တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲကြောင့် ဆီဗီလာ-ဘာကာပွဲရွှေ့ဆိုင်း

ဘာစီလိုနာရဲ့ဆီဗီလာနှင့်ရင်ဆိုင်ကစားရမယ့်လာလီဂါပွဲစဉ်ကိုရွှေ့ဆိုင်းလိုက်ဖြစ်ပါတယ်။လာလီဂါအကြီးအကဲများဟာပွဲအားရွှေ့ဆိုင်းပေးရန်အားကစားသမာဓိခုံရုံးတွင်အယူခံဝင်ခဲ့ရာရွှေ့ဆိုင်းခွင့်ရရှိခဲ့ပါတယ်။ဒါ့အပြင်ဗီလာရီးရဲလ်နှင့်အလာဗက်စ်နှင့်ပွဲစဉ်ကိုလည်းရွှေ့ဆိုင်းမှုပြုလုပ်ခဲ့ရပါတယ်။

တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲများကိုနောက်ကျပြီးမှကစားခဲ့ရာလာလီဂါမှတောင်အမေရိကကစားသမားများမှာပွဲမတိုင်မီအချိန်တွင်မှစပိန်သို့ပြန်လည်ရောက်ရှိလာကြမှာလည်းဖြစ်ပါတယ်။

ဗီလာရီးရဲလ်နှင့်ဘာစီလိုနာတို့ဟာအင်္ဂါနေ့တွင်လည်းချန်ပီယံလိဂ်ကစားရန်ရှိနေကြပြီးစနေနေ့တွင်လာလီဂါပွဲကစားရန်သတ်မှတ်ခံထားရတာပါ။

ဆီဗီလာအသင်းတွင်အာဂျင်တီးနားကစားသမားသုံးဦးပါဝင်နေပြီးအာဂျင်တီးနားဟာစက်တင်ဘာလ၁၀ရက်နေ့တွင်မှဘိုလီဗီးယားနှင့်ကစားရပါမယ်။

ယင်းသို့အနေအထားကြောင့်အာဂျင်တီးနားကစားသမားများဟာပွဲမကစားမီနာရီအနည်းငယ်အလိုတွင်မှစပိန်သို့ရောက်လာနိုင်ကြပါမယ်။

ယင်းကြောင့်လာလီဂါဟာဘာစီလိုနာနှင့်ဆီဗီလာပွဲ၊ဗီလာရီးရဲလ်နှင့်အလာဗက်စ်ပွဲတို့အားရွှေ့ဆိုင်းပေးရန်တောင်းဆိုခဲ့ရာအောင်မြင်မှုရရှိခဲ့ပါတယ်။

ZawGyi

ေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲေၾကာင့္ ဆီဗီလာ-ဘာကာပြဲေ႐ႊ႕ဆိုင္း

ဘာစီလိုနာရဲ႕ဆီဗီလာႏွင့္ရင္ဆိုင္ကစားရမယ့္လာလီဂါပြဲစဥ္ကိုေ႐ႊ႕ဆိုင္းလိုက္ျဖစ္ပါတယ္။လာလီဂါအႀကီးအကဲမ်ားဟာပြဲအားေ႐ႊ႕ဆိုင္းေပးရန္အားကစားသမာဓိခုံ႐ုံးတြင္အယူခံဝင္ခဲ့ရာေ႐ႊ႕ဆိုင္းခြင့္ရရွိခဲ့ပါတယ္။ဒါ့အျပင္ဗီလာရီးရဲလ္ႏွင့္အလာဗက္စ္ႏွင့္ပြဲစဥ္ကိုလည္းေ႐ႊ႕ဆိုင္းမႈျပဳလုပ္ခဲ့ရပါတယ္။

ေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲမ်ားကိုေနာက္က်ၿပီးမွကစားခဲ့ရာလာလီဂါမွေတာင္အေမရိကကစားသမားမ်ားမွာပြဲမတိုင္မီအခ်ိန္တြင္မွစပိန္သို႔ျပန္လည္ေရာက္ရွိလာၾကမွာလည္းျဖစ္ပါတယ္။

ဗီလာရီးရဲလ္ႏွင့္ဘာစီလိုနာတို႔ဟာအဂၤါေန႔တြင္လည္းခ်န္ပီယံလိဂ္ကစားရန္ရွိေနၾကၿပီးစေနေန႔တြင္လာလီဂါပြဲကစားရန္သတ္မွတ္ခံထားရတာပါ။

ဆီဗီလာအသင္းတြင္အာဂ်င္တီးနားကစားသမားသုံးဦးပါဝင္ေနၿပီးအာဂ်င္တီးနားဟာစက္တင္ဘာလ၁၀ရက္ေန႔တြင္မွဘိုလီဗီးယားႏွင့္ကစားရပါမယ္။

ယင္းသို႔အေနအထားေၾကာင့္အာဂ်င္တီးနားကစားသမားမ်ားဟာပြဲမကစားမီနာရီအနည္းငယ္အလိုတြင္မွစပိန္သို႔ေရာက္လာႏိုင္ၾကပါမယ္။

ယင္းေၾကာင့္လာလီဂါဟာဘာစီလိုနာႏွင့္ဆီဗီလာပြဲ၊ဗီလာရီးရဲလ္ႏွင့္အလာဗက္စ္ပြဲတို႔အားေ႐ႊ႕ဆိုင္းေပးရန္ေတာင္းဆိုခဲ့ရာေအာင္ျမင္မႈရရွိခဲ့ပါတယ္။