တူရကီလိဂ်ပွဲစဉ်တွင် ကွင်းအတွင်း လဲကျခဲ့တဲ့ ဘီဆစ်တပ်နောက်ခံလူ
ဖာဘရစ်အန်ဆာကာလာဟာဂါဇီယန်တစ်နှင့်ရင်ဆိုင်ရတဲ့ဘီဆစ်တပ်ရဲ့ပွဲစဉ်တွင်ကွင်းအတွင်းမေ့လဲကျခဲ့ပါတယ်။
အသက်၃၁နှစ်ရှိနောက်ခံလူဟာစနေနေ့တုန်းကတူရကီစူပါလိဂ်ပွဲစဉ်ရဲ့ပွဲချိန်၇၆မိနစ်တွင်လဲကျပြီးနောက်လူနာတင်ယာဉ်ဖြင့်ဆေးရုံသို့အရေးပေါ်တက်ရောက်ခဲ့ရပါတယ်။
ကံကောင်းတာကတော့ဖာဘရစ်အန်ဆာကာလာဟာအမြန်ဆုံးပြန်လည်သက်သာကောင်းမွန်လာခဲ့ပြီးဆေးရုံခုတင်ထက်တွင်ပြုံးပြီးလက်မထောင်နေတဲ့ဓာတ်ပုံကိုအွန်လိုင်းတွင်တင်ကာအတည်ပြုလာပါတယ်။
ဘီဆစ်တပ်အသင်းကကွန်ဂိုလက်ရွေးစင်နောက်ခံလူဟာကွင်းအတွင်းလဲကျစဉ်အတွင်းတွင်သတိမေ့လျှော့သွားခဲ့ခြင်းမျိုးမရှိကြောင်းကြေညာခဲ့ပါတယ်။
အန်ဆာကာလာဟာကွင်းအတွင်းတွင်၁၁မိနစ်ခန့်အရေးပေါ်ကုသမှုခံယူခဲ့ရပါသေးတယ်။ယင်းပွဲမှာဂိုးမရှိသရေဖြင့်ပြီးဆုံးသွားပါတယ်။
ဘီဆစ်တပ်နည်းပြယာလ်စင်က “အန်ဆာကာလာကကောင်းပါတယ်။ဘာပြဿနာမှမရှိပါဘူး။အဲဒီတုန်းကတော့ကျွန်တော်တို့အရမ်းတုန်လှုပ်ခဲ့ကြရပါတယ်။နောက်ဒါမျိုးမဖြစ်လာဖို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။
ပြင်သစ်ကလပ် ထရိုယက်စ်အကယ်ဒမီထွက်အန်ဆာကာလာဟာထရိုယက်စ်တွင်ငါးရာသီကြာကစားပြီးနောက်အန်ဒါလက်ချ်၊အလန်ယာစပေါ်တို့တွင်လည်းကစားခဲ့ပြီးပြီးခဲ့တဲ့နှစ်နွေတွင်ဘီဆစ်တပ်သို့ရောက်လာသူဖြစ်ပါတယ်။
သူဟာပြင်သစ်လူငယ်လက်ရွေးစင်တို့တွင်ကစားခဲ့သော်လည်းစီနီယာအသင်းအတွက်မူကွန်ဂိုအတွက်သာကစားနေသူလည်းဖြစ်ပါတယ်။သူဟာကွန်ဂိုအတွက်၁၅ပွဲကစားထားပါတယ်။
ZawGyi
ဖာဘရစ်အန်ဆာကာလာဟာဂါဇီယန်တစ်နှင့်ရင်ဆိုင်ရတဲ့ဘီဆစ်တပ်ရဲ့ပွဲစဉ်တွင်ကွင်းမေ့လဲကျခဲ့ပါတယ်။
ပြင်သစ်ကလပ် ထရိုယက်စ်အကယ်ဒမီထွက်အန်ဆာကာလာဟာထရိုယက်စ်တွင်ငါးရာသီကြာကစားပြီးနောက်အန်ဒါလက်ခ်ျ၊အလန်ယာစပေါ်တို့တွင်လည်းကစားခဲ့ပြီးပြီးခဲ့တဲ့နှစ်နွေတွင်ဘီဆစ်တပ်သို့ရောက်လာသူဖြစ်ပါတယ်။