
ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာဗုဒ္ဓဟူးနေ့ညတုန်းကတူနီးရှားနှင့်ပွဲစဉ်မှအန်တိုနီဂရက်ဇ်မန်းရဲ့ဂိုးကိုခွင့်မပြုခဲ့မှုအတွက်ဖီဖာထံမှရှင်းလင်းချက်တောင်းဆိုလာပါတယ်။
တူနီးရှားဟာမနေ့ညတုန်းကပြင်သစ်နှင့်ပွဲတွင် ဆန်းဒါးလန်းတောင်ပံကစားသမားဝါဘီခါဇရီရဲ့တစ်လုံးတည်းသောသွင်းဂိုးဖြင့်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။တူနီးရှားဟာအုပ်စုပွဲသုံးပွဲတွင်လေးမှတ်ရရှိခဲ့ပေမဲ့လည်းအုပ်စုတတိယနေရာမှာသာရပ်တည်နိုင်ခဲ့ကာကမ္ဘာ့ဖလားမှထွက်ခွာခဲ့ရပါတယ်။
လက်ရှိချန်ပီယံပြင်သစ်ဟာမနေ့ညတုန်းကပွဲတွင်အကောင်းဆုံးပုံစံပျောက်ဆုံးနေခဲ့ပြီးပွဲချိန်၉၈မိနစ်မှာချူအာမင်နီရဲ့ဖန်တီးမှုမှတဆင့်ဂရက်ဇ်မန်းကချေပဂိုးသွင်းခဲ့ပါတယ်။
ဒါပေမဲ့ယင်းဂိုးကို လူကျွံဘောအဖြစ်သတ်မှတ်ကာဂိုးအဖြစ်မသတ်ခဲ့ပါဘူး။
ဂရက်ဇ်မန်းကဂိုးသွင်းယူလိုက်ပြီးနောက် ပွဲပြန်စချိန်တွင်ဒိုင်လူကြီးကပွဲသိမ်းခရာမှုတ်ခဲ့ပါတယ်။ဒါပေမဲ့ VAR ကကွင်းဘေးမော်နီတာတွင်ဂရက်ဇ်မန်းရဲ့ဂိုးကိုပြန်လည်စစ်ဆေးရန်ပြောကြားခဲ့ပါတယ်။
ဒိုင်လူကြီးကွန်ဂါဟာဂရက်ဇ်မန်းကိုလူကျွံနေတယ်ဆိုပြီးပွဲပြီးခရာမှုတ်ထားပြီးဖြစ်ပေမဲ့ဂိုးကိုခွင့်မပြုခဲ့တာလည်းဖြစ်ပါတယ်။
ဒါကြောင့်လည်းပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဟာယင်းဂိုးအားဘယ်လိုအကြောင်းရင်းကြောင့်ခွင့်မပြုရသလဲဆိုတာ ရှင်းလင်းချက်ပေးရန်ဖီဖာထံသို့တောင်းဆိုထားကြောင်း Le Parisien ကဖော်ပြလာပါတယ်။
ဖီဖာရဲ့စည်းမျဉ်းအရပွဲပြန်လည်စတင်ချိန်တွင် VAR ဖြင့်ပြန်လည်စစ်ဆေးခြင်းပြုလုပ်ခွင့်မရှိပါဘူး။
ပြင်သစ်ဟာတူနီးရှားကိုရှုံးနိမ့်ခဲ့ပေမဲ့လည်းအုပ်စုဗိုလ်အဖြစ်ဖြင့်နောက်တဆင့်သို့တက်ရောက်နိုင်ခဲ့ပါတယ်။ပြင်သစ်ဟာရှုံးထွက်အဆင့်တွင်ပိုလန်အသင်းနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
