တူရင်မြို့တော်ဝန်ရာထူးအတွက် ယှဉ်ပြိုင်မည်မဟုတ်ဟု မာချီစီယိုငြင်းဆို

ဂျူဗင်တပ်အလယ်တန်းကစားသမားကလော်ဒီယိုမာချီစီယိုကတူရင်မြို့တော်ဝန်ရာထူးအတွက်ယှဉ်ပြိုင်သွားမည်မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၃၅နှစ်ရှိမာချီစီယိုဟာ၂၀၀၉ခုနှစ်တုန်းကကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပြီးမကြာသေးမီတုန်းကနိုင်ငံ ရေးလောကသို့ဝင်ရောက်တော့မှာဖြစ်ကြောင်းတရားဝင်ကြေညာခဲ့သူဖြစ်ပါတယ်။

ယင်းနောက်ပိုင်းတွင်အီတလီမီဒီယာများကမာချီစီယိုဟာသူမွေးဖွားကြီးပြင်းရာတူရင်မြို့ရဲ့မြို့တော်ဝန်ရာထူးအတွက်ယှဉ်ပြိုင်လာမယ်လို့ဖော်ပြ ခဲ့ကြပါတယ်။

ဒါပေမယ့်မာချီစီယိုက၎င်းမှာတူရင်မြို့တော်ဝန်ရာထူးအတွက်ယှဉ်ပြိုင်သွားမှာမဟုတ်ကြောင်းဆိုစီရှယ်မီဒီယာမှ တစ်ဆင့်ငြင်းဆိုလာပါတယ်။

အီတလီလက်ရွေးစင်ကစားသမားဟောင်းဟာဂျူဗင်တပ်အတွက်၃၈၉ပွဲကစားကာ၃၇ဂိုးသွင်းယူခဲ့သူဖြစ်ပြီးဂျူဗင် တပ်နှင့်အတူဆုဖလား၁၅လုံးဆွတ်ခူးခဲ့နိုင်သူလည်းဖြစ်ပါတယ်။

ZawGyi

တူရင္ၿမိဳ႕ေတာ္ဝန္ရာထူးအတြက္ ယွဥ္ၿပိဳင္မည္မဟုတ္ဟု မာခ်ီစီယိုျငင္းဆို

ဂ်ဴဗင္တပ္အလယ္တန္းကစားသမားကေလာ္ဒီယိုမာခ်ီစီယိုကတူရင္ၿမိဳ႕ေတာ္ဝန္ရာထူးအတြက္ယွဥ္ၿပိဳင္သြားမည္မဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၃၅ႏွစ္ရွိမာခ်ီစီယိုဟာ၂၀၀၉ခုႏွစ္တုန္းကကစားသမားဘဝမွအနားယူခဲ့သူျဖစ္ၿပီးမၾကာေသးမီတုန္းကႏိုင္ငံ ေရးေလာကသို႔ဝင္ေရာက္ေတာ့မွာျဖစ္ေၾကာင္းတရားဝင္ေၾကညာခဲ့သူျဖစ္ပါတယ္။

ယင္းေနာက္ပိုင္းတြင္အီတလီမီဒီယာမ်ားကမာခ်ီစီယိုဟာသူေမြးဖြားႀကီးျပင္းရာတူရင္ၿမိဳ႕ရဲ႕ၿမိဳ႕ေတာ္ဝန္ရာထူးအတြက္ယွဥ္ၿပိဳင္လာမယ္လို႔ေဖာ္ျပ ခဲ့ၾကပါတယ္။

ဒါေပမယ့္မာခ်ီစီယိုက၎မွာတူရင္ၿမိဳ႕ေတာ္ဝန္ရာထူးအတြက္ယွဥ္ၿပိဳင္သြားမွာမဟုတ္ေၾကာင္းဆိုစီရွယ္မီဒီယာမွ တစ္ဆင့္ျငင္းဆိုလာပါတယ္။

အီတလီလက္ေ႐ြးစင္ကစားသမားေဟာင္းဟာဂ်ဴဗင္တပ္အတြက္၃၈၉ပြဲကစားကာ၃၇ဂိုးသြင္းယူခဲ့သူျဖစ္ၿပီးဂ်ဴဗင္ တပ္ႏွင့္အတူဆုဖလား၁၅လုံးဆြတ္ခူးခဲ့ႏိုင္သူလည္းျဖစ္ပါတယ္။