တူရကီနှင့်ပွဲမှာ ဟက်ထရစ်သွင်းပြီး ဒတ်ချ်ဂန္ထဝင်စာရင်းသို့ ဝင်ရောက်လာခဲ့တဲ့ ဒီပေး

မမ်ဖစ်ဒီပေးဟာမနေ့ညတုန်းကအမ်စတာဒမ်အရီနာမှာတူရကီအား၆-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာဟက်ထရစ်သွင်းယူပြီးနောက်နယ်သာလန်အတွက်သွင်းဂိုး၃၃ဂိုးရှိသွားပြီဖြစ်ကာဂန္ထဝင်ကစားသမားဂျိုဟန်ခရိုက်ဖ်နှင့်အတူတူဖြစ်လာခဲ့ပါတယ်။

နယ်သာလန်ဟာပွဲအစ၁မိနစ်မှာဘဲဒါဗီးကလပ်စ်ဆင်ရဲ့ဂိုးနဲ့ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။ယင်းနောက်မမ်ဖစ်ဒီပေးဟာပွဲချိန်၁၆မိနစ်နဲ့၃၈မိနစ်တို့မှာနှစ်ဂိုးထပ်မံသွင်းခဲ့ပါတယ်။ဘာစီလိုနာစတားဟာဒုတိယပိုင်းပွဲချိန်၅၄မိနစ်မှာပင်နယ်တီကနေ Panenkaကန်ချက်ဖြင့်သူ့ရဲ့ဟက်ထရစ်ဂိုးအားယုံကြည်မှုရှိရှိဖြင့်သွင်းယူခဲ့ပါတယ်။

ဒတ်ချ်အတွက်ကျန်ဂိုးများကိုပွဲချိန်၈၀မိနစ်မှာတဲလ်ကလည်းကောင်း၊ပွဲချိန်၉၀မိနစ်မှာမာလန်ကလည်းကောင်းသွင်းယူခဲ့ပြီးတူရကီအတွက်နှစ်သိမ့်ဂိုးကိုနာကျင်အချိန်ပိုမှာအန်ဒါကသွင်းယူခဲ့ပါတယ်။တူရကီဘက်မှဆိုယန်ကူဟာပထမပိုင်းပြီးခါနီး၄၄မိနစ်မှာအနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ဒီပေးဟာ၂၀၂၁ခုနှစ်အတွင်းမှာနယ်သာလန်အတွက်စုစုပေါင်းသွင်းဂိုး၁၂ဂိုးအထိသွင်းယူထားသူဖြစ်ပြီးပက်ထရစ်ကလွိုက်ဗတ်(၂၀၀၀ခုနှစ်)နှင့်အတူတစ်နှစ်အတွင်းနယ်သာလန်အတွက်သွင်းဂိုးအများဆုံးကစားသမားအဖြစ်ရပ်တည်လာပါတယ်။

ယင်းနိုင်ပွဲကြောင့်နယ်သာလန်အသင်းဟာကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စု(ဆ)မှာနော်ဝေအားဂိုးကွာခြားချက်ဖြင့်အသာရကာထိပ်ဆုံးမှာရပ်တည်လာနိုင်ပါတယ်။

ZawGyi

တူရကီႏွင့္ပြဲမွာ ဟက္ထရစ္သြင္းၿပီး ဒတ္ခ်္ဂႏၴဝင္စာရင္းသို႔ ဝင္ေရာက္လာခဲ့တဲ့ ဒီေပး

မမ္ဖစ္ဒီေပးဟာမေန႔ညတုန္းကအမ္စတာဒမ္အရီနာမွာတူရကီအား၆-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာဟက္ထရစ္သြင္းယူၿပီးေနာက္နယ္သာလန္အတြက္သြင္းဂိုး၃၃ဂိုးရွိသြားၿပီျဖစ္ကာဂႏၴဝင္ကစားသမားဂ်ိဳဟန္ခ႐ိုက္ဖ္ႏွင့္အတူတူျဖစ္လာခဲ့ပါတယ္။

နယ္သာလန္ဟာပြဲအစ၁မိနစ္မွာဘဲဒါဗီးကလပ္စ္ဆင္ရဲ႕ဂိုးနဲ႔ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။ယင္းေနာက္မမ္ဖစ္ဒီေပးဟာပြဲခ်ိန္၁၆မိနစ္နဲ႔၃၈မိနစ္တို႔မွာႏွစ္ဂိုးထပ္မံသြင္းခဲ့ပါတယ္။ဘာစီလိုနာစတားဟာဒုတိယပိုင္းပြဲခ်ိန္၅၄မိနစ္မွာပင္နယ္တီကေန Panenkaကန္ခ်က္ျဖင့္သူ႔ရဲ႕ဟက္ထရစ္ဂိုးအားယုံၾကည္မႈရွိရွိျဖင့္သြင္းယူခဲ့ပါတယ္။

ဒတ္ခ်္အတြက္က်န္ဂိုးမ်ားကိုပြဲခ်ိန္၈၀မိနစ္မွာတဲလ္ကလည္းေကာင္း၊ပြဲခ်ိန္၉၀မိနစ္မွာမာလန္ကလည္းေကာင္းသြင္းယူခဲ့ၿပီးတူရကီအတြက္ႏွစ္သိမ့္ဂိုးကိုနာက်င္အခ်ိန္ပိုမွာအန္ဒါကသြင္းယူခဲ့ပါတယ္။တူရကီဘက္မွဆိုယန္ကူဟာပထမပိုင္းၿပီးခါနီး၄၄မိနစ္မွာအနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။

ဒီေပးဟာ၂၀၂၁ခုႏွစ္အတြင္းမွာနယ္သာလန္အတြက္စုစုေပါင္းသြင္းဂိုး၁၂ဂိုးအထိသြင္းယူထားသူျဖစ္ၿပီးပက္ထရစ္ကလြိဳက္ဗတ္(၂၀၀၀ခုႏွစ္)ႏွင့္အတူတစ္ႏွစ္အတြင္းနယ္သာလန္အတြက္သြင္းဂိုးအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္လာပါတယ္။

ယင္းႏိုင္ပြဲေၾကာင့္နယ္သာလန္အသင္းဟာကမာၻ႔ဖလားေျခစစ္ပြဲအုပ္စု(ဆ)မွာေနာ္ေဝအားဂိုးကြာျခားခ်က္ျဖင့္အသာရကာထိပ္ဆုံးမွာရပ္တည္လာႏိုင္ပါတယ္။