တူရကီအလံ လန်ဒန်တွင် ပျံလွှင့်လာတော့မည်၊ ချဲလ်ဆီးကို ဝယ်ယူရန် အပြီးသတ်လုနီးပါးဖြစ်နေတဲ့တူရကီဘီလျှံနာ

တူရကီစီးပွားရေးလုပ်ငန်းရှင် မူဆင်ဘေရက်ခ်ကချဲလ်ဆီးကိုဝယ်ယူရန် ရိုမန်အေဘရာမိုဗစ်နှင့်သဘောတူညီမှုရလုနီးပါးဖြစ်နေပြီဖြစ်ကြောင်းပြောကြားလာပါတယ်။

၎င်းက ချဲလ်ဆီးတွင်ဝယ်ယူရန်နီးစပ်နေပြီဖြစ်ပြီးအနီရောင်တူရကီအလံမှာစတမ်းဖို့ဒ်ဘရစ်ချ်တွင်ပျံလွှင့်လာတော့မှာဖြစ်ကြောင်းဆိုသွားပါတယ်။

ရိုမန်အေဘရာမိုဗစ်ဟာရုရှားရဲ့ယူကရိန်းကျူးကျော်စစ်ကြောင့်ဆန်ရှင်စာရင်းတွင်ထည့်သွင်းခံရကာပိုင်ဆိုင်မှုများအသိမ်းခံရမယ့်အခြေအနေတွင် ရှိနေပါတယ်။

ပေါင်၇.၆ဘီလီယံကြွယ်ဝချမ်းသာတယ်လို့ယူဆရတဲ့ ဘေရက်ခ်က “ချဲလ်ဆီးကိုဝယ်ယူရေးအတွက်ရိုမန်အေဘရာမိုဗစ်ရဲ့ရှေ့နေတွေနဲ့ဆွေးနွေးနေပါတယ်။လက်မှတ်ထိုးနိုင်ဖို့ဆွေးနွေးနေပါတယ်။လန်ဒန်မှာတူရကီအလံလွှင့်နိုင်ပါတော့မယ်။ကျွန်တော့်ရှေ့နေတွေနဲ့ရိုမန်အေဘရာမိုဗစ်ရဲ့ရှေ့နေတွေဟာစတင်ဆွေးနွေးကတည်းကအမြဲထိတွေ့မှုရှိနေပါတယ်။ဒီအရောင်းအဝယ်ကတူရကီအတွက်အရမ်းအရေးပါပါတယ်”လို့ပြောကြားသွားပါတယ်။

ဘေရက်ခ်က ချဲလ်ဆီးကိုဝယ်ယူရန်ဘီလျှံနာများဖြစ်ကြတဲ့ဟန်ဂျော့ဝှိုက်စ်နှင့်တုဒ်ဘိုလီတို့ကကမ်းလှမ်းမှုပြုလုပ်လာပြီးနောက်၂၄နာရီအတွင်းတွင် ဝယ်ယူရေးကြိုးပမ်းလာတာလည်းဖြစ်ပါတယ်။

ဘေရက်ခ်က စွမ်းအင်၊မိုင်းတွင်းနှင့်ခရိုင်တိုကာရင်းတို့တွင်ရင်းနှီးမြှပ်နှံမှုများပြုလုပ်နေတဲ့ AB Holding Group ရဲ့ဥက္ကဌဖြစ်ပါတယ်။

၂၀၀၃ခုနှစ်တုန်းကချဲလ်ဆီးကိုဝယ်ယူခဲ့တဲ့ရိုမန်အေဘရာမိုဗစ်ဟာချဲလ်ဆီးကိုရောင်းချရေးကိုအလျှင်စလိုလုပ်ဆောင်သွားမှာဖြစ်ပြီးအနည်းဆုံးပေါင်၃ဘီလီယံရရှိမှသာလျှင်ရောင်းချသွားဖို့ရှိပါတယ်။

