တီယာဂိုဆေးလ်ဗားအား စာချုပ်သစ်ချုပ်ဆိုရန် ချဲလ်ဆီးအသင်းလုပ်ဆောင်နေပြီ

ချဲလ်ဆီးဟာတီယာဂိုဆေးလ်ဗားရဲ့တစ်ပတ်လုပ်ခပေါင်၁၁၀၀၀၀တန်စာချုပ်အားသက်တမ်းတိုးနိုင်ရေးအ တွက်ဆွေးနွေးနေကြောင်းသိရပါတယ်။

အသက်၃၆နှစ်ရှိတီယာဂိုဆေးလ်ဗားဟာနွေရာသီအပြောင်းအရွှေ့တုန်းကပီအက်စ်ဂျီမှထွက်ခွာကာချဲလ်ဆီးသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာခဲ့ပြီးနောက်ချဲလ်ဆီးတွင်အရေးပါတဲ့ခံစစ်မှူးအဖြစ်ကစားခွင့်ရရှိနေသူဖြစ်ပါတယ်။

သူဟာယခုရာသီတွင်ချဲလ်ဆီးအတွက်၂၁ပွဲကစားခွင့်ရရှိထားပြီးသူ့ရဲ့ခြေစွမ်းပိုင်းအပြင်ခေါင်းဆောင်ပိုင်းအရည်အသွေးကြောင့်ကစားဖော်များနှင့်နည်းပြများရဲ့ယုံကြည်မှုရရှိနေပါတယ်။

ယခုအခါချဲလ်ဆီးတွင်အထိုင်ကျနေပြီဖြစ်တဲ့တီယာဂိုဆေးလ်ဗားဟာချဲလ်ဆီးတွင်နောက်ထပ်အနည်းဆုံး တစ်နှစ်ဆက်ရှိနေရေးအတွက်ဆွေးနွေးနေပြီဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်ချဲလ်ဆီးဟာအေစီမီလန်သို့အငှားချထားတဲ့အင်္ဂလန်နောက်ခံလူတိုမိုရီကိုအပြီးသတ် ချုပ်ဆိုနိုင်ရေးအတွက်စီစဉ်နေပါတယ်။အသက်၂၃နှစ်ရှိတိုမိုရီဟာဇန်နဝါရီတွင်အေစီမီလန်သို့ပြောင်းပြီး နောက်အဓိကကစားသမားအဖြစ်ကစားခွင့်ရရှိနေပါတယ်။အေစီမီလန်ကလည်းသူ့ကိုအပြီးသတ်ခေါ်ယူ လိုနေပါတယ်။

ZawGyi

တီယာဂိုေဆးလ္ဗားအား စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ ခ်ဲလ္ဆီးအသင္းလုပ္ေဆာင္ေနၿပီ

ခ်ဲလ္ဆီးဟာတီယာဂိုေဆးလ္ဗားရဲ႕တစ္ပတ္လုပ္ခေပါင္၁၁၀၀၀၀တန္စာခ်ဳပ္အားသက္တမ္းတိုးႏိုင္ေရးအ တြက္ေဆြးေႏြးေနေၾကာင္းသိရပါတယ္။

အသက္၃၆ႏွစ္ရွိတီယာဂိုေဆးလ္ဗားဟာေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းကပီအက္စ္ဂ်ီမွထြက္ခြာကာခ်ဲလ္ဆီးသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေျပာင္းလာခဲ့ၿပီးေနာက္ခ်ဲလ္ဆီးတြင္အေရးပါတဲ့ခံစစ္မႉးအျဖစ္ကစားခြင့္ရရွိေနသူျဖစ္ပါတယ္။

သူဟာယခုရာသီတြင္ခ်ဲလ္ဆီးအတြက္၂၁ပြဲကစားခြင့္ရရွိထားၿပီးသူ႔ရဲ႕ေျခစြမ္းပိုင္းအျပင္ေခါင္းေဆာင္ပိုင္းအရည္အေသြးေၾကာင့္ကစားေဖာ္မ်ားႏွင့္နည္းျပမ်ားရဲ႕ယုံၾကည္မႈရရွိေနပါတယ္။

ယခုအခါခ်ဲလ္ဆီးတြင္အထိုင္က်ေနၿပီျဖစ္တဲ့တီယာဂိုေဆးလ္ဗားဟာခ်ဲလ္ဆီးတြင္ေနာက္ထပ္အနည္းဆုံး တစ္ႏွစ္ဆက္ရွိေနေရးအတြက္ေဆြးေႏြးေနၿပီျဖစ္ပါတယ္။

အျခားတစ္ဖက္တြင္ခ်ဲလ္ဆီးဟာေအစီမီလန္သို႔အငွားခ်ထားတဲ့အဂၤလန္ေနာက္ခံလူတိုမိုရီကိုအၿပီးသတ္ ခ်ဳပ္ဆိုႏိုင္ေရးအတြက္စီစဥ္ေနပါတယ္။အသက္၂၃ႏွစ္ရွိတိုမိုရီဟာဇန္နဝါရီတြင္ေအစီမီလန္သို႔ေျပာင္းၿပီး ေနာက္အဓိကကစားသမားအျဖစ္ကစားခြင့္ရရွိေနပါတယ္။ေအစီမီလန္ကလည္းသူ႔ကိုအၿပီးသတ္ေခၚယူ လိုေနပါတယ္။