တောင်အမေရိကစတားများကို စင်းလုံးငှားလေယာဉ်ဖြင့် ပြန်ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များ စီစဉ်ထား

ပရီးမီးယားလိဂ်ကလပ်များဟာကွင်းထဲမှာပြိုင်ဆိုင်မှုပြင်းထန်စွာတိုက်ခိုက်ကြပေမယ့်လည်းဒီတစ်ကြိမ်မှာတော့စည်းစည်းလုံးလုံးရှိခဲ့ကြပါတယ်။ပရီးမီးယားလိဂ်ကလပ်များဟာယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်များအမီတောင်အမေရိကစတားများကိုတပြိုင်တည်းခေါ်ယူနိုင်ရန်လေယာဉ်စင်းလုံးငှားရမ်းလိုက်ပါတယ်။

လီဗာပူး၊မန်ယူ၊မန်စီးတီးတို့ဟာတောင်အမေရိကစတားများကိုကမ္ဘာ့ဖလားခြေစစ်ပွဲအပြီးမှာအင်္ဂလန်သို့ပြန်ခေါ်ရန်အတူတကွလုပ်ဆောင်လိုက်တာပါ။

ဘရာဇီးဟာသောကြာနေ့နံနက်ပိုင်းမှာဥရုဂွေးအသင်းနှင့်၂၀၂၂ကမ္ဘာ့ဖလားခြေစစ်ပွဲကစားရပါမယ်။အဆိုပါပွဲစဉ်တွင်ပရီးမီးယားလိဂ်မှကစားသမား၉ဦးအထိပါဝင်လာပါမယ်။

မန်ယူမှအက်ဒီဆင်ကာဗာနီ၊ဖရက်၊မန်စီးတီးမှအီဒါဆင်၊ဂါဘရီရယ်ဂျီးဆပ်စ်၊လီဗာပူးမှအလီဆင်နှင့်ဖာဘင်ဟိုတို့ဟာယင်းစင်းလုံးငှားလေယာဉ်နှင့်လိုက်ပါစီးနင်းကာအင်္ဂလန်သို့ပြန်လာကြမှာလည်းဖြစ်ပါတယ်။ဒါ့အပြင်လိဒ်ယူနိုက်တက်ရဲ့ရာဖင်ညာဟာလည်းယင်းလေယာဉ်နှင့်တစ်ပြိုင်တည်းလိုက်ပါလာဖို့ရှိသလိုချဲလ်ဆီးရဲ့တီယာဂိုဆေးလ်ဗား၊ဗီလာရဲ့ဒေါက်ကလပ်စ်လုဇ်တို့လည်းပါဝင်ပါမယ်။

တစ်ဆက်တည်းတွင်ပရီးမီးယားလိဂ်ကလပ်များဟာကစားသမားများကလပ်သို့အမြန်ဆုံးပြန်ရောက်ဖို့အတွက်လမ်းကြောင်းအပေါ်မူတည်ကာလေယာဉ်နှစ်စင်းငှားရမ်းသွားဖို့လည်းရှိပါတယ်။

စပါးစ်အသင်းမှအာဂျင်တီးနားစတားများဖြစ်ကြတဲ့လိုစယ်ဆို၊ခရစ္စတီယာနိုရိုမဲရိုး၊ကိုလံဘီယာရဲ့ဒါဗီဆင်ဆန်းချက်ဇ်၊ဘရာဇီးရဲ့အီမာဆင်ရွိုင်ရယ်တို့မှာလည်းသီးသန့်လေယာဉ်တစ်စီးဖြင့်ပြန်ရောက်လာကြပါမယ်။

တောင်အမေရိကကမ္ဘာ့ဖလားခြေစစ်ပွဲသွားကစားခဲ့တဲ့ပရီးမီးယားလိဂ်ကစားသမားများဟာပွဲကစားပြီး၄၈နာရီအတွင်းအင်္ဂလန်သို့ရောက်လာပါကကွာရန်တင်းဝင်ရမှာမဟုတ်တော့ပါဘူး။

ZawGyi

ေတာင္အေမရိကစတားမ်ားကို စင္းလုံးငွားေလယာဥ္ျဖင့္ ျပန္ေခၚယူရန္ ပရီးမီးယားလိဂ္ကလပ္မ်ား စီစဥ္ထား

