တောင်ကိုရီးယားကို ၃-၂ ဂိုးဖြင့်အနိုင်ရတဲ့ပွဲအပြီးတွင် ငိုနေတဲ့ ဆန်ဟောင်မင်းနှင့် Selfie ရိုက်ကူးရန် ကြိုးပမ်းခဲ့တဲ့ ဂါနာနည်းပြ

ဂါနာနည်းပြအဖွဲ့ဝင်တစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲတွင်တောင်ကိုရီးယားကိုဂါနာကအနိုင်ရရှိပြီးနောက် အသင်းရှုံးပွဲကြောင့်ငိုယိုနေတဲ့တောင်ကိုရီးယားစတားဆန်ဟောင်မင်းနှင့် Selfie ရိုက်ကူးရန်ကြိုးပမ်းခဲ့ပါတယ်။

ဂါနာဟာမနေ့ညတုန်းကတောင်ကိုရီးယားကို၃-၂ဂိုးဖြင့်အနိုင်ရရှိကာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင်ပထမဆုံးနိုင်ပွဲရရှိသွားခဲ့ပါတယ်။

တောင်ကိုရီးယားကတော့ဂါနာကိုရှုံးနိမ့်ပြီးနောက်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲနှစ်ပွဲတွင်တစ်ပွဲရှုံး၊တစ်ပွဲသရေကျကာနိုင်ပွဲမရရှိမှုနှင့်အတူ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ရန်ခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။

တောင်ကိုရီးယားစတားဆန်ဟောင်မင်းဟာဂါနာကိုရှုံးနိမ့်တဲ့ပွဲအပြီးတွင်အသင်းရဲ့ကမ္ဘာ့ဖလားမျှော်လင့်ချက်ကုန်ဆုံးသလောက်ဖြစ်သွားမှုကြောင့်ငိုယိုနေခဲ့ပါတယ်။

ဒါပေမဲ့ဂါနာနည်းပြအဖွဲ့ဝင်တစ်ဦးကတော့ ဆန်ဟောင်မင်းရဲ့စိတ်ပျက်နေမှုကိုဂရုမစိုက်ဘဲ Selfie ရိုက်ကူးရန်ကြိုးပမ်းခဲ့ပါတယ်။

သူဟာစပါးစ်စတားထံသို့သွားရောက်ပြီးကင်မရာဖြင့်ဓာတ်ပုံရိုက်ကူးရန်ကြိုးပမ်းခဲ့ပါတယ်။ဆန်ဟောင်မင်းကလည်းယင်းနည်းပြအဖွဲ့ဝင်ကိုရှောင်ခဲ့ပါတယ်။ဒါ့အပြင်အခြားဂါနာနည်းပြအဖွဲ့ဝင်တစ်ဦးကယင်းနည်းပြအဖွဲ့ဝင်ကိုယင်းသို့မလုပ်ဆောင်ရန်ပြောဆိုခဲ့ပါတယ်။

အထက်ပါဖြစ်ရပ်နှင့်ပတ်သက်ပြီးဂါနာနည်းပြအဖွဲ့ဝင်ကိုပရိသတ်များဝေဖန်လျက်ရှိနေပါတယ်။

ပရိသတ်တစ်ဦးက “ဆန်ကငိုနေတယ်။ဒီဂါနာနည်းပြကSelfie ရိုက်ကူးမတဲ့လား”လို့ဆိုသွားပါတယ်။

အခြားတစ်ဦးကလည်း “ဒီဂါနာနည်းပြကဆန်တဲ့ Selfie ရိုက်ကူးဖို့လုပ်နေတာလား။တကယ့်ကိုအရှက်မဲ့လုပ်ရပ်ပဲ”လို့ဆိုသွားပါတယ်။အခြားတစ်ဦးကလည်း “ငိုနေတဲ့ ဆန်နဲ့Selfie ရိုက်ဖို့ကြိုးစားတဲ့ဒီဂါနာနည်းပြကတော့တော်တော်အရှက်မဲ့တာပဲ”လို့ဆိုသွားပါတယ်။

တောင်ကိုရီးယားဟာလာမယ့်သောကြာနေ့မှာ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ထားပြီးဖြစ်တဲ့ပေါ်တူဂီနှင့်ရင်ဆိုင်ရပါမယ်။ဂါနာကတော့ အုပ်စုအဆင့်ကိုကျော်ဖြတ်ရေးအဆုံးအဖြတ်ပွဲအဖြစ်ဥရုဂွေးနှင့်ရင်ဆိုင်ရပါမယ်။

ZawGyi

ေတာင္ကိုရီးယားကို ၃-၂ ဂိုးျဖင့္အႏိုင္ရတဲ့ပြဲအၿပီးတြင္ ငိုေနတဲ့ ဆန္ေဟာင္မင္းႏွင့္ Selfie ႐ိုက္ကူးရန္ ႀကိဳးပမ္းခဲ့တဲ့ ဂါနာနည္းျပ

