တံကောက်ကြောဒဏ်ရာကြောင့် အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားကို လွဲဖွယ်ရှိနေတဲ့ ဘင်ချဲလ်ဝဲလ်

အင်္ဂလန်ဘယ်နောက်ခံလူဘင်ချဲလ်ဝဲလ်ဟာဒိုင်နမိုဇာဂရက်ကိုချဲလ်ဆီးကအနိုင်ရရှိတဲ့ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်တွင်တံကောက်ကြောဒဏ်ရာရရှိပြီးနောက် ကမ္ဘာ့ဖလားပြိုင်ပွဲလွဲချော်ဖို့ရှိလာပါတယ်။

အသက်၂၅နှစ်ရှိနောက်ခံလူဟာနာကျင်အချိန်ပိုတွင်ဒဏ်ရာရရှိသွားပြီးနောက် ဘယ်ဖက်ပေါင်ကိုကိုင်ကာကွင်းအတွင်းမှထွက်ခွာလာခဲ့ရပါတယ်။

ချဲလ်ဆီးက၂-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်သူဟာအချိန်ပိုတွင်ဒဏ်ရာရရှိပြီးနောက်ပွဲကိုတောင်ဆက်မကစားနိုင်ခဲ့ပါဘူး။

ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာက “အပြုသဘောမဆောင်ဘူး။အပြုသဘောဆောင်တဲ့ညနေခင်းမှာကျွန်တော်တို့ထိုးနှက်ချက်တစ်ခုဖြစ်လာခဲ့တယ်။သူ့အတွက်လည်းထိုးနှက်ချက်တစ်ခုပါ။ဒီတော့ကျွန်တော်တို့အနေနဲ့ဒဏ်ရာကိုစစ်ဆေးပြီးတဲ့အချိန်အထိနှုတ်ဆိတ်နေရမယ်။အခုအချိန်မှာတိတ်တိတ်နေတာအကောင်းဆုံးပါ။ဒါပေမဲ့စိတ်ပျက်နေတာကတော့သေချာပါတယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာနိုဝင်ဘာလ၂၁ရက်နေ့တွင်အီရန်နှင့်ကာတာကမ္ဘာ့ဖလားအဖွင့်ပွဲကစားသွားရပါမယ်။

ဘင်ချဲလ်ဝဲလ်ဟာအင်္ဂလန်အတွက်၁၇ပွဲကစားထားသူဖြစ်ပြီးယူရို၂၀၂၀ပြိုင်ပွဲတုန်းကလည်းပါဝင်ခဲ့ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်နိုဝင်ဘာလတုန်းကလည်း ဒူးအရွတ်ဒဏ်ရာရရှိကာမေလအထိအနားယူခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ အဂၤလန္ရဲ႕ကမာၻ႔ဖလားကို လြဲဖြယ္ရွိေနတဲ့ ဘင္ခ်ဲလ္ဝဲလ္

အဂၤလန္ဘယ္ေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္ဟာဒိုင္နမိုဇာဂရက္ကိုခ်ဲလ္ဆီးကအႏိုင္ရရွိတဲ့ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္တြင္တံေကာက္ေၾကာဒဏ္ရာရရွိၿပီးေနာက္ ကမာၻ႔ဖလားၿပိဳင္ပြဲလြဲေခ်ာ္ဖို႔ရွိလာပါတယ္။

အသက္၂၅ႏွစ္ရွိေနာက္ခံလူဟာနာက်င္အခ်ိန္ပိုတြင္ဒဏ္ရာရရွိသြားၿပီးေနာက္ ဘယ္ဖက္ေပါင္ကိုကိုင္ကာကြင္းအတြင္းမွထြက္ခြာလာခဲ့ရပါတယ္။

ခ်ဲလ္ဆီးက၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္သူဟာအခ်ိန္ပိုတြင္ဒဏ္ရာရရွိၿပီးေနာက္ပြဲကိုေတာင္ဆက္မကစားႏိုင္ခဲ့ပါဘူး။

ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာက “အျပဳသေဘာမေဆာင္ဘူး။အျပဳသေဘာေဆာင္တဲ့ညေနခင္းမွာကြၽန္ေတာ္တို႔ထိုးႏွက္ခ်က္တစ္ခုျဖစ္လာခဲ့တယ္။သူ႔အတြက္လည္းထိုးႏွက္ခ်က္တစ္ခုပါ။ဒီေတာ့ကြၽန္ေတာ္တို႔အေနနဲ႔ဒဏ္ရာကိုစစ္ေဆးၿပီးတဲ့အခ်ိန္အထိႏႈတ္ဆိတ္ေနရမယ္။အခုအခ်ိန္မွာတိတ္တိတ္ေနတာအေကာင္းဆုံးပါ။ဒါေပမဲ့စိတ္ပ်က္ေနတာကေတာ့ေသခ်ာပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာႏိုဝင္ဘာလ၂၁ရက္ေန႔တြင္အီရန္ႏွင့္ကာတာကမာၻ႔ဖလားအဖြင့္ပြဲကစားသြားရပါမယ္။

ဘင္ခ်ဲလ္ဝဲလ္ဟာအဂၤလန္အတြက္၁၇ပြဲကစားထားသူျဖစ္ၿပီးယူ႐ို၂၀၂၀ၿပိဳင္ပြဲတုန္းကလည္းပါဝင္ခဲ့ပါတယ္။

သူဟာၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ဘာလတုန္းကလည္း ဒူးအ႐ြတ္ဒဏ္ရာရရွိကာေမလအထိအနားယူခဲ့ရသူလည္းျဖစ္ပါတယ္။