ပရီးမီးယားလိဂ္ကလပ္မ်ားဟာကြင္းထဲမွာၿပိဳင္ဆိုင္မႈျပင္းထန္စြာတိုက္ခိုက္ၾကေပမယ့္လည္းဒီတစ္ႀကိမ္မွာေတာ့စည္းစည္းလုံးလုံးရွိခဲ့ၾကပါတယ္။ပရီးမီးယားလိဂ္ကလပ္မ်ားဟာယခုအပတ္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားအမီေတာင္အေမရိကစတားမ်ားကိုတၿပိဳင္တည္းေခၚယူႏိုင္ရန္ေလယာဥ္စင္းလုံးငွားရမ္းလိုက္ပါတယ္။

လီဗာပူး၊မန္ယူ၊မန္စီးတီးတို႔ဟာေတာင္အေမရိကစတားမ်ားကိုကမာၻ႔ဖလားေျခစစ္ပြဲအၿပီးမွာအဂၤလန္သို႔ျပန္ေခၚရန္အတူတကြလုပ္ေဆာင္လိုက္တာပါ။

ဘရာဇီးဟာေသာၾကာေန႔နံနက္ပိုင္းမွာဥ႐ုေဂြးအသင္းႏွင့္၂၀၂၂ကမာၻ႔ဖလားေျခစစ္ပြဲကစားရပါမယ္။အဆိုပါပြဲစဥ္တြင္ပရီးမီးယားလိဂ္မွကစားသမား၉ဦးအထိပါဝင္လာပါမယ္။

မန္ယူမွအက္ဒီဆင္ကာဗာနီ၊ဖရက္၊မန္စီးတီးမွအီဒါဆင္၊ဂါဘရီရယ္ဂ်ီးဆပ္စ္၊လီဗာပူးမွအလီဆင္ႏွင့္ဖာဘင္ဟိုတို႔ဟာယင္းစင္းလုံးငွားေလယာဥ္ႏွင့္လိုက္ပါစီးနင္းကာအဂၤလန္သို႔ျပန္လာၾကမွာလည္းျဖစ္ပါတယ္။ဒါ့အျပင္လိဒ္ယူႏိုက္တက္ရဲ႕ရာဖင္ညာဟာလည္းယင္းေလယာဥ္ႏွင့္တစ္ၿပိဳင္တည္းလိုက္ပါလာဖို႔ရွိသလိုခ်ဲလ္ဆီးရဲ႕တီယာဂိုေဆးလ္ဗား၊ဗီလာရဲ႕ေဒါက္ကလပ္စ္လုဇ္တို႔လည္းပါဝင္ပါမယ္။

တစ္ဆက္တည္းတြင္ပရီးမီးယားလိဂ္ကလပ္မ်ားဟာကစားသမားမ်ားကလပ္သို႔အျမန္ဆုံးျပန္ေရာက္ဖို႔အတြက္လမ္းေၾကာင္းအေပၚမူတည္ကာေလယာဥ္ႏွစ္စင္းငွားရမ္းသြားဖို႔လည္းရွိပါတယ္။

စပါးစ္အသင္းမွအာဂ်င္တီးနားစတားမ်ားျဖစ္ၾကတဲ့လိုစယ္ဆို၊ခရစၥတီယာႏို႐ိုမဲ႐ိုး၊ကိုလံဘီယာရဲ႕ဒါဗီဆင္ဆန္းခ်က္ဇ္၊ဘရာဇီးရဲ႕အီမာဆင္႐ြိဳင္ရယ္တို႔မွာလည္းသီးသန႔္ေလယာဥ္တစ္စီးျဖင့္ျပန္ေရာက္လာၾကပါမယ္။

ေတာင္အေမရိကကမာၻ႔ဖလားေျခစစ္ပြဲသြားကစားခဲ့တဲ့ပရီးမီးယားလိဂ္ကစားသမားမ်ားဟာပြဲကစားၿပီး၄၈နာရီအတြင္းအဂၤလန္သို႔ေရာက္လာပါကကြာရန္တင္းဝင္ရမွာမဟုတ္ေတာ့ပါဘူး။