
ပီအက်စ်ဂျီစတားလီယွန်နယ်မက်ဆီဟာမနေ့ညတုန်းကတူးလော့စ်ကိုအနိုင်ရတဲ့ပွဲမှာလှပလွန်းလှတဲ့အနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။
ပီအက်စ်ဂျီဟာအိမ်ကွင်းမှာကစားရပေမဲ့နောက်ကလိုက်ကစားခဲ့ရတာဖြစ်ပြီး၂-၁ဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်တွင်လီယွန်နယ်မက်ဆီဟာဟာကီမီဆွဲပြေးလာရာမှရောက်လာတဲ့ဘောလုံးကိုဧရိယာအပြင်ကနေဘယ်ခြေဖြင့်ဝေ့ဝိုက်ကာအောက်ထောင့်သို့ကန်သွင်းခဲ့တာဖြစ်ပါတယ်။
မနေ့ညကပွဲစဉ်တွင်ဧည့်သည်တူးလော့စ်ဟာပွဲအစမိနစ်၂၀တွင်ဘရန်ကိုဗန်ဒန်ဘိုးမန့်ရဲ့ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပြီး၃၈မိနစ်မှာဟာကီမီကချေပဂိုးသွင်းခဲ့ပါတယ်။ယင်းနောက်ဒုတိယပိုင်း၅၈မိနစ်မှာမက်ဆီကအနိုင်ဂိုးသွင်းခဲ့တာလည်းဖြစ်ပါတယ်။
ZawGyi
တူးလော့စ်ကို အနိုင်ရတဲ့ပွဲမှာ ပီအက်စ်ဂျီအတွက် လှပလွန်းလှတဲ့ဂိုးထပ်သွင်းခဲ့ပြန်တဲ့ လီယွန်နယ်မက်ဆီ