တောရက်စ်ကို ရောင်းချရန် မန်စီးတီးနှင့်မန်ယူတို့အား တံခါးဖွင့်ပေးလိုက်တဲ့ ဗီလာရီးရဲလ်ဥက္ကဌ

ဗီလာရီးရဲလ်ဥက္ကဌကစပိန်လက်ရွေးစင်နောက်ခံလူပူတောရက်စ်အားစာချုပ်ပါအချက်အတိုင်းပြောင်းရွှေ့ကြေးပေးနိုင်ပါကခေါ်ယူနိုင်ကြောင်းမန်ယူ၊မန်စီးတီးတို့အားမီးစိမ်းပြလိုက်ပါတယ်။

အသက်၂၄နှစ်ရှိတောရက်စ်ဟာဗီလာရီးရဲလ်လူငယ်စီမံကိန်းမှထွက်ပေါ်လာသူဖြစ်ပြီးယခုရာသီတွင်ယူရိုပါလိဂ်ဖလားဆွတ်ခူးနိုင်အောင်အဓိကနေရာမှစွမ်းဆောင်ပေးထားပါတယ်။

တောရက်စ်ဟာယခုရာသီမှာအူနိုင်းအမ်မရီရဲ့ဗီလာရီးရဲလ်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၄၄ပွဲကစားပေးထားပြီးမန်ယူ၊မန်စီးတီး၊ရီးရဲလ်မက်ဒရစ်တို့ရဲ့ပစ်မှတ်ထားခြင်းခံနေရပါတယ်။

ဗီလာရီးရဲလ်နောက်ခံလူရဲ့စာချုပ်က၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမည်ဖြစ်ပြီးစာချုပ်အတွင်းတွင်ပေါင်၅၆သန်းဖြင့်ခေါ်ယူနိုင်တဲ့အချက်ကိုထည့်သွင်းထားပါတယ်။

ယခုအခါဗီလာရီးရဲလ်ဥက္ကဌဖာနန်ဒိုရွိုက်က “ကမ်းလှမ်းမှုရလာတယ်၊ကစားသမားကလည်းပြောင်းချင်တယ်ဆိုရင်ဖြစ်နိုင်ပါတယ်။ဒါပေမယ့်သုံးဖက်လုံးသဘောတူညီမှုရရှိဖို့လိုပါတယ်”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်တောရက်စ်ကိုယ်တိုင်ကလည်းယခုနွေရာသီတွင်ဗီလာရီးရဲလ်မှထွက်ခွာနိုင်ကြောင်းဖွင့်ဟထားပါတယ်။

ZawGyi

ေတာရက္စ္ကို ေရာင္းခ်ရန္ မန္စီးတီးႏွင့္မန္ယူတို႔အား တံခါးဖြင့္ေပးလိုက္တဲ့ ဗီလာရီးရဲလ္ဥကၠဌ

ဗီလာရီးရဲလ္ဥကၠဌကစပိန္လက္ေ႐ြးစင္ေနာက္ခံလူပူေတာရက္စ္အားစာခ်ဳပ္ပါအခ်က္အတိုင္းေျပာင္းေ႐ႊ႕ေၾကးေပးႏိုင္ပါကေခၚယူႏိုင္ေၾကာင္းမန္ယူ၊မန္စီးတီးတို႔အားမီးစိမ္းျပလိုက္ပါတယ္။

အသက္၂၄ႏွစ္ရွိေတာရက္စ္ဟာဗီလာရီးရဲလ္လူငယ္စီမံကိန္းမွထြက္ေပၚလာသူျဖစ္ၿပီးယခုရာသီတြင္ယူ႐ိုပါလိဂ္ဖလားဆြတ္ခူးႏိုင္ေအာင္အဓိကေနရာမွစြမ္းေဆာင္ေပးထားပါတယ္။

ေတာရက္စ္ဟာယခုရာသီမွာအူႏိုင္းအမ္မရီရဲ႕ဗီလာရီးရဲလ္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၄၄ပြဲကစားေပးထားၿပီးမန္ယူ၊မန္စီးတီး၊ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ပစ္မွတ္ထားျခင္းခံေနရပါတယ္။

ဗီလာရီးရဲလ္ေနာက္ခံလူရဲ႕စာခ်ဳပ္က၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးမည္ျဖစ္ၿပီးစာခ်ဳပ္အတြင္းတြင္ေပါင္၅၆သန္းျဖင့္ေခၚယူႏိုင္တဲ့အခ်က္ကိုထည့္သြင္းထားပါတယ္။

ယခုအခါဗီလာရီးရဲလ္ဥကၠဌဖာနန္ဒို႐ြိဳက္က “ကမ္းလွမ္းမႈရလာတယ္၊ကစားသမားကလည္းေျပာင္းခ်င္တယ္ဆိုရင္ျဖစ္ႏိုင္ပါတယ္။ဒါေပမယ့္သုံးဖက္လုံးသေဘာတူညီမႈရရွိဖို႔လိုပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္ေတာရက္စ္ကိုယ္တိုင္ကလည္းယခုေႏြရာသီတြင္ဗီလာရီးရဲလ္မွထြက္ခြာႏိုင္ေၾကာင္းဖြင့္ဟထားပါတယ္။