တောင်းဆိုချက် လေးခုကို ဇနီးဝန်ဒါနာရာ လက်ခံမှ ပီအက်စ်ဂျီသို့ ပြန်မယ့် အိုင်ကာဒီ

မော်ရိုအိုင်ကာဒီနှင့်ဝန်ဒါနာရာတို့ရဲ့အိမ်ထောင်ရေးပြဿနာကပြေလည်မှုရရှိသွားပြီလို့ယူဆခဲ့ကြပေမယ့်တကယ်တမ်းမှာတော့မပြီးဆုံးသေးပါဘူး။ The Mirror ရဲ့ဖော်ပြချက်အရမော်ရိုအိုင်ကာဒီဟာပဲရစ်သို့မပြန်မီဇနီးသည်ထံမှကတိလေးခုတောင်းဆိုလိုက်ကြောင်းသိရပါတယ်။

အိုင်ကာဒီဟာအစောပိုင်းတုန်းကဇနီးသည်ဝန်နာနာရာရဲ့ဖောက်ပြန်ကြောင်းစွပ်စွဲခြင်းခံခဲ့ရသူဖြစ်ပါတယ်။စနေနေ့တုန်းကဝန်ဒါနာရာကနောက်ထပ်မိသားစုတစ်ခုပျက်စီးပြန်ဆိုပြီးအွန်လိုင်းမှာတင်ခဲ့ပါတယ်။ယင်းနောက်အိုင်ကာဒီဟာဇနီးသည်နှင့်တွဲရိုက်ထားတဲ့ဓာတ်ပုံကိုတင်ပြီးပြန်လည်ပြေလည်သွားပြီလို့ပရိသတ်များကိုအသိပေးခဲ့ပါတယ်။

ဒါပေမယ့်ချက်ချင်းဆိုသလိုဝန်ဒါနာရာကလက်ထပ်လက်စွပ်မပါတဲ့လက်ပုံကိုဓာတ်ပုံကိုအွန်လိုင်းမှာတင်ပြီးအိမ်ထောင်ရေးတခန်းရပ်သွားနိုင်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

ယင်းနောက်တွင်တော့၎င်းတို့နှစ်ဦးစလုံးဟာပြန်လည်အဆင်ပြေမှုရရှိသွားပြီဖြစ်ကြောင်းအွန်လိုင်းတွင်ပုံများတင်ကာပရိသတ်များကိုအသိပေးခဲ့ပါတယ်။

၎င်းတို့နှစ်ဦးအကြားပြဿနာကြောင့် PSG PR Team ဟာအလွန်အလုပ်များခဲ့ပါတယ်။ဒါပေမယ့်လည်းအိုင်ကာဒီဟာယခုတိုင်ပိုချက်တီနိုရဲ့ပီအက်စ်ဂျီအသင်းနှင့်ပူးပေါင်းခြင်းမရှိသေးပါဘူး။

The Mirror ရဲ့ဖော်ပြချက်အမော်ရိုအိုင်ကာဒီဟာကတိလေးခုရရှိမှသာလျှင်ပဲရစ်သို့ပြန်မယ်လို့ သူ့အေးဂျင့်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဇနီးသည်ကိုပြောကြားထားကြောင်းသိရပါတယ်။

အိုင်ကာဒီကသူ့သမီးများဖြစ်တဲ့ဖရန်ဆစ္စကာနှင့်အစ္စဘယ်လာတို့ပုံတဲ့မိသားစုဓာတ်ပုံအားအွန်လိုင်းတွင်တင်ရန်၊ဆိုရှယ်မီဒီယာအကောင့်အားလုံးကိုပိတ်သိမ်းရန်နှင့်သူ့အေးဂျင့်အလုပ်ကလွဲပြီးအခြားအလုပ်များကိုမလုပ်ရန် တောင်းဆိုထားကြောင်းသိရပါတယ်။အာဂျင်တီးနားတိုက်စစ်မှူးဘက်ကနောက်ဆုံးတောင်းဆိုလာတဲ့တောင်းဆိုချက်ကတော့သူ့မပါဝင်ဘဲကိုယ်ပိုင်ဂျက်လေယာဉ်အားအသုံးမပြုရန်ဖြစ်ကြောင်းသိရပါတယ်။

ဇနီးသည်ဝန်ဒါနာရာဟာလည်းခင်ပွန်းသည်ဘက်ကတောင်းဆိုမှုအားလုံးကို လက်ခံလိုက်ပုံရပါတယ်။သူမဟာခင်ပွန်းသည်နှင့်ချစ်ကြည်နူးတဲ့ဓာတ်ပုံများကိုအွန်လိုင်းမှာတင်လာခဲ့တာတွေ့ရပါတယ်။

