တောင်အမေရိကတွင် နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူဖြစ်လာတဲ့ မက်ဆီ

မက်ဆီဟာဘိုလီးဗီးယားအား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်မှာဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက်ပီလီရဲ့စံချိန်ကိုကျော်ဖြတ်ကာတောင်အမေရိကတွင်နိုင်ငံတကာဂိုးအများဆုံးသွင်းယူသူအဖြစ်စံချိန်သစ်ရေးထိုးလာနိုင်ပါတယ်။

အာဂျင်တီးနားအသင်းခေါင်းဆောင်မက်ဆီဟာဘိုလီးဗီးယားနိုင်ပွဲအပြီးတွင်အာဂျင်တီးနားအသင်းနှင့်အတူကိုပါအမေရိကဖလားအားပရိသတ်များကိုတင်ဆက်ပြသခဲ့ကြပါတယ်။သူဟာပရိသတ်များအားကိုပါအမေရိကဖလားတင်ဆက်ပြသချိန်တွင်မျက်ရည်များကျနေခဲ့တာတွေ့ရပါတယ်။

မက်ဆီဟာဘိုလီးဗီးယားနှင့်ပွဲစဉ်မှဟက်ထရစ်ကြောင့်နိုင်ငံတကာသွင်းဂိုး၇၉ဂိုးရှိလာပြီးပီလီရဲ့၇၇ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အာဂျင်တီးနားဟာဘိုလီးဗီးယားနိုင်ပွဲကြောင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတောင်အမေရိကဇုံ၈ပွဲကစားပြီးချိန်တွင်ရမှတ်၁၈မှတ်ဖြင့်ဒုတိယနေရာတွင်ရပ်တည်လာနိုင်ပြီးခြေစစ်ပွဲအောင်မြင်ရန်အခြေအနေကောင်းနေပါတယ်။ဘရာဇီးက၈ပွဲကစား၈ပွဲလုံးကာထိပ်ဆုံးမှာရပ်တည်နေပါတယ်။

ZawGyi

ေတာင္အေမရိကတြင္ ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူျဖစ္လာတဲ့ မက္ဆီ

မက္ဆီဟာဘိုလီးဗီးယားအား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္မွာဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ပီလီရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္ကာေတာင္အေမရိကတြင္ႏိုင္ငံတကာဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္စံခ်ိန္သစ္ေရးထိုးလာႏိုင္ပါတယ္။

အာဂ်င္တီးနားအသင္းေခါင္းေဆာင္မက္ဆီဟာဘိုလီးဗီးယားႏိုင္ပြဲအၿပီးတြင္အာဂ်င္တီးနားအသင္းႏွင့္အတူကိုပါအေမရိကဖလားအားပရိသတ္မ်ားကိုတင္ဆက္ျပသခဲ့ၾကပါတယ္။သူဟာပရိသတ္မ်ားအားကိုပါအေမရိကဖလားတင္ဆက္ျပသခ်ိန္တြင္မ်က္ရည္မ်ားက်ေနခဲ့တာေတြ႕ရပါတယ္။

မက္ဆီဟာဘိုလီးဗီးယားႏွင့္ပြဲစဥ္မွဟက္ထရစ္ေၾကာင့္ႏိုင္ငံတကာသြင္းဂိုး၇၉ဂိုးရွိလာၿပီးပီလီရဲ႕၇၇ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

အာဂ်င္တီးနားဟာဘိုလီးဗီးယားႏိုင္ပြဲေၾကာင့္ကမာၻ႔ဖလားေျခစစ္ပြဲေတာင္အေမရိကဇုံ၈ပြဲကစားၿပီးခ်ိန္တြင္ရမွတ္၁၈မွတ္ျဖင့္ဒုတိယေနရာတြင္ရပ္တည္လာႏိုင္ၿပီးေျခစစ္ပြဲေအာင္ျမင္ရန္အေျခအေနေကာင္းေနပါတယ္။ဘရာဇီးက၈ပြဲကစား၈ပြဲလုံးကာထိပ္ဆုံးမွာရပ္တည္ေနပါတယ္။