တူရကီနှင့်အဖွင့်ပွဲကစားရန် တစ်ရက်သာလိုတော့တဲ့အချိန်တွင် ကစားသမားအစားထိုးခွင့်ပေးရန် အီတလီတောင်းဆို

အီတလီဟာယူရို၂၀၂၀ပြိုင်ပွဲရဲ့အဖွင့်ပွဲအဖြစ်တူရကီနှင့်ကစားရန်တစ်ရက်ကျော်မျှသာလိုတော့တဲ့အချိန်တွင်ဒဏ်ရာရရှိသွားတဲ့ရိုးမားအလယ်တန်းကစားသမားလိုရန်ဇိုပယ်လီဂရီရဲ့နေရာတွင်ဖီအိုရင်တီးနားရဲ့ဂဲတာနိုနှင့်အစားထိုးခွင့်ပေးရန်တောင်းဆိုလိုက်ပါတယ်။

ပယ်လီဂရီနီဟာ၂၀၂၀-၂၁ဘောလုံးရာသီတုန်းကကြံ့ခိုင်မှုပြဿနာများနှင့်ရင်ဆိုင်ခဲ့ရသူဖြစ်ပြီးဗုဒ္ဓဟူးနေ့ကလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိခဲ့ပါတယ်။

ဒါကြောင့်လည်းအီတလီဘောလုံးအဖွဲ့ချုပ်ဟာပယ်လီဂရီနီရဲ့နေရာမှာဖီအိုရင်တီးနားကစားသမားနဲ့အစားထိုးခွင့်ပေးရန်တောင်းဆိုလာပါတယ်။

အီတလီဟာမနက်ဖြန်သောကြာနေ့ညမှာရောမရှိအိုလံပီကိုကွင်းတွင်တူရကီနှင့်ယူရို၂၀၂၀အဖွင့်ပွဲကစားရပါမယ်။အီတလီဟာယင်းပွဲအပြီးမှာအုပ်စုပွဲစဉ်များအဖြစ်ဝေးလ်၊ဆွစ်ဇာလန်တို့နှင့်ရင်ဆိုင်ရပါမယ်။

ပယ်လီဂရီနီဟာဘာစီလိုနာ၊လီဗာပူးတို့ရဲ့ကမ်းလှမ်းမှုရရှိထားကြောင်းသတင်းများထွက်ပေါ်လာပြီးနောက်ရက်အနည်းငယ်အကြာမှာဘဲဒဏ်ရာရခဲ့တာဖြစ်ပါတယ်။

ZawGyi

တူရကီႏွင့္အဖြင့္ပြဲကစားရန္ တစ္ရက္သာလိုေတာ့တဲ့အခ်ိန္တြင္ ကစားသမားအစားထိုးခြင့္ေပးရန္ အီတလီေတာင္းဆို

အီတလီဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အဖြင့္ပြဲအျဖစ္တူရကီႏွင့္ကစားရန္တစ္ရက္ေက်ာ္မွ်သာလိုေတာ့တဲ့အခ်ိန္တြင္ဒဏ္ရာရရွိသြားတဲ့႐ိုးမားအလယ္တန္းကစားသမားလိုရန္ဇိုပယ္လီဂရီရဲ႕ေနရာတြင္ဖီအိုရင္တီးနားရဲ႕ဂဲတာႏိုႏွင့္အစားထိုးခြင့္ေပးရန္ေတာင္းဆိုလိုက္ပါတယ္။

ပယ္လီဂရီနီဟာ၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကႀကံ့ခိုင္မႈျပႆနာမ်ားႏွင့္ရင္ဆိုင္ခဲ့ရသူျဖစ္ၿပီးဗုဒၶဟူးေန႔ကေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိခဲ့ပါတယ္။

ဒါေၾကာင့္လည္းအီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာပယ္လီဂရီနီရဲ႕ေနရာမွာဖီအိုရင္တီးနားကစားသမားနဲ႔အစားထိုးခြင့္ေပးရန္ေတာင္းဆိုလာပါတယ္။

အီတလီဟာမနက္ျဖန္ေသာၾကာေန႔ညမွာေရာမရွိအိုလံပီကိုကြင္းတြင္တူရကီႏွင့္ယူ႐ို၂၀၂၀အဖြင့္ပြဲကစားရပါမယ္။အီတလီဟာယင္းပြဲအၿပီးမွာအုပ္စုပြဲစဥ္မ်ားအျဖစ္ေဝးလ္၊ဆြစ္ဇာလန္တို႔ႏွင့္ရင္ဆိုင္ရပါမယ္။

ပယ္လီဂရီနီဟာဘာစီလိုနာ၊လီဗာပူးတို႔ရဲ႕ကမ္းလွမ္းမႈရရွိထားေၾကာင္းသတင္းမ်ားထြက္ေပၚလာၿပီးေနာက္ရက္အနည္းငယ္အၾကာမွာဘဲဒဏ္ရာရခဲ့တာျဖစ္ပါတယ္။