ZawGyi

ေတာင္းဆိုခ်က္ ေလးခုကို ဇနီးဝန္ဒါနာရာ လက္ခံမွ ပီအက္စ္ဂ်ီသို႔ ျပန္မယ့္ အိုင္ကာဒီ

ေမာ္႐ိုအိုင္ကာဒီႏွင့္ဝန္ဒါနာရာတို႔ရဲ႕အိမ္ေထာင္ေရးျပႆနာကေျပလည္မႈရရွိသြားၿပီလို႔ယူဆခဲ့ၾကေပမယ့္တကယ္တမ္းမွာေတာ့မၿပီးဆုံးေသးပါဘူး။ The Mirror ရဲ႕ေဖာ္ျပခ်က္အရေမာ္႐ိုအိုင္ကာဒီဟာပဲရစ္သို႔မျပန္မီဇနီးသည္ထံမွကတိေလးခုေတာင္းဆိုလိုက္ေၾကာင္းသိရပါတယ္။

အိုင္ကာဒီဟာအေစာပိုင္းတုန္းကဇနီးသည္ဝန္နာနာရာရဲ႕ေဖာက္ျပန္ေၾကာင္းစြပ္စြဲျခင္းခံခဲ့ရသူျဖစ္ပါတယ္။စေနေန႔တုန္းကဝန္ဒါနာရာကေနာက္ထပ္မိသားစုတစ္ခုပ်က္စီးျပန္ဆိုၿပီးအြန္လိုင္းမွာတင္ခဲ့ပါတယ္။ယင္းေနာက္အိုင္ကာဒီဟာဇနီးသည္ႏွင့္တြဲ႐ိုက္ထားတဲ့ဓာတ္ပုံကိုတင္ၿပီးျပန္လည္ေျပလည္သြားၿပီလို႔ပရိသတ္မ်ားကိုအသိေပးခဲ့ပါတယ္။

ဒါေပမယ့္ခ်က္ခ်င္းဆိုသလိုဝန္ဒါနာရာကလက္ထပ္လက္စြပ္မပါတဲ့လက္ပုံကိုဓာတ္ပုံကိုအြန္လိုင္းမွာတင္ၿပီးအိမ္ေထာင္ေရးတခန္းရပ္သြားႏိုင္ေၾကာင္း တုံ႔ျပန္ခဲ့ပါတယ္။

ယင္းေနာက္တြင္ေတာ့၎တို႔ႏွစ္ဦးစလုံးဟာျပန္လည္အဆင္ေျပမႈရရွိသြားၿပီျဖစ္ေၾကာင္းအြန္လိုင္းတြင္ပုံမ်ားတင္ကာပရိသတ္မ်ားကိုအသိေပးခဲ့ပါတယ္။

၎တို႔ႏွစ္ဦးအၾကားျပႆနာေၾကာင့္ PSG PR Team ဟာအလြန္အလုပ္မ်ားခဲ့ပါတယ္။ဒါေပမယ့္လည္းအိုင္ကာဒီဟာယခုတိုင္ပိုခ်က္တီႏိုရဲ႕ပီအက္စ္ဂ်ီအသင္းႏွင့္ပူးေပါင္းျခင္းမရွိေသးပါဘူး။

The Mirror ရဲ႕ေဖာ္ျပခ်က္အေမာ္႐ိုအိုင္ကာဒီဟာကတိေလးခုရရွိမွသာလွ်င္ပဲရစ္သို႔ျပန္မယ္လို႔ သူ႔ေအးဂ်င့္အျဖစ္တာဝန္ထမ္းေဆာင္ေနတဲ့ဇနီးသည္ကိုေျပာၾကားထားေၾကာင္းသိရပါတယ္။

အိုင္ကာဒီကသူ႔သမီးမ်ားျဖစ္တဲ့ဖရန္ဆစၥကာႏွင့္အစၥဘယ္လာတို႔ပုံတဲ့မိသားစုဓာတ္ပုံအားအြန္လိုင္းတြင္တင္ရန္၊ဆိုရွယ္မီဒီယာအေကာင့္အားလုံးကိုပိတ္သိမ္းရန္ႏွင့္သူ႔ေအးဂ်င့္အလုပ္ကလြဲၿပီးအျခားအလုပ္မ်ားကိုမလုပ္ရန္ ေတာင္းဆိုထားေၾကာင္းသိရပါတယ္။အာဂ်င္တီးနားတိုက္စစ္မႉးဘက္ကေနာက္ဆုံးေတာင္းဆိုလာတဲ့ေတာင္းဆိုခ်က္ကေတာ့သူ႔မပါဝင္ဘဲကိုယ္ပိုင္ဂ်က္ေလယာဥ္အားအသုံးမျပဳရန္ျဖစ္ေၾကာင္းသိရပါတယ္။

ဇနီးသည္ဝန္ဒါနာရာဟာလည္းခင္ပြန္းသည္ဘက္ကေတာင္းဆိုမႈအားလုံးကို လက္ခံလိုက္ပုံရပါတယ္။သူမဟာခင္ပြန္းသည္ႏွင့္ခ်စ္ၾကည္ႏူးတဲ့ဓာတ္ပုံမ်ားကိုအြန္လိုင္းမွာတင္လာခဲ့တာေတြ႕ရပါတယ္။