
ချဲလ်ဆီးစတားဟောင်းခရစ္စတီယန်အက်ဆူးဟာတူရကီကြီးမားတဲ့ငလျင်လှုပ်မှုကြောင့်ပိတ်မိနေခဲ့ပြီးနောက်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။
တူရကီတွင်ကြီးမားတဲ့ငလျင်နှစ်ကြိမ်လှုပ်မှုဖြစ်ပြီး အနည်းဆုံးမြို့၁၂မြို့ထိခိုက်ခဲ့ကာအနည်းဆုံးလူ၃၅၀၀အထိသေဆုံးခဲ့ပါတယ်။
အက်ဆူးဟာကိုးထပ်တိုက်ခန်းတွင်နေထိုင်နေတာဖြစ်ပြီးပထမဆုံးအကြိမ်ငလျင် ရစ်ချ်တာစကေး ၇.၈ ငလျင်ကြောင့်ပိတ်မိသွားခ့တာဖြစ်ပါတယ်။
ဒါ့အပြင်ဂါနာစတားအက်ဆူးအပြင်သူ့ကစားဖော်အချို့တို့ကိုလည်း ၎င်းတို့ရဲ့နေအိမ်အသီးသီးတွင်ကယ်တင်နိုင်ခဲ့ပါတယ်။
အက်ဆူးနှင့် Hatayspors အားကစားဒါရိုက်တာတာနာဆာဗျူ့တို့ဟာအစောပိုင်းတုန်းကပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အကြီးအကျယ်ရှာဖွေမှုပြုလုပ်ပြီးနောက်ပြန်လည်တွေ့ရှိကာဆေးရုံသို့ပို့လိုက်နိုင်ပြီဖြစ်ပါတယ်။
အသက်၃၁နှစ်ရှိကစားသမားဟာညာဖက်ခြေထောက်ဒဏ်ရာရရှိထားပြီးအသက်ရှူရခက်ခဲလျက်ရှိပါတယ်။
အက်ဆူးတွင်ဇနီးသည်မာရီကလဲယားနှင့်သားသမီးသုံးဦးရှိပါတယ်။သူဟာပြီးခဲ့တဲ့နွေရာသီကမှ Hatayspor သို့ပြောင်းခဲ့တာဖြစ်ပါတယ်။
ငလျင်မှာ Hatayspor အသင်းအခြေစိုက်ရာ Kahrammars ကိုဗဟိုပြုလှုပ်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။
အက်ဆူးဟာငလျင်မလှုပ်မီနောက်ဆုံးပွဲဖြစ်တဲ့Kasimpasa ကို၁-၀ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာအသင်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့သူလည်းဖြစ်ပါတယ်။
သူဟာနယူးကာဆယ်အတွက်၁၂၁ပွဲကစားပြီးနောက်၂၀၂၁ခုနှစ်နွေရာသီတွင်ထွက်ခွာလာခဲ့ပါတယ်။
သူဟာ၂၀၁၃ခုနှစ်တွင်ပေါ်တိုမှချဲလ်ဆီးသို့ပေါင်၃.၅သန်းဖြင့်ပြောင်းလာခဲ့ပေမဲ့လည်းစတမ်းဖို့ဒ်ဘရစ်ချ်တွင်တစ်ပွဲမျှမကစားခဲ့ရပါဘူး။သူဟာဗီတက်စ်ဆီ၊အဲဗာတန်၊ဘုန်းမောက်၊မာလာဂါနှင့်နယူးကာဆယ်တို့တွင်လည်းကစားခဲ့ဖူးပါတယ်။
ZawGyi
