တိုက်စစ်အသားပေးနည်းဗျူဟာကြောင့် စပါးစ်နည်းပြရာထူးနှင့်လွဲခဲ့ခြင်းဟု ဖွန်ဆီကာ ဖွင့်ဟ

ပေါ်လိုဖွန်ဆီကာကသူ့ရဲ့တိုက်စစ်အသားပေးနည်းဗျူဟာနှင့်ပတ်သက်ပြီး စပါးစ်ဒါရိုက်တာဖေဘီယိုပါရာတီစီနှင့်သဘောထားကွဲလွဲကာစပါးစ်နည်းပြရာထူးကိုမရရှိခဲ့ခြင်းဖြစ်ကြောင်းဖွင့်ဟပြောကြားလိုက်ပါတယ်။

စပါးစ်ဟာဧပြီလတုန်းကမော်ရင်ဟိုကိုနည်းပြရာထူးမှထုတ်ပယ်လိုက်ပြီးနောက်ဂန်နာရိုဂတ်တူဆို၊အန်တိုနီယိုကွန်တီ၊ဖွန်ဆီကာတို့နှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်။

မြောက်လန်ဒန်အခြေစိုက်ကလပ်ဟာနည်းပြဟောင်း ပိုချက်တီနိုကိုလည်းဆက်သွယ်မှုပြုလုပ်ခဲ့ပေမယ့်မအောင်မြင်ခဲ့ပါဘူး။၎င်းတို့ဟာရိုးမားနည်းပြဖွန်ဆီကာကိုလည်းကြိုးပမ်းမှုပြုလုပ်ခဲ့ပါတယ်။

ပေါ်တူဂီလူမျိုးနည်းပြက “သဘောတူညီမှုရခဲ့ပါတယ်။ရာသီကြိုလေ့ကျင့်ခန်းအစီအစဉ်အတွက်အစီအစဉ်ဆွဲခဲ့ကြတယ်။စပါးစ်ကတိုက်စစ်အသားပေးနည်းပြလိုချင်ခဲ့တယ်။ကြေညာချက်တော့မလုပ်ခဲ့ပါဘူး။ဒါပေမယ့်ကစားသမားတွေအတွက်ရာသီကြိုလေ့ကျင့်ခန်းစီစဉ်ခဲ့ကြတယ်။နောက်တော့စီမံခန့်ခွဲရေးဒါရိုက်တာရောက်လာတော့ အပြောင်းလဲဖြစ်သွားတယ်။စိတ်ကူးတစ်ချို့နဲ့ပတ်သက်ပြီးသဘောတူညီမှုရခဲ့ဘူး။ပြောရမယ်ဆိုရင်စီမံခန့်ခွဲရေးဒါရိုက်တာနဲ့မဆိုင်တာတွေနဲ့ပတ်သက်ပြီးတော့ပါ။ဥက္ကဌ(လီဗိုင်း)နဲ့အားကစားဒါရိုက်တာ(စတိဗ်ဟတ်ချင်)တို့ကတိုက်စစ်အသားပေး ဆွဲဆောင်မှုရှိတဲ့ကစားဟန်နဲ့ကစားချင်ခဲ့တယ်။အခြားနည်းလမ်းနဲ့မလုပ်နိုင်ပါဘူး။ကျွန်တော်ကလည်းဒီအတွက်အသင့်ဖြစ်နေခဲ့တယ်။ကျွန်တော့်ကိုင်တွယ်တဲ့အသင်းတိုင်းဒီလိုပဲကစားပါမယ်။ဧရိယာထဲကမထွက်ဘဲပိတ်မကစားပါဘူး”လို့ပြောကြားသွားပါတယ်။

စပါးစ်ဟာဖွန်ဆီကာနှင့်အဆင်မပြေဖြစ်ပြီးနောက်ဝုဗ်မှထွက်ခွာလာခဲ့တဲ့ပေါ်တူဂီလူမျိုးနည်းပြနူနိုကိုခန့်အပ်ခဲ့ပါတယ်။နူနိုလက်ထက်မှာစပါးစ်ဟာပရီးမီးယားလိဂ်သုံးပွဲဆက်နိုင်ပွဲရရှိခဲ့ပေမယ့်နောက်ဆုံးနှစ်ပွဲဆက်ရှုံးနိမ့်ထားပါတယ်။နူနိုဟာဩဂုတ်လအတွက်တစ်လတာအကောင်းဆုံးနည်းပြဆုကိုပါရရှိခဲ့ပေမယ့်ခရစ္စတယ်ပဲလေ့စ်၊ချဲလ်ဆီးတို့နှင့်လန်ဒန်ဒါဘီပွဲတို့မှာနှစ်ပွဲဆက်ရှုံးနိမ့်ထားပါတယ်။

ZawGyi

တိုက္စစ္အသားေပးနည္းဗ်ဴဟာေၾကာင့္ စပါးစ္နည္းျပရာထူးႏွင့္လြဲခဲ့ျခင္းဟု ဖြန္ဆီကာ ဖြင့္ဟ

