒီကာနီယိုက “ေရာ္နယ္ဒိုဟာနည္းစနစ္ပိုင္းအဆင့္ကိုျမႇင္တင္ေပးပါလိမ့္မယ္။ဒါေပမယ့္သူဟာတိုက္စစ္မႉးေတြအမ်ားႀကီး၊ေတာင္ပံကစားသမားေတြအမ်ားႀကီးရွိတဲ့အသင္းသို႔ေျပာင္းလာခဲ့တာပါ။ဆိုးလ္ရွားကသူ႔ကိုအေထာင္တိုက္စစ္မႉးအျဖစ္သုံးမယ္လို႔ေျပာထားပါတယ္။ဒါေပမယ့္ေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္မွာတုန္းကလည္းအဲဒီေနရာမွာမကစားခ်င္ခဲ့ပါဘူး။သူ႔ကိုဘယ္ျခမ္းမွာဘဲထည့္ကာအသုံးျပဳလာမယ္လို႔ထင္တယ္။ဒါေပမဘ့္မန္ယူမွာဆန္ခ်ိဳအပါအဝင္ေနရာတူကစားသမားေတြအမ်ားႀကီးရွိေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေရာ္နယ္ဒိုဟာအသင္းရဲ႕ကစားကြက္အခင္းအက်င္းတြင္ေတာင္ပံတြင္ေနရာခ်ျခင္းခံရေလ့ရွိေပမယ့္တိုက္စစ္မွာေနရာစုံကစားၿပီးဂိုးသြင္းေလ့ရွိသူျဖစ္ပါတယ္။