တူရကီငလ်င္ေၾကာင့္ ပိတ္မိေနခဲ့တဲ့ ခ်ဲလ္ဆီးစတားေဟာင္းအက္ဆူးကို ကယ္တင္ႏိုင္ခဲ့ၿပီ
ခ်ဲလ္ဆီးစတားေဟာင္းခရစၥတီယန္အက္ဆူးဟာတူရကီႀကီးမားတဲ့ငလ်င္လႈပ္မႈေၾကာင့္ပိတ္မိေနခဲ့ၿပီးေနာက္လြတ္ေျမာက္လာခဲ့ၿပီျဖစ္ပါတယ္။
တူရကီတြင္ႀကီးမားတဲ့ငလ်င္ႏွစ္ႀကိမ္လႈပ္မႈျဖစ္ၿပီး အနည္းဆုံးၿမိဳ႕၁၂ၿမိဳ႕ထိခိုက္ခဲ့ကာအနည္းဆုံးလူ၃၅၀၀အထိေသဆုံးခဲ့ပါတယ္။
အက္ဆူးဟာကိုးထပ္တိုက္ခန္းတြင္ေနထိုင္ေနတာျဖစ္ၿပီးပထမဆုံးအႀကိမ္ငလ်င္ ရစ္ခ်္တာစေကး ၇.၈ ငလ်င္ေၾကာင့္ပိတ္မိသြားခ့တာျဖစ္ပါတယ္။
ဒါ့အျပင္ဂါနာစတားအက္ဆူးအျပင္သူ႔ကစားေဖာ္အခ်ိဳ႕တို႔ကိုလည္း ၎တို႔ရဲ႕ေနအိမ္အသီးသီးတြင္ကယ္တင္ႏိုင္ခဲ့ပါတယ္။
အက္ဆူးႏွင့္ Hatayspors အားကစားဒါ႐ိုက္တာတာနာဆာဗ်ဴ႕တို႔ဟာအေစာပိုင္းတုန္းကေပ်ာက္ဆုံးေနခဲ့တာျဖစ္ၿပီး အႀကီးအက်ယ္ရွာေဖြမႈျပဳလုပ္ၿပီးေနာက္ျပန္လည္ေတြ႕ရွိကာေဆး႐ုံသို႔ပို႔လိုက္ႏိုင္ၿပီျဖစ္ပါတယ္။
အသက္၃၁ႏွစ္ရွိကစားသမားဟာညာဖက္ေျခေထာက္ဒဏ္ရာရရွိထားၿပီးအသက္ရႉရခက္ခဲလ်က္ရွိပါတယ္။
အက္ဆူးတြင္ဇနီးသည္မာရီကလဲယားႏွင့္သားသမီးသုံးဦးရွိပါတယ္။သူဟာၿပီးခဲ့တဲ့ေႏြရာသီကမွ Hatayspor သို႔ေျပာင္းခဲ့တာျဖစ္ပါတယ္။
ငလ်င္မွာ Hatayspor အသင္းအေျခစိုက္ရာ Kahrammars ကိုဗဟိုျပဳလႈပ္ခတ္ခဲ့တာလည္းျဖစ္ပါတယ္။
အက္ဆူးဟာငလ်င္မလႈပ္မီေနာက္ဆုံးပြဲျဖစ္တဲ့Kasimpasa ကို၁-၀ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာအသင္းအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူေပးခဲ့သူလည္းျဖစ္ပါတယ္။
သူဟာနယူးကာဆယ္အတြက္၁၂၁ပြဲကစားၿပီးေနာက္၂၀၂၁ခုႏွစ္ေႏြရာသီတြင္ထြက္ခြာလာခဲ့ပါတယ္။
သူဟာ၂၀၁၃ခုႏွစ္တြင္ေပၚတိုမွခ်ဲလ္ဆီးသို႔ေပါင္၃.၅သန္းျဖင့္ေျပာင္းလာခဲ့ေပမဲ့လည္းစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္တစ္ပြဲမွ်မကစားခဲ့ရပါဘူး။သူဟာဗီတက္စ္ဆီ၊အဲဗာတန္၊ဘုန္းေမာက္၊မာလာဂါႏွင့္နယူးကာဆယ္တို႔တြင္လည္းကစားခဲ့ဖူးပါတယ္။