တူနီးရွားႏွင့္ပြဲစဥ္မွ ဂရက္ဇ္မန္းရဲ႕ဂိုးကို ခြင့္မျပဳမႈအတြက္ ဖီဖာထံ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ရွင္းလင္းခ်က္ေတာင္း
ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာဗုဒၶဟူးေန႔ညတုန္းကတူနီးရွားႏွင့္ပြဲစဥ္မွအန္တိုနီဂရက္ဇ္မန္းရဲ႕ဂိုးကိုခြင့္မျပဳခဲ့မႈအတြက္ဖီဖာထံမွရွင္းလင္းခ်က္ေတာင္းဆိုလာပါတယ္။
တူနီးရွားဟာမေန႔ညတုန္းကျပင္သစ္ႏွင့္ပြဲတြင္ ဆန္းဒါးလန္းေတာင္ပံကစားသမားဝါဘီခါဇရီရဲ႕တစ္လုံးတည္းေသာသြင္းဂိုးျဖင့္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။တူနီးရွားဟာအုပ္စုပြဲသုံးပြဲတြင္ေလးမွတ္ရရွိခဲ့ေပမဲ့လည္းအုပ္စုတတိယေနရာမွာသာရပ္တည္ႏိုင္ခဲ့ကာကမာၻ႔ဖလားမွထြက္ခြာခဲ့ရပါတယ္။
လက္ရွိခ်န္ပီယံျပင္သစ္ဟာမေန႔ညတုန္းကပြဲတြင္အေကာင္းဆုံးပုံစံေပ်ာက္ဆုံးေနခဲ့ၿပီးပြဲခ်ိန္၉၈မိနစ္မွာခ်ဴအာမင္နီရဲ႕ဖန္တီးမႈမွတဆင့္ဂရက္ဇ္မန္းကေခ်ပဂိုးသြင္းခဲ့ပါတယ္။
ဒါေပမဲ့ယင္းဂိုးကို လူကြၽံေဘာအျဖစ္သတ္မွတ္ကာဂိုးအျဖစ္မသတ္ခဲ့ပါဘူး။
ဂရက္ဇ္မန္းကဂိုးသြင္းယူလိုက္ၿပီးေနာက္ ပြဲျပန္စခ်ိန္တြင္ဒိုင္လူႀကီးကပြဲသိမ္းခရာမႈတ္ခဲ့ပါတယ္။ဒါေပမဲ့ VAR ကကြင္းေဘးေမာ္နီတာတြင္ဂရက္ဇ္မန္းရဲ႕ဂိုးကိုျပန္လည္စစ္ေဆးရန္ေျပာၾကားခဲ့ပါတယ္။
ဒိုင္လူႀကီးကြန္ဂါဟာဂရက္ဇ္မန္းကိုလူကြၽံေနတယ္ဆိုၿပီးပြဲၿပီးခရာမႈတ္ထားၿပီးျဖစ္ေပမဲ့ဂိုးကိုခြင့္မျပဳခဲ့တာလည္းျဖစ္ပါတယ္။
ဒါေၾကာင့္လည္းျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာယင္းဂိုးအားဘယ္လိုအေၾကာင္းရင္းေၾကာင့္ခြင့္မျပဳရသလဲဆိုတာ ရွင္းလင္းခ်က္ေပးရန္ဖီဖာထံသို႔ေတာင္းဆိုထားေၾကာင္း Le Parisien ကေဖာ္ျပလာပါတယ္။
ဖီဖာရဲ႕စည္းမ်ဥ္းအရပြဲျပန္လည္စတင္ခ်ိန္တြင္ VAR ျဖင့္ျပန္လည္စစ္ေဆးျခင္းျပဳလုပ္ခြင့္မရွိပါဘူး။
ျပင္သစ္ဟာတူနီးရွားကိုရႈံးနိမ့္ခဲ့ေပမဲ့လည္းအုပ္စုဗိုလ္အျဖစ္ျဖင့္ေနာက္တဆင့္သို႔တက္ေရာက္ႏိုင္ခဲ့ပါတယ္။ျပင္သစ္ဟာရႈံးထြက္အဆင့္တြင္ပိုလန္အသင္းႏွင့္ရင္ဆိုင္ကစားရပါမယ္။