တောင်ကိုရီးယားနှင့်ပွဲတွင် နေမာပါဝင်လာမည်ဟု ဘရာဇီးနည်းပြတီတီအတည်ပြုလာ

ဘရာဇီးနည်းပြတီတီကနေမာမှာယနေ့ညတွင်တောင်ကိုရီးယားနှင့်ရင်ဆိုင်ကစားရမယ့်ကမ္ဘာ့ဖလား၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်တွင်ပါဝင်လာမည်ဖြစ်ကြောင်းအတည်ပြုလာပါတယ်။

အသက်၃၀နှစ်ရှိဘရာဇီးတိုက်စစ်မှူးဟာဆားဘီးယားနှင့်ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်တွင်ခြေကျင်းဝတ်အရွတ်ဒဏ်ရာရရှိပြီးနောက်အုပ်စုလက်ကျန်ပွဲနှစ်ပွဲကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံဖြစ်ရန်ရေပန်းအစားဆုံးအသင်းဖြစ်တဲ့ဘရာဇီးဟာအုပ်စုနောက်ဆုံးပွဲတွင်ကင်မရွန်းကိုရှုံးနိမ့်ပေမဲ့လည်းအုပ်စုဗိုလ်အဖြစ်ဖြင့်ရှုံးထွက်အဆင့်သို့တက်ရောက်လာခဲ့ပါတယ်။

အစောပိုင်းတုန်းကနေမာရဲ့ဒဏ်ရာအခြေအနေမှာထင်မှတ်ထားတာထက်ဆိုးရွားနေရာ၁၆သင်းရှုံးထွက်အဆင့်ပွဲစဉ်ကိုသေချာပေါက်လွဲမည်ဖြစ်ပြီးကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကိုပါလွဲချော်နိုင်ကြောင်းသတင်းထွက်ခဲ့ဖူးပါတယ်။

ဒါပေမဲ့လည်းယခုအခါနေမာဟာဘရာဇီးအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းထားနိုင်ပြီဖြစ်ရာယနေ့ညတောင်ကိုရီးယားနှင့်ပွဲတွင်ပါဝင်ကစားရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။

ZawGyi

ေတာင္ကိုရီးယားႏွင့္ပြဲတြင္ ေနမာပါဝင္လာမည္ဟု ဘရာဇီးနည္းျပတီတီအတည္ျပဳလာ

ဘရာဇီးနည္းျပတီတီကေနမာမွာယေန႔ညတြင္ေတာင္ကိုရီးယားႏွင့္ရင္ဆိုင္ကစားရမယ့္ကမာၻ႔ဖလား၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္တြင္ပါဝင္လာမည္ျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

အသက္၃၀ႏွစ္ရွိဘရာဇီးတိုက္စစ္မႉးဟာဆားဘီးယားႏွင့္ကမာၻ႔ဖလားအုပ္စုအဖြင့္ပြဲစဥ္တြင္ေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာရရွိၿပီးေနာက္အုပ္စုလက္က်န္ပြဲႏွစ္ပြဲကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ကမာၻ႔ဖလားခ်န္ပီယံျဖစ္ရန္ေရပန္းအစားဆုံးအသင္းျဖစ္တဲ့ဘရာဇီးဟာအုပ္စုေနာက္ဆုံးပြဲတြင္ကင္မ႐ြန္းကိုရႈံးနိမ့္ေပမဲ့လည္းအုပ္စုဗိုလ္အျဖစ္ျဖင့္ရႈံးထြက္အဆင့္သို႔တက္ေရာက္လာခဲ့ပါတယ္။

အေစာပိုင္းတုန္းကေနမာရဲ႕ဒဏ္ရာအေျခအေနမွာထင္မွတ္ထားတာထက္ဆိုး႐ြားေနရာ၁၆သင္းရႈံးထြက္အဆင့္ပြဲစဥ္ကိုေသခ်ာေပါက္လြဲမည္ျဖစ္ၿပီးကမာၻ႔ဖလားၿပိဳင္ပြဲတစ္ခုလုံးကိုပါလြဲေခ်ာ္ႏိုင္ေၾကာင္းသတင္းထြက္ခဲ့ဖူးပါတယ္။

ဒါေပမဲ့လည္းယခုအခါေနမာဟာဘရာဇီးအသင္းႏွင့္အတူေလ့က်င့္ခန္းဆင္းထားႏိုင္ၿပီျဖစ္ရာယေန႔ညေတာင္ကိုရီးယားႏွင့္ပြဲတြင္ပါဝင္ကစားရန္အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။