တူရကီငလျင်တွင် အကယ်ခံရပြီးနောက် ဂါနာကစားသမား ပျောက်ဆုံးနေ

ခရစ္စတီယန်အက်ဆူးရဲ့အေးဂျင့်ကဂါနာကစားသမားမှာတူရကီငလျင်တွင်ပိတ်ဆို့နေခဲ့ပြီးကယ်တင်ခြင်းခံရပြီးနောက်မည်သည့်နေရာသို့ရောက်သည်မသိဘဲပျောက်ဆုံးနေကြောင်းဆိုလာပါတယ်။

တူရကီတောင်ပိုင်းနှင့်ဆီးရီးယားမြောက်ပိုင်းတို့တွင်ပြင်းထန်တဲ့ငလျင်နှစ်ကြိမ်လှုပ်ခဲ့ပြီးလူပေါင်း၁၁၀၀၀ဝန်းကျင်သေဆုံးခဲ့ပါတယ်။

ဂါနာတိုက်စစ်သမားအက်ဆူးဟာ Hatayspor တွင်ကစားနေသူဖြစ်ပြီးကလပ်ဒုဥက္ကဌမူစတာဖာအိုဇက်ကချဲလ်ဆီးနှင့်နယူးကာဆယ်စတားဟောင်းကိုကယ်တင်နိုင်ခဲ့ပြီဖြစ်ကြောင်းအတည်ပြုခဲ့ပါတယ်။

ဒါပေမဲ့အေးဂျင့်နာနာဆီချီရီက “ခရစ္စတီယန်ရဲ့တည်နေရာကိုသိရအောင်အစွမ်းကုန်လုပ်နေတယ်။အခုအချိန်ကသူ့မိသားစုအတွက်အရမ်းကိုခက်ခဲတဲ့အချိန်ဆိုတာမြင်နိုင်ပါတယ်”လို့ပြောကြားသွားပါတယ်။

အက်ဆူးဟာငလျင်ကြောင့်တိုက်ပျက်တွင်ပိတ်မိနေခဲ့ပြီးနောက်ကယ်ဆယ်ရေးသမားများကဒဏ်ရာများဖြင့်တွေ့ရှိကယ်တင်နိုင်ခဲ့ကာဆေးရုံသို့ပို့ခဲ့ရပါတယ်။ဒါပေမဲ့ဆေးရုံတွင်လည်းသူ့ကိုမတွေ့ရပါဘူး။

ဒါ့အပြင် Hatayspor နည်းပြဗိုလ်ကန်ဒီမီရယ်ကအက်ဆူးနှင့်အတူအားကစားဒါရိုက်တာတာနာဆာဗတ်လည်းပျောက်ဆုံးနေကြောင်းအတည်ပြုသွားပါတယ်။

တူရကီရဲ့ဂါနာသံတမန်အရှီတေး အိုဒန်တွန်ကလည်းခရစ္စတီယန်အက်ဆူးကိုကယ်တင်ပြီးဆေးရုံပို့လိုက်ပြီဖြစ်ပေမဲ့ယခုပျောက်ဆုံးနေကြောင်းအတည်ပြုသွားပါတယ်။

အသက်၃၁နှစ်ရှိအက်ဆူးဟာနယူးကာဆယ်အတွက်၁၀၇ပွဲကစားခဲ့ကာချဲလ်ဆီး၊အဲဗာတန်၊ဘုန်းမောက်တို့တွင်လည်းကစားခဲ့သူဖြစ်ပါတယ်။

ZawGyi

တူရကီငလ်င္တြင္ အကယ္ခံရၿပီးေနာက္ ဂါနာကစားသမား ေပ်ာက္ဆုံးေန

ခရစၥတီယန္အက္ဆူးရဲ႕ေအးဂ်င့္ကဂါနာကစားသမားမွာတူရကီငလ်င္တြင္ပိတ္ဆို႔ေနခဲ့ၿပီးကယ္တင္ျခင္းခံရၿပီးေနာက္မည္သည့္ေနရာသို႔ေရာက္သည္မသိဘဲေပ်ာက္ဆုံးေနေၾကာင္းဆိုလာပါတယ္။

တူရကီေတာင္ပိုင္းႏွင့္ဆီးရီးယားေျမာက္ပိုင္းတို႔တြင္ျပင္းထန္တဲ့ငလ်င္ႏွစ္ႀကိမ္လႈပ္ခဲ့ၿပီးလူေပါင္း၁၁၀၀၀ဝန္းက်င္ေသဆုံးခဲ့ပါတယ္။

ဂါနာတိုက္စစ္သမားအက္ဆူးဟာ Hatayspor တြင္ကစားေနသူျဖစ္ၿပီးကလပ္ဒုဥကၠဌမူစတာဖာအိုဇက္ကခ်ဲလ္ဆီးႏွင့္နယူးကာဆယ္စတားေဟာင္းကိုကယ္တင္ႏိုင္ခဲ့ၿပီျဖစ္ေၾကာင္းအတည္ျပဳခဲ့ပါတယ္။

ဒါေပမဲ့ေအးဂ်င့္နာနာဆီခ်ီရီက “ခရစၥတီယန္ရဲ႕တည္ေနရာကိုသိရေအာင္အစြမ္းကုန္လုပ္ေနတယ္။အခုအခ်ိန္ကသူ႔မိသားစုအတြက္အရမ္းကိုခက္ခဲတဲ့အခ်ိန္ဆိုတာျမင္ႏိုင္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အက္ဆူးဟာငလ်င္ေၾကာင့္တိုက္ပ်က္တြင္ပိတ္မိေနခဲ့ၿပီးေနာက္ကယ္ဆယ္ေရးသမားမ်ားကဒဏ္ရာမ်ားျဖင့္ေတြ႕ရွိကယ္တင္ႏိုင္ခဲ့ကာေဆး႐ုံသို႔ပို႔ခဲ့ရပါတယ္။ဒါေပမဲ့ေဆး႐ုံတြင္လည္းသူ႔ကိုမေတြ႕ရပါဘူး။

ဒါ့အျပင္ Hatayspor နည္းျပဗိုလ္ကန္ဒီမီရယ္ကအက္ဆူးႏွင့္အတူအားကစားဒါ႐ိုက္တာတာနာဆာဗတ္လည္းေပ်ာက္ဆုံးေနေၾကာင္းအတည္ျပဳသြားပါတယ္။

တူရကီရဲ႕ဂါနာသံတမန္အရွီေတး အိုဒန္တြန္ကလည္းခရစၥတီယန္အက္ဆူးကိုကယ္တင္ၿပီးေဆး႐ုံပို႔လိုက္ၿပီျဖစ္ေပမဲ့ယခုေပ်ာက္ဆုံးေနေၾကာင္းအတည္ျပဳသြားပါတယ္။

အသက္၃၁ႏွစ္ရွိအက္ဆူးဟာနယူးကာဆယ္အတြက္၁၀၇ပြဲကစားခဲ့ကာခ်ဲလ္ဆီး၊အဲဗာတန္၊ဘုန္းေမာက္တို႔တြင္လည္းကစားခဲ့သူျဖစ္ပါတယ္။