
ဖာဘရီဂက်စ်ကချဲလ်ဆီးအသင်းတွင်တီမိုဝါနာရုန်းကန်နေရခြင်းမှာချဲလ်ဆီးကစားဖော်များကြောင့်လို့ ဝေဖန်ပြောကြားလိုက်ပါတယ်။
စပိန်လက်ရွေးစင်ဟောင်းကဂျာမနီလက်ရွေးစင်ကစားသမားမှာနေရာယူမှု၊ပြေးလွှားမှုကောင်းမွန်သော်လည်းကစားဖော်များကသူ့ထံသို့ဘောလုံးပေးပို့ကြခြင်းမရှိကြောင်းဆိုသွားပါတယ်။
ဖာဘရီဂက်စ်က “သူဟာတော်တော်ကောင်းတဲ့ပြေးလွှားမှုတွေလုပ်ခဲ့တယ်။ဒါပေမယ့်တစ်ခါတစ်လေသူ့ကိုဘယ်သူမှမမြင်ဘူး၊မြင်ပြန်တော့လည်းမပေးကြဘူး။တစ်ခါတစ်လေထိုးကျွေးခံနေသလိုပဲ”လို့ပြောကြားသွားပါတယ်။
တီမိုဝါနာဟာလိုက်ဇစ်တွင်၁၅၉ပွဲကစားခဲ့ရာမှ၉၅ဂိုးသွင်းယူပြီးနောက်၂၀၂၀ခုနှစ်နွေရာသီတွင်ချဲလ်ဆီးသို့ပေါင်၄၇သန်းဖြင့်ပြောင်းလာခဲ့သူဖြစ်ပါတယ်။သူဟာချဲလ်ဆီးအတွက်၆၂ပွဲကစားထားရာတွင်၁၄ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။
ZawGyi
တီမိုဝါနာမွာ ခ်ဲလ္ဆီးကစားသမားေဖာ္မ်ားရဲ႕ထိုးေကြၽးျခင္းခံေနရေၾကာင္း ဖာဘရီဂက္စ္ေဝဖန္ေထာက္ျပလာ
ဖာဘရီဂက္စ္ကခ်ဲလ္ဆီးအသင္းတြင္တီမိုဝါနာ႐ုန္းကန္ေနရျခင္းမွာခ်ဲလ္ဆီးကစားေဖာ္မ်ားေၾကာင့္လို႔ ေဝဖန္ေျပာၾကားလိုက္ပါတယ္။
စပိန္လက္ေ႐ြးစင္ေဟာင္းကဂ်ာမနီလက္ေ႐ြးစင္ကစားသမားမွာေနရာယူမႈ၊ေျပးလႊားမႈေကာင္းမြန္ေသာ္လည္းကစားေဖာ္မ်ားကသူ႔ထံသို႔ေဘာလုံးေပးပို႔ၾကျခင္းမရွိေၾကာင္းဆိုသြားပါတယ္။
ဖာဘရီဂက္စ္က “သူဟာေတာ္ေတာ္ေကာင္းတဲ့ေျပးလႊားမႈေတြလုပ္ခဲ့တယ္။ဒါေပမယ့္တစ္ခါတစ္ေလသူ႔ကိုဘယ္သူမွမျမင္ဘူး၊ျမင္ျပန္ေတာ့လည္းမေပးၾကဘူး။တစ္ခါတစ္ေလထိုးေကြၽးခံေနသလိုပဲ”လို႔ေျပာၾကားသြားပါတယ္။
တီမိုဝါနာဟာလိုက္ဇစ္တြင္၁၅၉ပြဲကစားခဲ့ရာမွ၉၅ဂိုးသြင္းယူၿပီးေနာက္၂၀၂၀ခုႏွစ္ေႏြရာသီတြင္ခ်ဲလ္ဆီးသို႔ေပါင္၄၇သန္းျဖင့္ေျပာင္းလာခဲ့သူျဖစ္ပါတယ္။သူဟာခ်ဲလ္ဆီးအတြက္၆၂ပြဲကစားထားရာတြင္၁၄ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။