တောင်ကိုရီးယားတွင် Calvin Klein ရဲ့မျက်နှာဖုံးဖြစ်လာတဲ့ စပါးစ်စတားဆန်ဟောင်မင်

ဆန်ဟောင်မင်ဟာ Calvin Klein အတွက်မော်ဒယ်လုပ်ဆောင်ပြီးသူ့ရဲ့Six-Pack ကိုပရိသတ်များအားပြသလာပါတယ်။

အသက်၃၀နှစ်ရှိစပါးစ်စတားဟာတောင်ကိုရီးယားတွင်ဖက်ရှင်ကုမ္ပဏီရဲ့မျက်နှာဖုံးဖြစ်လာတာလည်းဖြစ်ပါတယ်။

ဆန်ဟောင်မင်းဟာတောင်ကိုရီးယားမှာ Calvin Klein ရဲ့သံတမန်ဖြစ်လာပါတယ်။

၎င်းက “Calvin Klein ရဲ့ထုတ်ကုန်တွေကကျွန်တော့်ရဲ့ဘီရိုထဲမှာအထူးနေရာယူထားတာနှစ်တွေကြာပါပြီ။ဒီတော့ကျွန်တော်တို့ပူးပေါင်းမှုကသဘာဝကတည်းကကွက်တိဖြစ်နေပြီးသားပါ”လို့ပြောကြားသွားပါတယ်။

ဆန်ဟောင်မင်ဟာ Burberry တွင်လည်းတစ်ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်ဆောင်ရွက်နေသူဖြစ်ပြီးဇွန်လမစတင်လုပ်ဆောင်လာခဲ့တာပါ။

သူဟာ Ralph Laurenအတွက်လည်းမော်ဒယ်လုပ်ပေးခဲ့ဖူးသူဖြစ်ပါတယ်။

ဆန်ဟောင်မင်ဟာဘောလုံးကစားသမားဘဝမှအနားယူချိန်မှာ ဖက်ရှင်လောကသို့ဝင်ရောက်ရန်စီစဉ်ထားသူဖြစ်ပါတယ်။

ZawGyi







