
ခရစ္စတီယာနိုရော်နယ်ဒိုဟာဆော်ဒီသို့စံချိန်တင်လုပ်ခဖြင့်ပြောင်းရွှေ့မယ်လို့သတင်းထွက်ပေါ်လာပြီးနောက် ပေါ်တူဂီအသင်းနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ခြင်းမရှိပါဘူး။
အသက်၃၇နှစ်ရှိခရစ္စတီယာနိုရော်နယ်ဒိုဟာယူနိုက်တက်နှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ဆော်ဒီကလပ် Al-Nassr ရဲ့အားကစားသမိုင်းတွင်အမြင့်မားဆုံးလုပ်ခဖြင့်ကမ်းလှမ်းခြင်းခံထားရပါတယ်။
သူဟာချန်ပီယံလိဂ်ကစားလိုနေတာကြောင့်ဆော်ဒီကလပ်ကတစ်နှစ်လုပ်ခပေါင်၁၇၃သန်းဖြင့်၂နှစ်ခွဲစာချုပ်ကမ်းလှမ်းမှုကိုလက်ခံခြင်းတော့မရှိသေးပါဘူး။
ဒါ့အပြင်သူဟာသူ့ကလပ်အနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားခြင်းမရှိသေးဘဲကမ္ဘာ့ဖလားပြိုင်ပွဲအပေါ်တွင်သာအာရုံစိုက်နေပါတယ်။
သူဟာဗုဒ္ဓဟူးနေ့တုန်းကပေါ်တူဂီအသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွင်ပါဝင်နိုင်ခြင်းမရှိပါဘူး။လတ်တလောမှာခရစ္စတီယာနိုရော်နယ်ဒိုဟာဒဏ်ရာကြောင့်လေ့ကျင့်ခန်းမဆင်းနိုင်တာလားဆိုတာမသိရသေးပါဘူး။ဒါပေမဲ့သူဟာအားကစားလေ့ကျင့်ရေးရုံတွင်တကိုယ်တော်ကာယလေ့ကျင့်ခန်းဆင်းမှုတော့ပြုလုပ်ခဲ့ပါတယ်။
ပေါ်တူဂီဟာသောကြာနေ့မှာတောင်ကိုရီးယားနှင့်အုပ်စုနောက်ဆုံးပွဲကစားရပါမယ်။ဒါပေမဲ့၎င်းတို့ဟာ၁၆သင်းရှုံးထွက်အဆင့်သို့တက်ရောက်ထားပြီးဖြစ်တာကြောင့်နည်းပြဆန်းတို့စ်အနေဖြင့်ကစားသမားအချို့ကိုအနားပေးလာနိုင်ပါတယ်။
ပေါ်တူဂီအသင်းမှပီအက်စ်ဂျီကစားသမားများဖြစ်ကြတဲ့ဒါနီလိုပီရီရာနှင့်နူနိုမန်ဒက်စ်တို့မှာဒဏ်ရာကြောင့်အနားယူနေရပါတယ်။
ZawGyi
တောင်ကိုရီးယားနှင့်ပွဲမတိုင်မီ ပေါ်တူဂီလေ့ကျင့်ခန်းအစီအစဉ်တွင် ခရစ္စတီယာနိုရော်နယ်ဒို ပါဝင်နိုင်ခြင်းမရှိ