တူရကီပထမတန်းပွဲတွင် ဂိုးသမားတစ်ဦးကို အလံတိုင်ဖြင့် ပရိသတ်တစ်ဦး ကွင်းထဲဝင်ရိုက်မှုဖြစ်ပွား

Goztepe နှင့်Altay တို့ရဲ့ရင်ဆိုင်ကစားရတဲ့တူရကီပထမတန်းပွဲစဉ်မှာပရိသတ်တစ်ဦးကဂိုးသမားအိုဇန်အီဗရမ်အိုဇန်ကိုအလံတိုင်ဖြင့်ဝင်ရိုက်မှုဖြစ်ပွားပြီးနောက်ပွဲကိုရပ်ဆိုင်းလိုက်ရပါတယ်။

အဆိုပါတုန်လှုပ်ဖွယ်အဖြစ်အပျက်မှာတနင်္ဂနွေနေ့ညတုန်းကUckuyular ရှိပရိသတ်၂၅၀၀၀ဆန့်Gursel Aksel Stadiumကွင်းတွင်ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ်။

Goztepe ပရိသတ်တစ်ဦးဟာကွင်းအတွင်းဝင်ရောက်လာပြီးအလံတိုင်ကိုနုတ်ယူပြီးနောက်ဂိုးသမားအိုဇန်ဆီသို့ပြေးလွှားသွားရောက်ကာနောက်စေ့ကိုရိုက်ခဲ့တာလည်းဖြစ်ပါတယ်။

အိုဇန်ဟာခေါင်းကွဲဒဏ်ရာရရှိခဲ့ပြီးဆေးရုံသို့ချက်ချင်းသွားရောက်ခဲ့ရပါတယ်။သူဟာခေါင်းကိုအရိုက်ခံရမှုကြောင်းခေါင်းမူးဝေနေကြောင်းသိရပါတယ်။

အိုဇန်ရဲ့ခေါင်းကိုရိုက်ခဲ့တာပရိသတ်ဟာလည်းဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

CCN ရဲ့ဖော်ပြချက်အရပွဲအစ၁၉မိနစ်တွင် Altay ပွဲကြည့်စင်မှပရိသတ်များရဲ့မီးရှူးဖြင့်ပစ်ခတ်မှုကြောင့် Goztepe ပရိသတ်အချို့ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။

ယင်းကိုဆေးအဖွဲ့ကလူနာတင်ယာဉ်ဖြင့်ဆေးကုသမှုပြုလုပ်ရန်လုပ်ဆောင်နေစဉ်ပရိသတ်ကကွင်းအတွင်းသို့ဝင်ရောက်ကာဂိုးသမားကိုအထောင့်ကန်ဘောအလံတိုင်ရိုက်ခဲ့တာဖြစ်ပါတယ်။

ZawGyi

တူရကီပထမတန္းပြဲတြင္ ဂိုးသမားတစ္ဦးကို အလံတိုင္ျဖင့္ ပရိသတ္တစ္ဦး ကြင္းထဲဝင္႐ိုက္မႈျဖစ္ပြား

Goztepe ႏွင့္Altay တို႔ရဲ႕ရင္ဆိုင္ကစားရတဲ့တူရကီပထမတန္းပြဲစဥ္မွာပရိသတ္တစ္ဦးကဂိုးသမားအိုဇန္အီဗရမ္အိုဇန္ကိုအလံတိုင္ျဖင့္ဝင္႐ိုက္မႈျဖစ္ပြားၿပီးေနာက္ပြဲကိုရပ္ဆိုင္းလိုက္ရပါတယ္။

အဆိုပါတုန္လႈပ္ဖြယ္အျဖစ္အပ်က္မွာတနဂၤေႏြေန႔ညတုန္းကUckuyular ရွိပရိသတ္၂၅၀၀၀ဆန႔္Gursel Aksel Stadiumကြင္းတြင္ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္။

Goztepe ပရိသတ္တစ္ဦးဟာကြင္းအတြင္းဝင္ေရာက္လာၿပီးအလံတိုင္ကိုႏုတ္ယူၿပီးေနာက္ဂိုးသမားအိုဇန္ဆီသို႔ေျပးလႊားသြားေရာက္ကာေနာက္ေစ့ကို႐ိုက္ခဲ့တာလည္းျဖစ္ပါတယ္။

အိုဇန္ဟာေခါင္းကြဲဒဏ္ရာရရွိခဲ့ၿပီးေဆး႐ုံသို႔ခ်က္ခ်င္းသြားေရာက္ခဲ့ရပါတယ္။သူဟာေခါင္းကိုအ႐ိုက္ခံရမႈေၾကာင္းေခါင္းမူးေဝေနေၾကာင္းသိရပါတယ္။

အိုဇန္ရဲ႕ေခါင္းကို႐ိုက္ခဲ့တာပရိသတ္ဟာလည္းဖမ္းဆီးထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။

CCN ရဲ႕ေဖာ္ျပခ်က္အရပြဲအစ၁၉မိနစ္တြင္ Altay ပြဲၾကည့္စင္မွပရိသတ္မ်ားရဲ႕မီးရႉးျဖင့္ပစ္ခတ္မႈေၾကာင့္ Goztepe ပရိသတ္အခ်ိဳ႕ဒဏ္ရာရရွိခဲ့ေၾကာင္းသိရပါတယ္။

ယင္းကိုေဆးအဖြဲ႕ကလူနာတင္ယာဥ္ျဖင့္ေဆးကုသမႈျပဳလုပ္ရန္လုပ္ေဆာင္ေနစဥ္ပရိသတ္ကကြင္းအတြင္းသို႔ဝင္ေရာက္ကာဂိုးသမားကိုအေထာင့္ကန္ေဘာအလံတိုင္႐ိုက္ခဲ့တာျဖစ္ပါတယ္။