တိုရီနိုတွင်ကိုဗစ်ကူးစက်ခံရသူ ၈ ဦးအထိရှိနေမှုကြောင့် ဆက်စ်ဆူလိုနှင့်ပွဲကို ရွှေ့ဆိုင်း

စီးရီးအေကယနေ့တွင်ကစားရမယ့်တိုနိုရီနှင့်ဆက်စ်ဆူလိုပွဲစဉ်ကိုရွှေ့ဆိုင်းလိုက်ကြောင်းကြေညာလာပါတယ်။ တိုရီနိုနှင့်ဆက်စ်ဆူလိုတို့ရဲ့ပွဲစဉ်ကိုလာမယ့်မတ်လ၁၇ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ပါတယ်။

ဆက်စ်ဆူလိုအသင်းတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၈ဦးအထိရှိနေပြီးယင်းအထဲမှာ၇ဦးမှာကစားသမားပေါင်း၇ဦးအထိရှိပါတယ်။ယင်းသို့အခြေအနေများကြောင့်တိုရိနိုဟာလေ့ကျင့်ရေးကွင်းကိုပိတ်ထားရပါတယ်။

ယခုအခါတိုရီနိုကဖေဖော်ဝါရီလ၂၆ရက်နေ့ယနေ့တွင်ကစားမယ့်ပွဲစဉ်ကိုရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းတရားဝင် ကြေညာလာပြီဖြစ်ပါတယ်။

တိုရီနိုဟာစီးရီးအေ၂၃ပွဲကစားထားရာမှာ၃ပွဲတည်းသာအနိုင်ရရှိထားပြီး၁၁ပွဲသရေကျထားကာအမှတ်ပေးဇယား အဆင့်၁၇နေရာမှာရပ်တည်နေပါတယ်။

ZawGyi




