တီယာဂိုဆေးလ်ဗားကို တစ်နှစ်စာချုပ်သစ်ကမ်းလှမ်းသွားမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာပထမဆုံးကစားတဲ့ရာသီမှာအကောင်းဆုံးပုံစံဖြင့်ကစားပြနိုင်ခဲ့တဲ့တီယာဂိုဆေးလ်ဗားအားတစ်နှစ်စာချုပ်သစ်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

တီယာဂိုဆေးလ်ဗားဟာပြီးခဲ့တဲ့နွေရာသီတုန်းကအလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာသူဖြစ်ပြီး၃၄ပွဲကစားနိုင်ခဲ့ပါတယ်။

ချဲလ်ဆီးဟာတီယာဂိုဆေးလ်ဗားပွဲထွက်ကစားတဲ့ပွဲများမှ၁၈ပွဲတွင်ဂိုးမပေးခဲ့ရတဲ့အထိခံစစ်ကောင်းမွန်ခဲ့ပါတယ်။

သူဟာလာမယ့်စက်တင်ဘာလမှာအသက်၃၇နှစ်ပြည့်မည်ဖြစ်သော်လည်းနည်းပြသောမတ်စ်တူချယ်ရဲ့အားကိုးရတဲ့နောက်ခံလူဖြစ်နေဆဲဖြစ်ပါတယ်။ဒါကြောင့်လည်းချဲလ်ဆီးဟာတီယာဂိုဆေးလ်ဗားအားစာချုပ်သစ်ချုပ်ကမ်းလှမ်းသွားပါမယ်။

သူဟာစနေနေ့တုန်းကမန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်းပွဲထွက်ကစားခဲ့ပေမယ့်ပွဲချိန်၃၉မိနစ်မှာပေါင်ခြံဒဏ်ရာရရှိကာလူစားလဲခဲ့ရပါတယ်။

ZawGyi

တီယာဂိုေဆးလ္ဗားကို တစ္ႏွစ္စာခ်ဳပ္သစ္ကမ္းလွမ္းသြားမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာပထမဆုံးကစားတဲ့ရာသီမွာအေကာင္းဆုံးပုံစံျဖင့္ကစားျပႏိုင္ခဲ့တဲ့တီယာဂိုေဆးလ္ဗားအားတစ္ႏွစ္စာခ်ဳပ္သစ္ကမ္းလွမ္းသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

တီယာဂိုေဆးလ္ဗားဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာသူျဖစ္ၿပီး၃၄ပြဲကစားႏိုင္ခဲ့ပါတယ္။

ခ်ဲလ္ဆီးဟာတီယာဂိုေဆးလ္ဗားပြဲထြက္ကစားတဲ့ပြဲမ်ားမွ၁၈ပြဲတြင္ဂိုးမေပးခဲ့ရတဲ့အထိခံစစ္ေကာင္းမြန္ခဲ့ပါတယ္။

သူဟာလာမယ့္စက္တင္ဘာလမွာအသက္၃၇ႏွစ္ျပည့္မည္ျဖစ္ေသာ္လည္းနည္းျပေသာမတ္စ္တူခ်ယ္ရဲ႕အားကိုးရတဲ့ေနာက္ခံလူျဖစ္ေနဆဲျဖစ္ပါတယ္။ဒါေၾကာင့္လည္းခ်ဲလ္ဆီးဟာတီယာဂိုေဆးလ္ဗားအားစာခ်ဳပ္သစ္ခ်ဳပ္ကမ္းလွမ္းသြားပါမယ္။

သူဟာစေနေန႔တုန္းကမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္လည္းပြဲထြက္ကစားခဲ့ေပမယ့္ပြဲခ်ိန္၃၉မိနစ္မွာေပါင္ၿခံဒဏ္ရာရရွိကာလူစားလဲခဲ့ရပါတယ္။