
ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အိုးထရက်ဖို့ဒ်ဒုတိယမြောက်ခရီးစဉ်ကတော့ ဆိုးဆိုးရွားရွားအဆုံးသတ်လာမယ့်ကိန်းဆိုက်နေပြီဖြစ်ပါတယ်။
ပေါ်တူဂီစူပါစတားဟာပြီးခဲ့တဲ့နှစ်နွေရာသီတုန်းကယူနိုက်တက်သို့တကျော့ပြန်ရောက်လာပြီးနောက်ပရိသတ်များအကြီးအကျယ်ပျော်ရွှင်ခဲ့ကြပါတယ်။ဒါပေမဲ့လက်ရှိအနေအထားအရသူဟာအိုးထရက်ဖို့ဒ်သို့ရောက်ပြီးတစ်နှစ်ကျော်ကာလမှာဘဲထွက်ခွာဖို့ဟန်ပြင်နေပြီဖြစ်ပါတယ်။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာအဲရစ်တန်ဟက်ရောက်လာပြီးနောက် အရန်ခုံတွင်သာအချိန်အများစုကိုဖြုန်းတီးနေခဲ့ရပြီး သူ့ကိုသုံးသင့်/မသုံးသင့်နှင့်ပတ်သက်ပြီးအငြင်းပွားမှုတွေဖြစ်နေပါတယ်။
သူဟာအဲဗာတန်နှင့်ပွဲတွင်ကလပ်ကစားသမားဘဝဂိုး၇၀၀မြောက်ဂိုးကိုသွင်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့သူဟာပြီးခဲ့တဲ့အပတ်ကြားရက်တုန်းကစပါးစ်နှင့်ပွဲတွင်နောက်ကျအရန်အဖြစ်ဝင်ကစားရန်ငြင်းဆိုပြီးနောက် ယူနိုက်တက်ပထမအသင်းမှဖယ်ရှားခံခဲ့ရတဲ့အပြင်ချဲလ်ဆီးနှင့်ပွဲလူစာရင်းတွင်လည်းချန်လှပ်ခံခဲ့ရပါတယ်။
ချဲလ်ဆီးနှင့်တစ်ဂိုးစီသရေကျတဲ့ပွဲစဉ်မှာယခုရာသီတွင်ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်ကစားခွင့်မရတဲ့တတိယမြောက်ပွဲဖြစ်ပါတယ်။
သူဟာယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်ခြောက်ပွဲတည်းသာပွဲထွက်ခွင့်ရထားပြီးပုံမှန်အရန်ခုံမှာထိုင်နေရပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်တဲ့ပွဲများတွင် ယူနိုက်တက်ဟာတစ်ပွဲနိုင်၊တစ်ပွဲသရေနှင့်တစ်ပွဲရှုံးရလဒ်ရရှိပါတယ်။
ဒါကြောင့်လည်းယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိပါဝင်လျှင် အနိုင်ရာခိုင်နှုန်း၆၆.၇ရာခိုင်နှုန်းရရှိထားပြီးမပါဝင်လျှင်အနိုင်ရာခိုင်နှုန်း၃၃.၃ရာခိုင်နှုန်းသာရရှိထားပါတယ်။
ရော်နယ်ဒိုမပါဝင်တဲ့ပွဲများဟာသူပါဝင်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲနှင့်နှိုင်းယှဉ်လျှင်တော့ ပိုမိုခက်ခဲတယ်လို့တော့ပြောလို့ရပါတယ်။
ရော်နယ်ဒိုပါဝင်ကစားတဲ့ပွဲများတွင်လီဗာပူးကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲလည်းပါဝင်ပါတယ်။ယင်းပွဲတွင်သူဟာ၄မိနစ်တည်းသာအရန်အဖြစ်ဝင်ကစားခဲ့ရတာပါ။