ဂါနာနည္းျပအဖြဲ႕ဝင္တစ္ဦးဟာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ေတာင္ကိုရီးယားကိုဂါနာကအႏိုင္ရရွိၿပီးေနာက္ အသင္းရႈံးပြဲေၾကာင့္ငိုယိုေနတဲ့ေတာင္ကိုရီးယားစတားဆန္ေဟာင္မင္းႏွင့္ Selfie ႐ိုက္ကူးရန္ႀကိဳးပမ္းခဲ့ပါတယ္။

ဂါနာဟာမေန႔ညတုန္းကေတာင္ကိုရီးယားကို၃-၂ဂိုးျဖင့္အႏိုင္ရရွိကာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲတြင္ပထမဆုံးႏိုင္ပြဲရရွိသြားခဲ့ပါတယ္။

ေတာင္ကိုရီးယားကေတာ့ဂါနာကိုရႈံးနိမ့္ၿပီးေနာက္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲႏွစ္ပြဲတြင္တစ္ပြဲရႈံး၊တစ္ပြဲသေရက်ကာႏိုင္ပြဲမရရွိမႈႏွင့္အတူ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ရန္ခက္ခဲသြားခဲ့ၿပီျဖစ္ပါတယ္။

ေတာင္ကိုရီးယားစတားဆန္ေဟာင္မင္းဟာဂါနာကိုရႈံးနိမ့္တဲ့ပြဲအၿပီးတြင္အသင္းရဲ႕ကမာၻ႔ဖလားေမွ်ာ္လင့္ခ်က္ကုန္ဆုံးသေလာက္ျဖစ္သြားမႈေၾကာင့္ငိုယိုေနခဲ့ပါတယ္။

ဒါေပမဲ့ဂါနာနည္းျပအဖြဲ႕ဝင္တစ္ဦးကေတာ့ ဆန္ေဟာင္မင္းရဲ႕စိတ္ပ်က္ေနမႈကိုဂ႐ုမစိုက္ဘဲ Selfie ႐ိုက္ကူးရန္ႀကိဳးပမ္းခဲ့ပါတယ္။

သူဟာစပါးစ္စတားထံသို႔သြားေရာက္ၿပီးကင္မရာျဖင့္ဓာတ္ပုံ႐ိုက္ကူးရန္ႀကိဳးပမ္းခဲ့ပါတယ္။ဆန္ေဟာင္မင္းကလည္းယင္းနည္းျပအဖြဲ႕ဝင္ကိုေရွာင္ခဲ့ပါတယ္။ဒါ့အျပင္အျခားဂါနာနည္းျပအဖြဲ႕ဝင္တစ္ဦးကယင္းနည္းျပအဖြဲ႕ဝင္ကိုယင္းသို႔မလုပ္ေဆာင္ရန္ေျပာဆိုခဲ့ပါတယ္။

အထက္ပါျဖစ္ရပ္ႏွင့္ပတ္သက္ၿပီးဂါနာနည္းျပအဖြဲ႕ဝင္ကိုပရိသတ္မ်ားေဝဖန္လ်က္ရွိေနပါတယ္။

ပရိသတ္တစ္ဦးက “ဆန္ကငိုေနတယ္။ဒီဂါနာနည္းျပကSelfie ႐ိုက္ကူးမတဲ့လား”လို႔ဆိုသြားပါတယ္။

အျခားတစ္ဦးကလည္း “ဒီဂါနာနည္းျပကဆန္တဲ့ Selfie ႐ိုက္ကူးဖို႔လုပ္ေနတာလား။တကယ့္ကိုအရွက္မဲ့လုပ္ရပ္ပဲ”လို႔ဆိုသြားပါတယ္။အျခားတစ္ဦးကလည္း “ငိုေနတဲ့ ဆန္နဲ႔Selfie ႐ိုက္ဖို႔ႀကိဳးစားတဲ့ဒီဂါနာနည္းျပကေတာ့ေတာ္ေတာ္အရွက္မဲ့တာပဲ”လို႔ဆိုသြားပါတယ္။

ေတာင္ကိုရီးယားဟာလာမယ့္ေသာၾကာေန႔မွာ၁၆သင္းရႈံးထြက္အဆင့္သို႔တက္ေရာက္ထားၿပီးျဖစ္တဲ့ေပၚတူဂီႏွင့္ရင္ဆိုင္ရပါမယ္။ဂါနာကေတာ့ အုပ္စုအဆင့္ကိုေက်ာ္ျဖတ္ေရးအဆုံးအျဖတ္ပြဲအျဖစ္ဥ႐ုေဂြးႏွင့္ရင္ဆိုင္ရပါမယ္။