တော်ဝင်တို့အတွက် ဘန်ဇီးမားနေရာမှာ အစားထိုးဖို့အပြီးပြည့်စုံဆုံးကစားသမားကို ဖာဘရီဂက်စ်ပြောကြားလာ

ဖာဘရီဂက်စ်ကရီးရဲလ်မက်ဒရစ်အတွက်ဘန်ဇီးမားနေရာမှာအစားထိုးဖို့အသင့်တော်ဆုံးကစားသမားကဟယ်ရီကိန်းဖြစ်ကြောင်းပြောကြားလာပါတယ်။

အသက်၂၇နှစ်ရှိအင်္ဂလန်နှင့်စပါးစ်တိုက်စစ်မှူးဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကစပါးစ်အတွက်ပြိုင်ပွဲအရပ်ရပ်မှာ၄၉ပွဲကစားခဲ့ရာမှာ၃၃ဂိုးသွင်းယူခဲ့ပြီးပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဟယ်ရီကိန်းဟာတစ်ကိုယ်တော်ဆုများစွာဆွတ်ခူးထားပေမယ့်လည်းကလပ်နှင့်အတူဆုဖလားတစ်ကြိမ်မျှဆွတ်ခူးထားနိုင်ခြင်းမရှိပါဘူး။ဒါကြောင့်လည်းသူဟာယခုနွေရာသီမှာထွက်ခွာခွင့်ပေးဖို့စပါးစ်ထံသို့တောင်းဆိုထားပါတယ်။

ဟယ်ရီကိန်းရဲ့စပါးစ်နဲ့စာချုပ်မှာ၂၀၂၄ခုနှစ်တွင်ကုန်ဆုံးမှာဖြစ်ပြီးသူ့ကိုမန်ယူ၊မန်စီးတီးနှင့်ရီးရဲလ်မက်ဒရစ်တို့ကစိတ်ဝင်စားနေပါတယ်။

ဖာဘရီဂက်စ်က “ရီးရဲလ်မက်ဒရစ်အတွက်ဘန်ဇီးမားနေရာမှာအစားထိုးဖို့အသင့်တော်ဆုံးကဟယ်ရီကိန်းလို့ယုံကြည်လာတာတော်တော်ကြာပါပြီ။ဘန်ဇီးမားဟာဘယ်ကိုမှပြောင်းမှာမဟုတ်တဲ့အကြောင်းယူရိုမှာကစားပြသွားပါတယ်။သူကစားတာတကယ့်ကိုကောင်းပါတယ်။ဒါပေမယ့်ကိန်းကမက်ဒရစ်မှာသူ့နေရာကိုအစားထိုးနိုင်တယ်လို့လုံးဝယုံကြည်ပါတယ်။မက်ဒရစ်မှာကစားရတဲ့ဖိအားကဘာစီလိုနာမှာလိုပါပဲ။ဒီလိုဖိအားမျိုးကိုကစားသမားတိုင်းမခံနိုင်ပါဘူး။တကယ်လို့များဘန်ဇီးမားသာအကျလက္ခဏာပြလာပြီဆိုရင်တော့ကိန်းကသူ့နေရာမှာအစားထိုးဖို့အသင့်တော်ဆုံးသူပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ေတာ္ဝင္တို႔အတြက္ ဘန္ဇီးမားေနရာမွာ အစားထိုးဖို႔အၿပီးျပည့္စုံဆုံးကစားသမားကို ဖာဘရီဂက္စ္ေျပာၾကားလာ

ဖာဘရီဂက္စ္ကရီးရဲလ္မက္ဒရစ္အတြက္ဘန္ဇီးမားေနရာမွာအစားထိုးဖို႔အသင့္ေတာ္ဆုံးကစားသမားကဟယ္ရီကိန္းျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

အသက္၂၇ႏွစ္ရွိအဂၤလန္ႏွင့္စပါးစ္တိုက္စစ္မႉးဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကစပါးစ္အတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၄၉ပြဲကစားခဲ့ရာမွာ၃၃ဂိုးသြင္းယူခဲ့ၿပီးပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဟယ္ရီကိန္းဟာတစ္ကိုယ္ေတာ္ဆုမ်ားစြာဆြတ္ခူးထားေပမယ့္လည္းကလပ္ႏွင့္အတူဆုဖလားတစ္ႀကိမ္မွ်ဆြတ္ခူးထားႏိုင္ျခင္းမရွိပါဘူး။ဒါေၾကာင့္လည္းသူဟာယခုေႏြရာသီမွာထြက္ခြာခြင့္ေပးဖို႔စပါးစ္ထံသို႔ေတာင္းဆိုထားပါတယ္။

ဟယ္ရီကိန္းရဲ႕စပါးစ္နဲ႔စာခ်ဳပ္မွာ၂၀၂၄ခုႏွစ္တြင္ကုန္ဆုံးမွာျဖစ္ၿပီးသူ႔ကိုမန္ယူ၊မန္စီးတီးႏွင့္ရီးရဲလ္မက္ဒရစ္တို႔ကစိတ္ဝင္စားေနပါတယ္။

ဖာဘရီဂက္စ္က “ရီးရဲလ္မက္ဒရစ္အတြက္ဘန္ဇီးမားေနရာမွာအစားထိုးဖို႔အသင့္ေတာ္ဆုံးကဟယ္ရီကိန္းလို႔ယုံၾကည္လာတာေတာ္ေတာ္ၾကာပါၿပီ။ဘန္ဇီးမားဟာဘယ္ကိုမွေျပာင္းမွာမဟုတ္တဲ့အေၾကာင္းယူ႐ိုမွာကစားျပသြားပါတယ္။သူကစားတာတကယ့္ကိုေကာင္းပါတယ္။ဒါေပမယ့္ကိန္းကမက္ဒရစ္မွာသူ႔ေနရာကိုအစားထိုးႏိုင္တယ္လို႔လုံးဝယုံၾကည္ပါတယ္။မက္ဒရစ္မွာကစားရတဲ့ဖိအားကဘာစီလိုနာမွာလိုပါပဲ။ဒီလိုဖိအားမ်ိဳးကိုကစားသမားတိုင္းမခံႏိုင္ပါဘူး။တကယ္လို႔မ်ားဘန္ဇီးမားသာအက်လကၡဏာျပလာၿပီဆိုရင္ေတာ့ကိန္းကသူ႔ေနရာမွာအစားထိုးဖို႔အသင့္ေတာ္ဆုံးသူပါ”လို႔ေျပာၾကားသြားပါတယ္။