တိုရွန်တိုသို့ ဂျူဗင်တပ်စတားဖီဒီရီကိုဘီနာဒက်ချီပြောင်းရွှေ့

အီတလီတောင်ပံကစားသမားဖီဒီရီကိုဘီနာဒက်ချီဟာဂျူဗင်တပ်မှအလွတ်ပြောင်းရွှေ့ကြေးဖြင့်တိုရန်တိုသို့ပြောင်းရွှေ့သွားခဲ့ပါတယ်။

အသက်၂၈နှစ်ရှိဘီနာဒက်ချီဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကအီတလီအသင်းနှင့်အတူယူရို၂၀၂၀ဖလားဆွတ်ခူးခဲ့သူဖြစ်ပြီးအမေရိကန်မေဂျာလိဂ်ကလပ်သို့လေးနှစ်စာချုပ်ဖြင့်ပြောင်းခဲ့ပါတယ်။

သူဟာဂျူဗင်တပ်တွင်ကစားတဲ့ငါးရာသီအတွင်းတွင်စီးရီးအေဖလားသုံးကြိမ်ဆက်အပါအဝင်ဆုဖလားခုနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

တိုရန်တိုဟာနာပိုလီမှအီတလီလက်ရွေးစင်စတားလိုရန်ဇိုအင်ဆစ်နီကိုလည်းခေါ်ယူထားပြီးဖြစ်ပါတယ်။

ဘီနာဒက်ချီဟာဖီအိုရင်တီးနားလူငယ်စီမံကိန်းမှထွက်ပေါ်လာခဲ့သူဖြစ်ပြီး၂၀၁၇ခုနှစ်တွင်ဂျူဗင်တပ်သို့ပေါင်၃၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ZawGyi