ယူနိုက်တက်ဟာခရစ္စတီယာနိုရော်နယ်ဒိုမပါဝင်လျှင်တစ်ပွဲပျှမ်းမျှရဂိုး၂ဂိုးရရှိပြီးပါဝင်လျှင်၁.၃ဂိုးသာရထားပါတယ်။
ဒါပေမဲ့ယူနိုက်တက်ဟာရော်နယ်ဒိုမပါဝင်လျှင်တစ်ပွဲပျမ်းမျှပေးဂိုး၂.၃ဂိုးရှိပြီး ပါဝင်လျှင်၁.၃ဂိုးသာပေးထားရပါတယ်။
ရော်နယ်ဒိုပါဝင်လျှင်ယူနိုက်တက်ဟာတစ်ပွဲပျမ်းမျှ၂.၃ဂိုးပေးနေရပြီးပါဝင်လျှင်၁ဂိုးတည်းသာပေးထားရပါတယ်။
ဒါပေမဲ့ရော်နယ်ဒိုပါဝင်လျှင်ယူနိုက်တက်ဟာတစ်ပွဲပျမ်းမျှ၂.၁မှတ်ရရှိထားပြီးမပါဝင်လျှင်၁.၃မှတ်တည်းသာရရှိပါတယ်။
ယင်းကဲ့သို့မှတ်တမ်းများကြောင့်အဲရစ်တန်ဟက်အနေဖြင့်ခရစ္စတီယာနိုရော်နယ်ဒိုကိုထွက်ခွာခွင့်ပေးလျှင်ပိုမိုရုန်းကန်လာရနိုင်တယ်လို့ဆိုနိုင်ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုရာသီတွင်ယူနိုက်တက်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၂ပွဲကစားထားရာမှာ၂ဂိုးပြီး၁ကြိမ်ဖန်တီးထားပါတယ်။
ZawGyi
တုန္လႈပ္ဖြယ္မွတ္တမ္းမ်ားအရ ေရာ္နယ္ဒိုကို အိုးထရက္ဖို႔ဒ္မွ ထြက္ခြာေစလွ်င္ ေနာင္တရလာဖို႔ ရွိေနတဲ့ အဲရစ္တန္ဟက္
ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အိုးထရက္ဖို႔ဒ္ဒုတိယေျမာက္ခရီးစဥ္ကေတာ့ ဆိုးဆိုး႐ြား႐ြားအဆုံးသတ္လာမယ့္ကိန္းဆိုက္ေနၿပီျဖစ္ပါတယ္။
ေပၚတူဂီစူပါစတားဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီတုန္းကယူႏိုက္တက္သို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္ပရိသတ္မ်ားအႀကီးအက်ယ္ေပ်ာ္႐ႊင္ခဲ့ၾကပါတယ္။ဒါေပမဲ့လက္ရွိအေနအထားအရသူဟာအိုးထရက္ဖို႔ဒ္သို႔ေရာက္ၿပီးတစ္ႏွစ္ေက်ာ္ကာလမွာဘဲထြက္ခြာဖို႔ဟန္ျပင္ေနၿပီျဖစ္ပါတယ္။
အသက္၃၇ႏွစ္ရွိခရစၥတီယာႏိုေရာ္နယ္ဒိုဟာအဲရစ္တန္ဟက္ေရာက္လာၿပီးေနာက္ အရန္ခုံတြင္သာအခ်ိန္အမ်ားစုကိုျဖဳန္းတီးေနခဲ့ရၿပီး သူ႔ကိုသုံးသင့္/မသုံးသင့္ႏွင့္ပတ္သက္ၿပီးအျငင္းပြားမႈေတြျဖစ္ေနပါတယ္။
သူဟာအဲဗာတန္ႏွင့္ပြဲတြင္ကလပ္ကစားသမားဘဝဂိုး၇၀၀ေျမာက္ဂိုးကိုသြင္းႏိုင္ခဲ့ပါတယ္။ဒါေပမဲ့သူဟာၿပီးခဲ့တဲ့အပတ္ၾကားရက္တုန္းကစပါးစ္ႏွင့္ပြဲတြင္ေနာက္က်အရန္အျဖစ္ဝင္ကစားရန္ျငင္းဆိုၿပီးေနာက္ ယူႏိုက္တက္ပထမအသင္းမွဖယ္ရွားခံခဲ့ရတဲ့အျပင္ခ်ဲလ္ဆီးႏွင့္ပြဲလူစာရင္းတြင္လည္းခ်န္လွပ္ခံခဲ့ရပါတယ္။
