
ဘရာဇီးနည်းပြတီတီဟာမနေ့ညတုန်းကတောင်ကိုရီးယားကို၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပထမပိုင်းတွင်ကစားသမားများနှင့်အတူဝင်ကခဲ့တာတွေ့ရပါတယ်။
ဘရာဇီးနည်းပြတီတီဟာရီချာလီဆင်ကဘရာဇီးအတွက်တတိယမြောက်ဂိုးကိုလှပတဲ့အသင်းလိုက်ဂိုးဖြင့်ရရှိပြီးနောက် ကစားသမားများနှင့်အတူအတူကကာအောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။
ဘရာဇီးဟာမနေ့ညတုန်းကတောင်ကိုရီးယားနှင့်ပွဲတွင်ပထမပိုင်းတွင်ပင်ဗီနီရှပ်စ်၊နေမာ(ပင်နယ်တီ)၊ရီချာလီဆင်၊လူးကပ်စ်ပါကွီတာတို့ရဲ့ဂိုးဖြင့်လေးဂိုးပြတ်အနိုင်ရနေခဲ့ပါတယ်။
တောင်ကိုရီးယားအတွက်ချေပဂိုးကိုဒုတိယ၇၆မိနစ်တွင်ပတ်ဆောင်ဟိုကသွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဘရာဇီးနည်းပြတီတီဟာရီချာလီဆင်က ပင်ဂွင်းအကဖြင့်ကကာအောင်ပွဲခံနေစဉ် ကစားသမားများကြားထဲသို့ဝင်ရောက်ကာကပြီးအောင်ပွဲခံခဲ့တာလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူဟာအလျှင်အမြန်ရပ်တန့်ပြီးနည်းပြထိုင်ခုံသို့ချက်ချင်းပြန်သွားခဲ့ပါတယ်။
ယင်းသို့ကခဲ့တဲ့ နည်းပြတီတီနှင့်ဘရာဇီးကစားသမားများအား ယူနိုက်တက်ဂန္ထဝင်ကစားသမားရွိုင်ကိန်းကမလေးစားတဲ့အကအောင်ပွဲခံမှုလို့ဝေဖန်သွားပါတယ်။
ဘရာဇီးဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်တွင်ခရိုအေးရှားနှင့်ရင်ဆိုင်ရပါမယ်။ခရိုအေးရှားဟာ၁၆သင်းရှုံးထွက်အဆင့်တွင်ဂျပန်ကိုပင်နယ်တီဖြင့်အနိုင်ရရှိကာကွာတားသို့တက်လာခဲ့တာဖြစ်ပါတယ်။
ZawGyi
ေတာင္ကိုရီးယားႏိုင္ပြဲတြင္ ကစားသမားမ်ားႏွင့္အတူ ဝင္ကခဲ့တဲ့ ဘရာဇီးနည္းျပတီတီ
ဘရာဇီးနည္းျပတီတီဟာမေန႔ညတုန္းကေတာင္ကိုရီးယားကို၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္ရဲ႕ပထမပိုင္းတြင္ကစားသမားမ်ားႏွင့္အတူဝင္ကခဲ့တာေတြ႕ရပါတယ္။
ဘရာဇီးနည္းျပတီတီဟာရီခ်ာလီဆင္ကဘရာဇီးအတြက္တတိယေျမာက္ဂိုးကိုလွပတဲ့အသင္းလိုက္ဂိုးျဖင့္ရရွိၿပီးေနာက္ ကစားသမားမ်ားႏွင့္အတူအတူကကာေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။
ဘရာဇီးဟာမေန႔ညတုန္းကေတာင္ကိုရီးယားႏွင့္ပြဲတြင္ပထမပိုင္းတြင္ပင္ဗီနီရွပ္စ္၊ေနမာ(ပင္နယ္တီ)၊ရီခ်ာလီဆင္၊လူးကပ္စ္ပါကြီတာတို႔ရဲ႕ဂိုးျဖင့္ေလးဂိုးျပတ္အႏိုင္ရေနခဲ့ပါတယ္။
ေတာင္ကိုရီးယားအတြက္ေခ်ပဂိုးကိုဒုတိယ၇၆မိနစ္တြင္ပတ္ေဆာင္ဟိုကသြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဘရာဇီးနည္းျပတီတီဟာရီခ်ာလီဆင္က ပင္ဂြင္းအကျဖင့္ကကာေအာင္ပြဲခံေနစဥ္ ကစားသမားမ်ားၾကားထဲသို႔ဝင္ေရာက္ကာကၿပီးေအာင္ပြဲခံခဲ့တာလည္းျဖစ္ပါတယ္။
ဒါေပမဲ့သူဟာအလွ်င္အျမန္ရပ္တန႔္ၿပီးနည္းျပထိုင္ခုံသို႔ခ်က္ခ်င္းျပန္သြားခဲ့ပါတယ္။
ယင္းသို႔ကခဲ့တဲ့ နည္းျပတီတီႏွင့္ဘရာဇီးကစားသမားမ်ားအား ယူႏိုက္တက္ဂႏၴဝင္ကစားသမား႐ြိဳင္ကိန္းကမေလးစားတဲ့အကေအာင္ပြဲခံမႈလို႔ေဝဖန္သြားပါတယ္။
ဘရာဇီးဟာကမာၻ႔ဖလားကြာတားဖိုင္နယ္တြင္ခ႐ိုေအးရွားႏွင့္ရင္ဆိုင္ရပါမယ္။ခ႐ိုေအးရွားဟာ၁၆သင္းရႈံးထြက္အဆင့္တြင္ဂ်ပန္ကိုပင္နယ္တီျဖင့္အႏိုင္ရရွိကာကြာတားသို႔တက္လာခဲ့တာျဖစ္ပါတယ္။