တံကောက်ကြောဒဏ်ရာကြောင့်ကမ္ဘာ့ဖလားလွဲချော်ဖို့သေချာသွားတဲ့ဘင်ချဲလ်ဝဲလ်

ချဲလ်ဆီးရဲ့ဘင်ချဲလ်ဝဲလ်ဟာတံကောက်ကြောဒဏ်ရာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲချော်တော့မှာဖြစ်ကြောင်းသိရပါတယ်။

အသက်၂၅နှစ်ရှိဘင်ချဲလ်ဝဲလ်ဟာယခုအပတ်အစောပိုင်းတုန်းကဒိုင်နမိုဇာဂရက်ကို၂-၁ဂိုးဖြင့်အနိုင်ရတဲ့ချန်ပီယံလိဂ်ပွဲပြီးခါနီးအချိန်တွင်ပြင်းထန်စွာဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလည်းဒူးအရွတ်ဒဏ်ရာရရှိပြီးနောက် ၁၇၈ရက်ကြာအနားယူရပြီးနောက်ယခုရာသီတွင်လည်းဒဏ်ရာပြင်းထန်စွာရရှိလာတာဖြစ်ပါတယ်။

ဂါရတ်ဆောက်ဂိတ်ဟာရီစီဂျိမ်းစ်၊ကိုင်လီဝေါလ်ကားတို့ရဲ့ကြံ့ခိုင်မှုအခြေအနေအပေါ်စိုးရိမ်နေရချိန်တွင်ဘင်ချဲလ်ဝဲလ် မပါဝင်နိုင်မှုက ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာပါမယ်။

ဘင်ချဲလ်ဝဲလ်ဟာဒဏ်ရာပြဿနာကြောင့်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလွဲရန်သေချာလာတဲ့နောက်ဆုံးစတားဖြစ်ပါတယ်။သူ့မတိုင်မီပေါလ်ပေါ့ဘာ၊အန်ဂိုလိုကန်တီ၊တီမိုဝါနာ၊ဒီယေဂိုဂျိုတာတို့မှာလည်းလွဲချော်ရန်သေချာထားပြီးဖြစ်ပါတယ်။

ZawGyi

တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ကမာၻ႔ဖလားၿပိဳင္ပြဲကို လြဲေခ်ာ္ေတာ့မယ့္ ဘင္ခ်ဲလ္ဝဲလ္

ခ်ဲလ္ဆီးရဲ႕ဘင္ခ်ဲလ္ဝဲလ္ဟာတံေကာက္ေၾကာဒဏ္ရာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲေခ်ာ္ေတာ့မွာျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၅ႏွစ္ရွိဘင္ခ်ဲလ္ဝဲလ္ဟာယခုအပတ္အေစာပိုင္းတုန္းကဒိုင္နမိုဇာဂရက္ကို၂-၁ဂိုးျဖင့္အႏိုင္ရတဲ့ခ်န္ပီယံလိဂ္ပြဲၿပီးခါနီးအခ်ိန္တြင္ျပင္းထန္စြာဒဏ္ရာရရွိခဲ့တာလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကလည္းဒူးအ႐ြတ္ဒဏ္ရာရရွိၿပီးေနာက္ ၁၇၈ရက္ၾကာအနားယူရၿပီးေနာက္ယခုရာသီတြင္လည္းဒဏ္ရာျပင္းထန္စြာရရွိလာတာျဖစ္ပါတယ္။

ဂါရတ္ေဆာက္ဂိတ္ဟာရီစီဂ်ိမ္းစ္၊ကိုင္လီေဝါလ္ကားတို႔ရဲ႕ႀကံ့ခိုင္မႈအေျခအေနအေပၚစိုးရိမ္ေနရခ်ိန္တြင္ဘင္ခ်ဲလ္ဝဲလ္ မပါဝင္ႏိုင္မႈက ႀကီးမားတဲ့ထိုးႏွက္ခ်က္တစ္ခုျဖစ္လာပါမယ္။

ဘင္ခ်ဲလ္ဝဲလ္ဟာဒဏ္ရာျပႆနာေၾကာင့္ကမာၻ႔ဖလားၿပိဳင္ပြဲကိုလြဲရန္ေသခ်ာလာတဲ့ေနာက္ဆုံးစတားျဖစ္ပါတယ္။သူ႔မတိုင္မီေပါလ္ေပါ့ဘာ၊အန္ဂိုလိုကန္တီ၊တီမိုဝါနာ၊ဒီေယဂိုဂ်ိဳတာတို႔မွာလည္းလြဲေခ်ာ္ရန္ေသခ်ာထားၿပီးျဖစ္ပါတယ္။