တောင်ကိုရီးယားနည်းပြသစ်အဖြစ် ဂျာမနီနှင့်အမေရိကန်နည်းပြဟောင်းကလင်းစမန်းခန့်အပ်ခံရ

ဂျာမနီနှင့်အမေရိကန်နည်းပြဟောင်းဂျာဂင်ကလင်းစမန်းဟာတောင်ကိုရီးယားနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံလာရပါတယ်။

အသက်၅၈နှစ်ရှိကလင်းစမန်းဟာ၁၉၉၀ခုနှစ်တုန်းကဂျာမနီနှင့်အတူကမ္ဘာ့ဖလားဆွတ်ခူးခဲ့ဖူးသူဖြစ်ပြီးတောင်ကိုရီးယားအသင်းကို၃နှစ်ခွဲစာချုပ်ဖြင့်ကိုင်တွယ်ရန်လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။

ကလင်းစမန်းဟာတောင်ကိုရီးယားအသင်းကို၂၀၂၆ခုနှစ်ကမ္ဘာ့ဖလားအထိကိုင်တွယ်သွားရမှာလည်းဖြစ်ပါတယ်။

ကလင်းစမန်းဟာတောင်ကိုရီးယားအသင်းကိုပထမဆုံးပွဲအဖြစ်မတ်လ၂၄ရက်နေ့ကိုလံဘီယာနှင့်ခြေစမ်းပွဲကိုကိုင်တွယ်သွားရပါမယ်။

ကလင်းစမန်းဟာကစားသမားဘဝတုန်းကဂျာမနီအတွက်၁၀၈ပွဲကစားကာ၄၇ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီးကမ္ဘာ့ဖလားတွင်၁၆သင်းရှုံးထွက်အဆင့်မှထွက်ခဲ့ရပြီးနောက်ရာထူးမှနုတ်ထွက်သွားတဲ့ပေါ်တူဂီလူမျိုးနည်းပြပေါ်လိုဘင်တိုရဲ့နေရာမှာအစားထိုးတာဝန်ယူရပါမယ်။

စပါးစ်တိုက်စစ်မှူးဟောင်းဟာလွန်ခဲ့တဲ့သုံးနှစ်ကျော်တုန်းကဟာသာဘာလင်ကို၁၀ပတ်ကြာကိုင်တွယ်ပြီးနုတ်ထွက်လိုက်ကတည်းကဘောလုံးနည်းပြလောကနှင့်ဝေးကွာလာခဲ့သူဖြစ်ပါတယ်။

သူဟာနည်းပြအဖြစ်ဂျာမနီအသင်းကို၂၀၀၆ကမ္ဘာ့ဖလားပြိုင်ပွဲတွင်တတိယရရှိအောင်ဦးဆောင်ခဲ့သလိုအမေရိကန်ကိုလည်း၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ရှုံးထွက်အဆင့်သို့တက်အောင်ဦးဆောင်ခဲ့ဖူးပါတယ်။

ZawGyi

ေတာင္ကိုရီးယားနည္းျပသစ္အျဖစ္ ဂ်ာမနီႏွင့္အေမရိကန္နည္းျပေဟာင္းကလင္းစမန္းခန႔္အပ္ခံရ

ဂ်ာမနီႏွင့္အေမရိကန္နည္းျပေဟာင္းဂ်ာဂင္ကလင္းစမန္းဟာေတာင္ကိုရီးယားနည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံလာရပါတယ္။

အသက္၅၈ႏွစ္ရွိကလင္းစမန္းဟာ၁၉၉၀ခုႏွစ္တုန္းကဂ်ာမနီႏွင့္အတူကမာၻ႔ဖလားဆြတ္ခူးခဲ့ဖူးသူျဖစ္ၿပီးေတာင္ကိုရီးယားအသင္းကို၃ႏွစ္ခြဲစာခ်ဳပ္ျဖင့္ကိုင္တြယ္ရန္လက္မွတ္ေရးထိုးလိုက္ၿပီျဖစ္ပါတယ္။

ကလင္းစမန္းဟာေတာင္ကိုရီးယားအသင္းကို၂၀၂၆ခုႏွစ္ကမာၻ႔ဖလားအထိကိုင္တြယ္သြားရမွာလည္းျဖစ္ပါတယ္။

ကလင္းစမန္းဟာေတာင္ကိုရီးယားအသင္းကိုပထမဆုံးပြဲအျဖစ္မတ္လ၂၄ရက္ေန႔ကိုလံဘီယာႏွင့္ေျခစမ္းပြဲကိုကိုင္တြယ္သြားရပါမယ္။

ကလင္းစမန္းဟာကစားသမားဘဝတုန္းကဂ်ာမနီအတြက္၁၀၈ပြဲကစားကာ၄၇ဂိုးသြင္းယူေပးခဲ့သူျဖစ္ၿပီးကမာၻ႔ဖလားတြင္၁၆သင္းရႈံးထြက္အဆင့္မွထြက္ခဲ့ရၿပီးေနာက္ရာထူးမွႏုတ္ထြက္သြားတဲ့ေပၚတူဂီလူမ်ိဳးနည္းျပေပၚလိုဘင္တိုရဲ႕ေနရာမွာအစားထိုးတာဝန္ယူရပါမယ္။

စပါးစ္တိုက္စစ္မႉးေဟာင္းဟာလြန္ခဲ့တဲ့သုံးႏွစ္ေက်ာ္တုန္းကဟာသာဘာလင္ကို၁၀ပတ္ၾကာကိုင္တြယ္ၿပီးႏုတ္ထြက္လိုက္ကတည္းကေဘာလုံးနည္းျပေလာကႏွင့္ေဝးကြာလာခဲ့သူျဖစ္ပါတယ္။

သူဟာနည္းျပအျဖစ္ဂ်ာမနီအသင္းကို၂၀၀၆ကမာၻ႔ဖလားၿပိဳင္ပြဲတြင္တတိယရရွိေအာင္ဦးေဆာင္ခဲ့သလိုအေမရိကန္ကိုလည္း၂၀၁၄ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ရႈံးထြက္အဆင့္သို႔တက္ေအာင္ဦးေဆာင္ခဲ့ဖူးပါတယ္။