ZawGyi

တူရကီအလံ လန္ဒန္တြင္ ပ်ံလႊင့္လာေတာ့မည္၊ ခ်ဲလ္ဆီးကို ဝယ္ယူရန္ အၿပီးသတ္လုနီးပါးျဖစ္ေနတဲ့တူရကီဘီလွ်ံနာ

တူရကီစီးပြားေရးလုပ္ငန္းရွင္ မူဆင္ေဘရက္ခ္ကခ်ဲလ္ဆီးကိုဝယ္ယူရန္ ႐ိုမန္ေအဘရာမိုဗစ္ႏွင့္သေဘာတူညီမႈရလုနီးပါးျဖစ္ေနၿပီျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

၎က ခ်ဲလ္ဆီးတြင္ဝယ္ယူရန္နီးစပ္ေနၿပီျဖစ္ၿပီးအနီေရာင္တူရကီအလံမွာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္ပ်ံလႊင့္လာေတာ့မွာျဖစ္ေၾကာင္းဆိုသြားပါတယ္။

႐ိုမန္ေအဘရာမိုဗစ္ဟာ႐ုရွားရဲ႕ယူကရိန္းက်ဴးေက်ာ္စစ္ေၾကာင့္ဆန္ရွင္စာရင္းတြင္ထည့္သြင္းခံရကာပိုင္ဆိုင္မႈမ်ားအသိမ္းခံရမယ့္အေျခအေနတြင္ ရွိေနပါတယ္။

ေပါင္၇.၆ဘီလီယံႂကြယ္ဝခ်မ္းသာတယ္လို႔ယူဆရတဲ့ ေဘရက္ခ္က “ခ်ဲလ္ဆီးကိုဝယ္ယူေရးအတြက္႐ိုမန္ေအဘရာမိုဗစ္ရဲ႕ေရွ႕ေနေတြနဲ႔ေဆြးေႏြးေနပါတယ္။လက္မွတ္ထိုးႏိုင္ဖို႔ေဆြးေႏြးေနပါတယ္။လန္ဒန္မွာတူရကီအလံလႊင့္ႏိုင္ပါေတာ့မယ္။ကြၽန္ေတာ့္ေရွ႕ေနေတြနဲ႔႐ိုမန္ေအဘရာမိုဗစ္ရဲ႕ေရွ႕ေနေတြဟာစတင္ေဆြးေႏြးကတည္းကအၿမဲထိေတြ႕မႈရွိေနပါတယ္။ဒီအေရာင္းအဝယ္ကတူရကီအတြက္အရမ္းအေရးပါပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဘရက္ခ္က ခ်ဲလ္ဆီးကိုဝယ္ယူရန္ဘီလွ်ံနာမ်ားျဖစ္ၾကတဲ့ဟန္ေဂ်ာ့ဝႈိက္စ္ႏွင့္တုဒ္ဘိုလီတို႔ကကမ္းလွမ္းမႈျပဳလုပ္လာၿပီးေနာက္၂၄နာရီအတြင္းတြင္ ဝယ္ယူေရးႀကိဳးပမ္းလာတာလည္းျဖစ္ပါတယ္။

ေဘရက္ခ္က စြမ္းအင္၊မိုင္းတြင္းႏွင့္ခ႐ိုင္တိုကာရင္းတို႔တြင္ရင္းႏွီးျမႇပ္ႏွံမႈမ်ားျပဳလုပ္ေနတဲ့ AB Holding Group ရဲ႕ဥကၠဌျဖစ္ပါတယ္။

၂၀၀၃ခုႏွစ္တုန္းကခ်ဲလ္ဆီးကိုဝယ္ယူခဲ့တဲ့႐ိုမန္ေအဘရာမိုဗစ္ဟာခ်ဲလ္ဆီးကိုေရာင္းခ်ေရးကိုအလွ်င္စလိုလုပ္ေဆာင္သြားမွာျဖစ္ၿပီးအနည္းဆုံးေပါင္၃ဘီလီယံရရွိမွသာလွ်င္ေရာင္းခ်သြားဖို႔ရွိပါတယ္။