တိုက်စစ်မှူးသစ်လူကာကူရဲ့ချဲလ်ဆီးအသင်းကျောနံပါတ် ပေါက်ကြားလာ

ရိုမဲလူလူကာကူဟာချဲလ်ဆီးအသင်းသို့ဒုတိယအကြိမ်မြောက်ပြောင်းရွှေ့လာချိန်တွင်ပထမအကြိမ်တုန်းကချဲလ်ဆီးတွင်ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်ကိုပင်ဝတ်ဆင်သွားဦးမှာဖြစ်ကြောင်းသိရပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာကြာသပတေးနေ့တုန်းကအင်တာမီလန်မှာအသင်းဟောင်းချဲလ်ဆီးသို့ပေါင်၉၇.၅သန်းဖြင့်ပြောင်းလာခဲ့ပါတယ်။

လူကာကူဟာအသက်၁၈နှစ်အရွယ်တုန်းကအန်ဒါလက်ချ်မှချဲလ်ဆီးသို့ပြောင်းရွှေ့စဉ်တုန်းကကျောနံပါတ်၁၈ကိုဝတ်ဆင်ခဲ့သလိုဒုတိယအကြိမ်စတမ်းဖို့ဒ်ဘရစ်ချ်သို့ရောက် လာချိန်တွင်လည်းကျောနံပါတ်၁၈ကိုပင်ဝတ်ဆင်သွားဦးမှာဖြစ်ပါတယ်။

လူကာကူဝတ်ဆင်မယ့်ကျောနံပါတ်၁၈မှာဂျရူးဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်ဖြစ်ပါတယ်။ပြင်သစ်တိုက်စစ်မှူးမှာအေစီမီလန်သို့ပြောင်းရွှေ့သွားပြီဖြစ်ရာလူကာကူအတွက်လွတ်လပ်စွာရွေးချယ်ခွင့်ရှိနေတဲ့ကျောနံပါတ်လည်းဖြစ်ပါတယ်။

လူကာကူဟာယခင်တုန်းကအဲဗာတန်၊မန်ယူတို့နှင့်အတူပရီးမီးယားလိဂ်တွင်ကျင်လည်တုန်းကကျောနံပါတ်၉နှင့်ကျောနံပါတ်၁၀တို့ကိုဝတ်ဆင်လိုနေပါတယ်။

ဒါပေမယ့်ကျောနံပါတ်၉နှင့်၁၀တို့ကိုအေဘရာဟမ်နှင့်ပူလီဆစ်တို့ကဝတ်ဆင်နေတဲ့အပြင်လူကာကူကလည်းတစ်ချိန်တုန်းကသူဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၁၈ကိုပင်ဝတ်ဆင်လိုနေခဲ့ပါတယ်။

လူကာကူဟာချဲလ်ဆီးဒုတိယအကြိမ်မြောက်ခရီးစဉ်တွင်ပထမအကြိမ်တုန်းကအခြေအနေမျိုးနှင့်လုံးဝကွဲပြားလာဖို့မျှော်လင့်နေပါတယ်။

လူကာကူဟာ၂၀၁၄ခုနှစ်တုန်းကအဲဗာတန်သို့ပေါင်၂၈သန်းဖြင့်မပြောင်းရွှေ့မီတုန်းကချဲလ်ဆီးအတွက်တစ်ဂိုးမျှမသွင်းနိုင်ခဲ့ပါဘူး။

ZawGyi

တိုက္စစ္မႉးသစ္လူကာကူရဲ႕ခ်ဲလ္ဆီးအသင္းေက်ာနံပါတ္ ေပါက္ၾကားလာ

႐ိုမဲလူလူကာကူဟာခ်ဲလ္ဆီးအသင္းသို႔ဒုတိယအႀကိမ္ေျမာက္ေျပာင္းေ႐ႊ႕လာခ်ိန္တြင္ပထမအႀကိမ္တုန္းကခ်ဲလ္ဆီးတြင္ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္ကိုပင္ဝတ္ဆင္သြားဦးမွာျဖစ္ေၾကာင္းသိရပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာၾကာသပေတးေန႔တုန္းကအင္တာမီလန္မွာအသင္းေဟာင္းခ်ဲလ္ဆီးသို႔ေပါင္၉၇.၅သန္းျဖင့္ေျပာင္းလာခဲ့ပါတယ္။

လူကာကူဟာအသက္၁၈ႏွစ္အ႐ြယ္တုန္းကအန္ဒါလက္ခ်္မွခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕စဥ္တုန္းကေက်ာနံပါတ္၁၈ကိုဝတ္ဆင္ခဲ့သလိုဒုတိယအႀကိမ္စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔ေရာက္ လာခ်ိန္တြင္လည္းေက်ာနံပါတ္၁၈ကိုပင္ဝတ္ဆင္သြားဦးမွာျဖစ္ပါတယ္။

လူကာကူဝတ္ဆင္မယ့္ေက်ာနံပါတ္၁၈မွာဂ်႐ူးဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္ျဖစ္ပါတယ္။ျပင္သစ္တိုက္စစ္မႉးမွာေအစီမီလန္သို႔ေျပာင္းေ႐ႊ႕သြားၿပီျဖစ္ရာလူကာကူအတြက္လြတ္လပ္စြာေ႐ြးခ်ယ္ခြင့္ရွိေနတဲ့ေက်ာနံပါတ္လည္းျဖစ္ပါတယ္။

လူကာကူဟာယခင္တုန္းကအဲဗာတန္၊မန္ယူတို႔ႏွင့္အတူပရီးမီးယားလိဂ္တြင္က်င္လည္တုန္းကေက်ာနံပါတ္၉ႏွင့္ေက်ာနံပါတ္၁၀တို႔ကိုဝတ္ဆင္လိုေနပါတယ္။

ဒါေပမယ့္ေက်ာနံပါတ္၉ႏွင့္၁၀တို႔ကိုေအဘရာဟမ္ႏွင့္ပူလီဆစ္တို႔ကဝတ္ဆင္ေနတဲ့အျပင္လူကာကူကလည္းတစ္ခ်ိန္တုန္းကသူဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၁၈ကိုပင္ဝတ္ဆင္လိုေနခဲ့ပါတယ္။

လူကာကူဟာခ်ဲလ္ဆီးဒုတိယအႀကိမ္ေျမာက္ခရီးစဥ္တြင္ပထမအႀကိမ္တုန္းကအေျခအေနမ်ိဳးႏွင့္လုံးဝကြဲျပားလာဖို႔ေမွ်ာ္လင့္ေနပါတယ္။

လူကာကူဟာ၂၀၁၄ခုႏွစ္တုန္းကအဲဗာတန္သို႔ေပါင္၂၈သန္းျဖင့္မေျပာင္းေ႐ႊ႕မီတုန္းကခ်ဲလ္ဆီးအတြက္တစ္ဂိုးမွ်မသြင္းႏိုင္ခဲ့ပါဘူး။