ေပၚလိုဖြန္ဆီကာကသူ႔ရဲ႕တိုက္စစ္အသားေပးနည္းဗ်ဴဟာႏွင့္ပတ္သက္ၿပီး စပါးစ္ဒါ႐ိုက္တာေဖဘီယိုပါရာတီစီႏွင့္သေဘာထားကြဲလြဲကာစပါးစ္နည္းျပရာထူးကိုမရရွိခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားလိုက္ပါတယ္။

စပါးစ္ဟာဧၿပီလတုန္းကေမာ္ရင္ဟိုကိုနည္းျပရာထူးမွထုတ္ပယ္လိုက္ၿပီးေနာက္ဂန္နာ႐ိုဂတ္တူဆို၊အန္တိုနီယိုကြန္တီ၊ဖြန္ဆီကာတို႔ႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ပါတယ္။

ေျမာက္လန္ဒန္အေျခစိုက္ကလပ္ဟာနည္းျပေဟာင္း ပိုခ်က္တီႏိုကိုလည္းဆက္သြယ္မႈျပဳလုပ္ခဲ့ေပမယ့္မေအာင္ျမင္ခဲ့ပါဘူး။၎တို႔ဟာ႐ိုးမားနည္းျပဖြန္ဆီကာကိုလည္းႀကိဳးပမ္းမႈျပဳလုပ္ခဲ့ပါတယ္။

ေပၚတူဂီလူမ်ိဳးနည္းျပက “သေဘာတူညီမႈရခဲ့ပါတယ္။ရာသီႀကိဳေလ့က်င့္ခန္းအစီအစဥ္အတြက္အစီအစဥ္ဆြဲခဲ့ၾကတယ္။စပါးစ္ကတိုက္စစ္အသားေပးနည္းျပလိုခ်င္ခဲ့တယ္။ေၾကညာခ်က္ေတာ့မလုပ္ခဲ့ပါဘူး။ဒါေပမယ့္ကစားသမားေတြအတြက္ရာသီႀကိဳေလ့က်င့္ခန္းစီစဥ္ခဲ့ၾကတယ္။ေနာက္ေတာ့စီမံခန႔္ခြဲေရးဒါ႐ိုက္တာေရာက္လာေတာ့ အေျပာင္းလဲျဖစ္သြားတယ္။စိတ္ကူးတစ္ခ်ိဳ႕နဲ႔ပတ္သက္ၿပီးသေဘာတူညီမႈရခဲ့ဘူး။ေျပာရမယ္ဆိုရင္စီမံခန႔္ခြဲေရးဒါ႐ိုက္တာနဲ႔မဆိုင္တာေတြနဲ႔ပတ္သက္ၿပီးေတာ့ပါ။ဥကၠဌ(လီဗိုင္း)နဲ႔အားကစားဒါ႐ိုက္တာ(စတိဗ္ဟတ္ခ်င္)တို႔ကတိုက္စစ္အသားေပး ဆြဲေဆာင္မႈရွိတဲ့ကစားဟန္နဲ႔ကစားခ်င္ခဲ့တယ္။အျခားနည္းလမ္းနဲ႔မလုပ္ႏိုင္ပါဘူး။ကြၽန္ေတာ္ကလည္းဒီအတြက္အသင့္ျဖစ္ေနခဲ့တယ္။ကြၽန္ေတာ့္ကိုင္တြယ္တဲ့အသင္းတိုင္းဒီလိုပဲကစားပါမယ္။ဧရိယာထဲကမထြက္ဘဲပိတ္မကစားပါဘူး”လို႔ေျပာၾကားသြားပါတယ္။

စပါးစ္ဟာဖြန္ဆီကာႏွင့္အဆင္မေျပျဖစ္ၿပီးေနာက္ဝုဗ္မွထြက္ခြာလာခဲ့တဲ့ေပၚတူဂီလူမ်ိဳးနည္းျပႏူႏိုကိုခန႔္အပ္ခဲ့ပါတယ္။ႏူႏိုလက္ထက္မွာစပါးစ္ဟာပရီးမီးယားလိဂ္သုံးပြဲဆက္ႏိုင္ပြဲရရွိခဲ့ေပမယ့္ေနာက္ဆုံးႏွစ္ပြဲဆက္ရႈံးနိမ့္ထားပါတယ္။ႏူႏိုဟာဩဂုတ္လအတြက္တစ္လတာအေကာင္းဆုံးနည္းျပဆုကိုပါရရွိခဲ့ေပမယ့္ခရစၥတယ္ပဲေလ့စ္၊ခ်ဲလ္ဆီးတို႔ႏွင့္လန္ဒန္ဒါဘီပြဲတို႔မွာႏွစ္ပြဲဆက္ရႈံးနိမ့္ထားပါတယ္။