
ဝက်ဖို့ဒ်ဟာဖီနာဘာချီအသင်းမှတူရကီလက်ရွေးစင်ကစားသမားအိုဇန်တူဖန်ကို တစ်ရာသီအငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ပါတယ်။
ဝက်ဖို့ဒ်ဟာတူရကီလက်ရွေးစင်ကစားသမားအားလာမယ့်နှစ်နွေရာသီတွင်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ဖြင့်အငှားခေါ်ယူလိုက်တာဖြစ်ပါတယ်။
တူဖန်ဟာတူရကီလက်ရွေးစင်အသင်းအတွက်၆၃ပွဲကစားကာ၉ဂိုးသွင်းယူထားသူဖြစ်ပါတယ်။သူဟာယူရို၂၀၂၀ပြိုင်ပွဲတွင်တူရကီရဲ့အုပ်စုပွဲသုံးပွဲလုံးကိုပွဲထွက်ကစားခဲ့ပြီးယင်းသုံးပွဲလုံးရှုံးနိမ့်ခဲ့ပါတယ်။
သူဟာဘော်ဆာစပေါ်လူငယ်စီမံကိန်းမှထွက်ပေါ်လာသူဖြစ်ပြီး၂၀၁၂ခုနှစ်တွင်တူရကီစူပါလိဂ်ပထမဆုံးကိုကစားခွင့်ရခဲ့ပါတယ်။အလယ်တန်းတွင်နေရာစုံနီးပါးကစားနိုင်တဲ့သူဟာ၂၀၁၅ခုနှစ်တွင်ဖီနာဘာချီသို့ပြောင်းရွှေ့ပြီးနောက်၁၇၄ပွဲကစားကာ၂၁ဂိုးသွင်းယူခဲ့ပါတယ်။
ပရီးမီးယားလိဂ်တန်းတက်ဝက်ဖို့ဒ်ဟာပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တုန်းကဗီလာကို၃-၂ဂိုးဖြင့်အနိုင်ရယူနိုင်ခဲ့ပြီးတစ်ကျော့ပြန်ပရီးမီးယားလိဂ်ခရီးတာထွက်ကောင်းခဲ့ပါတယ်။
ZawGyi
တူရကီလက္ေ႐ြးစင္အလယ္တန္းကစားသမားအား ဝက္ဖို႔ဒ္အငွားျဖင့္ ေခၚယူ
ဝက္ဖို႔ဒ္ဟာဖီနာဘာခ်ီအသင္းမွတူရကီလက္ေ႐ြးစင္ကစားသမားအိုဇန္တူဖန္ကို တစ္ရာသီအငွားစာခ်ဳပ္ျဖင့္ေခၚယူလိုက္ပါတယ္။
ဝက္ဖို႔ဒ္ဟာတူရကီလက္ေ႐ြးစင္ကစားသမားအားလာမယ့္ႏွစ္ေႏြရာသီတြင္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ျဖင့္အငွားေခၚယူလိုက္တာျဖစ္ပါတယ္။
တူဖန္ဟာတူရကီလက္ေ႐ြးစင္အသင္းအတြက္၆၃ပြဲကစားကာ၉ဂိုးသြင္းယူထားသူျဖစ္ပါတယ္။သူဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္တူရကီရဲ႕အုပ္စုပြဲသုံးပြဲလုံးကိုပြဲထြက္ကစားခဲ့ၿပီးယင္းသုံးပြဲလုံးရႈံးနိမ့္ခဲ့ပါတယ္။
သူဟာေဘာ္ဆာစေပၚလူငယ္စီမံကိန္းမွထြက္ေပၚလာသူျဖစ္ၿပီး၂၀၁၂ခုႏွစ္တြင္တူရကီစူပါလိဂ္ပထမဆုံးကိုကစားခြင့္ရခဲ့ပါတယ္။အလယ္တန္းတြင္ေနရာစုံနီးပါးကစားႏိုင္တဲ့သူဟာ၂၀၁၅ခုႏွစ္တြင္ဖီနာဘာခ်ီသို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္၁၇၄ပြဲကစားကာ၂၁ဂိုးသြင္းယူခဲ့ပါတယ္။
ပရီးမီးယားလိဂ္တန္းတက္ဝက္ဖို႔ဒ္ဟာပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္တုန္းကဗီလာကို၃-၂ဂိုးျဖင့္အႏိုင္ရယူႏိုင္ခဲ့ၿပီးတစ္ေက်ာ့ျပန္ပရီးမီးယားလိဂ္ခရီးတာထြက္ေကာင္းခဲ့ပါတယ္။