ခ်ဲလ္ဆီးႏွင့္တစ္ဂိုးစီသေရက်တဲ့ပြဲစဥ္မွာယခုရာသီတြင္ခရစၥတီယာႏိုေရာ္နယ္ဒိုပါဝင္ကစားခြင့္မရတဲ့တတိယေျမာက္ပြဲျဖစ္ပါတယ္။
သူဟာယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္ေျခာက္ပြဲတည္းသာပြဲထြက္ခြင့္ရထားၿပီးပုံမွန္အရန္ခုံမွာထိုင္ေနရပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္တဲ့ပြဲမ်ားတြင္ ယူႏိုက္တက္ဟာတစ္ပြဲႏိုင္၊တစ္ပြဲသေရႏွင့္တစ္ပြဲရႈံးရလဒ္ရရွိပါတယ္။
ဒါေၾကာင့္လည္းယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိပါဝင္လွ်င္ အႏိုင္ရာခိုင္ႏႈန္း၆၆.၇ရာခိုင္ႏႈန္းရရွိထားၿပီးမပါဝင္လွ်င္အႏိုင္ရာခိုင္ႏႈန္း၃၃.၃ရာခိုင္ႏႈန္းသာရရွိထားပါတယ္။
ေရာ္နယ္ဒိုမပါဝင္တဲ့ပြဲမ်ားဟာသူပါဝင္တဲ့ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲႏွင့္ႏႈိင္းယွဥ္လွ်င္ေတာ့ ပိုမိုခက္ခဲတယ္လို႔ေတာ့ေျပာလို႔ရပါတယ္။
ေရာ္နယ္ဒိုပါဝင္ကစားတဲ့ပြဲမ်ားတြင္လီဗာပူးကို၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲလည္းပါဝင္ပါတယ္။ယင္းပြဲတြင္သူဟာ၄မိနစ္တည္းသာအရန္အျဖစ္ဝင္ကစားခဲ့ရတာပါ။
ယူႏိုက္တက္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုမပါဝင္လွ်င္တစ္ပြဲပွ်မ္းမွ်ရဂိုး၂ဂိုးရရွိၿပီးပါဝင္လွ်င္၁.၃ဂိုးသာရထားပါတယ္။
ဒါေပမဲ့ယူႏိုက္တက္ဟာေရာ္နယ္ဒိုမပါဝင္လွ်င္တစ္ပြဲပ်မ္းမွ်ေပးဂိုး၂.၃ဂိုးရွိၿပီး ပါဝင္လွ်င္၁.၃ဂိုးသာေပးထားရပါတယ္။
ေရာ္နယ္ဒိုပါဝင္လွ်င္ယူႏိုက္တက္ဟာတစ္ပြဲပ်မ္းမွ်၂.၃ဂိုးေပးေနရၿပီးပါဝင္လွ်င္၁ဂိုးတည္းသာေပးထားရပါတယ္။
ဒါေပမဲ့ေရာ္နယ္ဒိုပါဝင္လွ်င္ယူႏိုက္တက္ဟာတစ္ပြဲပ်မ္းမွ်၂.၁မွတ္ရရွိထားၿပီးမပါဝင္လွ်င္၁.၃မွတ္တည္းသာရရွိပါတယ္။
ယင္းကဲ့သို႔မွတ္တမ္းမ်ားေၾကာင့္အဲရစ္တန္ဟက္အေနျဖင့္ခရစၥတီယာႏိုေရာ္နယ္ဒိုကိုထြက္ခြာခြင့္ေပးလွ်င္ပိုမို႐ုန္းကန္လာရႏိုင္တယ္လို႔ဆိုႏိုင္ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုရာသီတြင္ယူႏိုက္တက္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၂ပြဲကစားထားရာမွာ၂ဂိုးၿပီး၁ႀကိမ္ဖန္တီးထားပါတယ္။