တိုရီနိုရဲ့လာမယ့်စီးရီးအေပွဲနှစ်ပွဲကို ရွှေ့ဆိုင်းရဖွယ်ရှိ

တိုရီနိုအသင်းတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ၈ဦးအထိရှိနေမှုနဲ့အတူ၎င်းတို့ရဲ့လာမယ့်ပွဲနှစ်ပွဲကိုရွှေ့ဆိုင်းရမယ့် အနေအထားတွင်ရှိနေကြောင်းသိရပါတယ်။

တိုရီနိုဟာပြီးခဲ့တဲ့အပတ်တုန်းကကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူသုံးဦးရှိခဲ့ပြီးနောက်ဆုံးအကြိမ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်ကိုဗစ်ကူးစက်ခံရသူနောက်ထပ်ငါးဦးအထိထပ်မံတွေ့ရှိခဲ့ပါတယ်။

တိုရီနိုဟာအသင်းတွင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုများတွေ့ရှိပြီးနောက်အင်္ဂါနေ့ကတည်းအသင်းရဲ့လေ့ကျင့်ရေး ကွင်းကိုပိတ်ထားရတဲ့အသင်းလည်းဖြစ်ပါတယ်။

တိုရီနိုဟာသောကြာနေ့တွင်ဆက်စ်ဆူလိုနှင့်စီးရီးအေအိမ်ကွင်းပွဲစဉ်ကစားရမှာဖြစ်ပြီးလက်ရှိအချိန်တွင်ဒေသခံကျန်းမာရေးဌာနရဲ့ညွှန်ကြားချက်စောင့်ဆိုင်းနေပါတယ်။

လက်ရှိအချိန်တွင်တိုရီနိုအသင်းတစ်သင်းလုံးမှာကွာရန်တင်းဝင်လျက်ရှိပြီးသီးသန့်နေထိုင်နေမှုများပြုလျက်ရှိပါတယ်။၎င်းတို့အနေဖြင့်အနည်းဆုံးနောက်ထပ်၇ရက်အထိသီးသန့်နေထိုင်ရဖို့လိုအပ်နေတာကြောင့်လာမယ့်စီးရီးအေပွဲနှစ်ပွဲကိုလည်းရွှေ့ဆိုင်းရနိုင်ပါတယ်။

တိုရီနိုဟာလာမယ့်ဆက်စ်ဆူလို၊လာဇီယိုတို့နှင့်ပွဲစဉ်များကိုရွှေ့ဆိုင်းရမယ့်အနေအထားမျိုးရှိနေပြီဖြစ်ပါတယ်။

ZawGyi

တိုရီႏိုရဲ႕လာမယ့္စီးရီးေအပြဲႏွစ္ပြဲကို ေ႐ႊ႕ဆိုင္းရဖြယ္ရွိ

တိုရီႏိုအသင္းတြင္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ၈ဦးအထိရွိေနမႈနဲ႔အတူ၎တို႔ရဲ႕လာမယ့္ပြဲႏွစ္ပြဲကိုေ႐ႊ႕ဆိုင္းရမယ့္ အေနအထားတြင္ရွိေနေၾကာင္းသိရပါတယ္။

တိုရီႏိုဟာၿပီးခဲ့တဲ့အပတ္တုန္းကကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူသုံးဦးရွိခဲ့ၿပီးေနာက္ဆုံးအႀကိမ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာတြင္ကိုဗစ္ကူးစက္ခံရသူေနာက္ထပ္ငါးဦးအထိထပ္မံေတြ႕ရွိခဲ့ပါတယ္။

တိုရီႏိုဟာအသင္းတြင္ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရမႈမ်ားေတြ႕ရွိၿပီးေနာက္အဂၤါေန႔ကတည္းအသင္းရဲ႕ေလ့က်င့္ေရး ကြင္းကိုပိတ္ထားရတဲ့အသင္းလည္းျဖစ္ပါတယ္။

တိုရီႏိုဟာေသာၾကာေန႔တြင္ဆက္စ္ဆူလိုႏွင့္စီးရီးေအအိမ္ကြင္းပြဲစဥ္ကစားရမွာျဖစ္ၿပီးလက္ရွိအခ်ိန္တြင္ေဒသခံက်န္းမာေရးဌာနရဲ႕ၫႊန္ၾကားခ်က္ေစာင့္ဆိုင္းေနပါတယ္။

လက္ရွိအခ်ိန္တြင္တိုရီႏိုအသင္းတစ္သင္းလုံးမွာကြာရန္တင္းဝင္လ်က္ရွိၿပီးသီးသန႔္ေနထိုင္ေနမႈမ်ားျပဳလ်က္ရွိပါတယ္။၎တို႔အေနျဖင့္အနည္းဆုံးေနာက္ထပ္၇ရက္အထိသီးသန႔္ေနထိုင္ရဖို႔လိုအပ္ေနတာေၾကာင့္လာမယ့္စီးရီးေအပြဲႏွစ္ပြဲကိုလည္းေ႐ႊ႕ဆိုင္းရႏိုင္ပါတယ္။

တိုရီႏိုဟာလာမယ့္ဆက္စ္ဆူလို၊လာဇီယိုတို႔ႏွင့္ပြဲစဥ္မ်ားကိုေ႐ႊ႕ဆိုင္းရမယ့္အေနအထားမ်ိဳးရွိေနၿပီျဖစ္ပါတယ္။