တူရကီပစ်ခတ်မှုတစ်ခုတွင် ဖီနာဘာချီနှင့်ဘီဆစ်တပ်ကစားသမားဟောင်းတစ်ဦး ပါဝင်ပတ်သက်နေ

ဖီနာဘာချီနှင့်ဘီဆစ်တပ်ကစားသမားဟောင်းဆီဇာအော့ဇ်တပ်ခ်ဟာတူရကီတွင်ဖြစ်ပွားခဲ့တဲ့လူတစ်ဦးသေဆုံးကာလူလေးဦးဒဏ်ရာရရှိတဲ့ပစ်ခတ်မှုတစ်ခုတွင်ပါဝင်ပတ်သက်နေကြောင်းသိရပါတယ်။

စက်တင်ဘာလ၁၉ရက်နေ့၊တနင်္လာနေ့ကဖြစ်ပျက်ခဲ့တဲ့ပစ်ခတ်မှုတွင်အသက်၃၅နှစ်ရှိကစားသမားဟောင်းလည်းပါဝင်နေတာဖြစ်ပါတယ်။

မျက်မြင်သက်သေများရဲ့အဆိုအရအသက်၃၅နှစ်ရှိကစားသမားဟာ Sile ပြည်နယ်တွင် ဖြစ်ပွားတဲ့ယင်းပစ်ခတ်မှုတွင်လူအုပ်ထဲသို့သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်တဲ့ဗီဒီယိုဖိုင်အွန်လိုင်းတွင်ပြန့်နှံ့နေပေမယ့်လည်းပစ်ခတ်သူမှာအော့ဇ်တပ်ခ်လားဆိုတာအတိအကျပြောဖို့ခက်ခဲနေပါတယ်။မီဒီယာများရဲ့ဖော်ပြချက်အရဆီဇာအော့ဇ်တပ်ခ်နှင့်သူ့သူငယ်ချင်းတစ်ဦးတို့ဟာယာဉ်ကြောပိတ်ဆို့မှုကြောင့်အခြားသူများနှင့်အချင်းများရာမှကားပေါ်မှသေနတ်ထုတ်ကာပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ဒေသခံမီဒီယာများရဲ့ဖော်ပြချက်အရလေဗာကူဆင်အကယ်ဒမီကစားသမားဟောင်းဟာထွက်ပြေးလျက်ရှိပြီးရဲတပ်ဖွဲ့ကဖမ်းဆီးနိုင်ရေးကြိုးပမ်းနေကြောင်းသိရပါတယ်။

ဂျာမနီဖွားကစားသမားဟာလေဗာကူဆင်တွင်ကစားသမားဘဝစတင်ကာနုယင်ဘတ်၊မာနီဆာစပေါ်၊ဘီဆစ်တပ်၊ဖီနာဘာချီတို့တွင်လည်းကစားခဲ့ဖူးပါတယ်။

တူရကီယူ-၂၀လက်ရွေးစင်အသင်းအတွက်ကစားခဲ့ဖူးတဲ့သူဟာ၂၀၁၅ခုနှစ်တုန်းကဘီဆစ်တပ်မှထွက်ခွာခဲ့ရပြီးနောက်ကလပ်လက်မဲ့ဖြစ်နေခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

တူရကီပစ္ခတ္မႈတစ္ခုတြင္ ဖီနာဘာခ်ီႏွင့္ဘီဆစ္တပ္ကစားသမားေဟာင္းတစ္ဦး ပါဝင္ပတ္သက္ေန

ဖီနာဘာခ်ီႏွင့္ဘီဆစ္တပ္ကစားသမားေဟာင္းဆီဇာေအာ့ဇ္တပ္ခ္ဟာတူရကီတြင္ျဖစ္ပြားခဲ့တဲ့လူတစ္ဦးေသဆုံးကာလူေလးဦးဒဏ္ရာရရွိတဲ့ပစ္ခတ္မႈတစ္ခုတြင္ပါဝင္ပတ္သက္ေနေၾကာင္းသိရပါတယ္။

စက္တင္ဘာလ၁၉ရက္ေန႔၊တနလၤာေန႔ကျဖစ္ပ်က္ခဲ့တဲ့ပစ္ခတ္မႈတြင္အသက္၃၅ႏွစ္ရွိကစားသမားေဟာင္းလည္းပါဝင္ေနတာျဖစ္ပါတယ္။

မ်က္ျမင္သက္ေသမ်ားရဲ႕အဆိုအရအသက္၃၅ႏွစ္ရွိကစားသမားဟာ Sile ျပည္နယ္တြင္ ျဖစ္ပြားတဲ့ယင္းပစ္ခတ္မႈတြင္လူအုပ္ထဲသို႔ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္းသိရပါတယ္။

အဆိုပါပစ္ခတ္မႈႏွင့္ပတ္သက္တဲ့ဗီဒီယိုဖိုင္အြန္လိုင္းတြင္ျပန႔္ႏွံ႔ေနေပမယ့္လည္းပစ္ခတ္သူမွာေအာ့ဇ္တပ္ခ္လားဆိုတာအတိအက်ေျပာဖို႔ခက္ခဲေနပါတယ္။မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရဆီဇာေအာ့ဇ္တပ္ခ္ႏွင့္သူ႔သူငယ္ခ်င္းတစ္ဦးတို႔ဟာယာဥ္ေၾကာပိတ္ဆို႔မႈေၾကာင့္အျခားသူမ်ားႏွင့္အခ်င္းမ်ားရာမွကားေပၚမွေသနတ္ထုတ္ကာပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ေဒသခံမီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရေလဗာကူဆင္အကယ္ဒမီကစားသမားေဟာင္းဟာထြက္ေျပးလ်က္ရွိၿပီးရဲတပ္ဖြဲ႕ကဖမ္းဆီးႏိုင္ေရးႀကိဳးပမ္းေနေၾကာင္းသိရပါတယ္။

ဂ်ာမနီဖြားကစားသမားဟာေလဗာကူဆင္တြင္ကစားသမားဘဝစတင္ကာႏုယင္ဘတ္၊မာနီဆာစေပၚ၊ဘီဆစ္တပ္၊ဖီနာဘာခ်ီတို႔တြင္လည္းကစားခဲ့ဖူးပါတယ္။

တူရကီယူ-၂၀လက္ေ႐ြးစင္အသင္းအတြက္ကစားခဲ့ဖူးတဲ့သူဟာ၂၀၁၅ခုႏွစ္တုန္းကဘီဆစ္တပ္မွထြက္ခြာခဲ့ရၿပီးေနာက္ကလပ္လက္မဲ့ျဖစ္ေနခဲ့သူလည္းျဖစ္ပါတယ္။