တောင်ကိုရီးယားတွင် စပါးစ်ကို ကြိုဆိုမှုပြုလုပ်ခဲ့တဲ့ ဆန်ဟောင်မင်

စပါးစ်ကစားသမားများဟာတောင်ကိုရီးယားသို့ရာသီကြိုခြေစမ်းပွဲကစားရန် ရောက်လာစဉ်တုန်းကမြောက်မြားလှစွာသောပရိသတ်များရဲ့ကြိုဆိုခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်တောင်ကိုရီးယားစတားဆန်ဟောင်မင်ကလည်းစပါးစ်အသင်းကိုကြိုဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဆန်ဟောင်မင်ကတောင်ကိုရီးယားမှာနာမည်ကျော်တစ်ဦးဖြစ်ပါတယ်။သူက တောင်ကိုရီးယားအသင်းခေါင်းဆောင်တစ်ဦးဖြစ်သလိုတောင်ကိုရီးယားထုတ်ကမ္ဘာ့အဆင့်တစ်ဦးဆိုလည်းမမှားပါဘူး။

သူဟာ၂၀၁၈ခုနှစ်တုန်းကတောင်ကိုရီးယားကိုအာရှချန်ပီယံဖြစ်အောင်ခဲ့ပြီးနောက်စစ်မှုထမ်းခွင့်ကင်းလွတ်ခဲ့ပါတယ်။

ဆန်ဟောင်မင်ဟာ စပါးစ်ကစားသမားတို့ဆိုးလ်လေဆိပ်သို့ရောက်လာချိန်တွင်ဆိုင်းဘုတ်ကိုင်ပြီးကြိုဆိုခဲ့ပါတယ်။

စပါးစ်ဟာဗုဒ္ဓဟူးနေ့တွင် Team K League နှင့်ကစားမှာဖြစ်ပြီးစနေနေ့တွင် ဆီဗီလာနှင့်ရင်ဆိုင်ကစားပါမယ်။

ZawGyi





