တံခါးဖွင့်လေ့ကျင့်ခန်းအစီအစဉ်တွင် ချဲလ်ဆီးမှထွက်ခွာရန် ဝါနာကို ပြောကြားခဲ့တဲ့ ပရိသတ်တစ်ဦးရဲ့ကံကြမ္မာ

ချဲလ်ဆီးပရိသတ်တစ်ဦးဟာချဲလ်ဆီးရဲ့စတမ်းဖို့ဒ်ဘရစ်ချ်တံခါးဖွင့်လေ့ကျင့်ခန်းအစီအစဉ်တွင်တီမိုဝါနာအားအသင်းမှထွက်ခွာရန်ပြောကြားခဲ့ပေမယ့်ယင်းအဖြစ်ကိုပရိသတ်များသိရှိပြီးနောက်ယင်းပရိသတ်ကိုကွင်းမှထွက်ခွာသွားရန်ဒေါသတကြီးပြောဆိုခြင်းခံခဲ့ကြပါတယ်။

ချဲလ်ဆီးဟာဗုဒ္ဓဟူးနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်တံခါးဖွင့်လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ခဲ့တာဖြစ်ပြီးမကြာသေးမီတုန်းကပေါင်၉၇.၅သန်းဖြင့်ရောက်လာတဲ့တိုက်စစ်မှူးသစ်လူကာကူလည်းပါဝင်ခဲ့ပါတယ်။

ဒါပေမယ့်ချဲလ်ဆီးဟာလေ့ကျင့်ခန်းအစီအစဉ်သို့တက်ရောက်ခဲ့တဲ့ပရိသတ်များကိုအင်တာဗျူးပြုလုပ်တဲ့အစီအစဉ်ကြောင့်လေ့ကျင့်ခန်းအစီအစဉ်တွင်အနှောက်အယှက်ဖြစ်ခဲ့ရပါတယ်။

ပရိသတ်တစ်ဦးဟာသူ့ကိုအင်တာဗျူးလုပ်စဉ် “နားထောင်။ကျုပ်မှာပြောစရာရှိတယ်။ဝါနာကလပ်ကနေထွက်စမ်း”လို့ပြောခဲ့ပါတယ်။ချဲလ်ဆီးဟာယင်းအင်တာဗျူးပြောကြားမှုကိုတစ်ကွင်းလုံးကြားနားအောင် PA System ဖြင့်ပြုလုပ်ထားခဲ့တာကြောင့်ကွင်းအတွင်းရှိအားလုံးကြားရပါတယ်။

ပရိသတ်များကလည်းယင်းပရိသတ်ရဲ့ပြောကြားမှုကိုကြားရပြီးနောက် “မင်းပဲထွက်သွား၊ထွက်သွားစမ်း၊ဘယ်ကဘာကောင်တုန်း၊ကိုယ့်ကိုယ်ကိုဘာထင်နေလဲ။ဟေ့ကောင် မင်းထွက်သွားစမ်း”လို့အော်ဟစ်ခဲ့ကြပါတယ်။

အစီအစဉ်တင်ဆက်သူအိုလီဗီယာဘူဇာဂလိုကလည်း “ချဲလ်ဆီးရဲ့တံခါးဖွင့်လေ့ကျင့်ခန်းအစီအစဉ်ကိုပူးပေါင်းလုပ်ခွင့်ရတဲ့အချိန်အခါကောင်းပါပဲ။ဒီမှာရှိတဲ့လူတိုင်းနဲ့စကားပြောခွင့်ရတာပျော်ပါတယ်။တစ်ယောက်ကဖျက်လိုဖျက်ဆီးလုပ်ချင်ပေမယ့်အားလုံးပဲပျော်ကြမယ်လို့မျှော်လင့်ပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

တံခါးဖြင့္ေလ့က်င့္ခန္းအစီအစဥ္တြင္ ခ်ဲလ္ဆီးမွထြက္ခြာရန္ ဝါနာကို ေျပာၾကားခဲ့တဲ့ ပရိသတ္တစ္ဦးရဲ႕ကံၾကမၼာ

ခ်ဲလ္ဆီးပရိသတ္တစ္ဦးဟာခ်ဲလ္ဆီးရဲ႕စတမ္းဖို႔ဒ္ဘရစ္ခ်္တံခါးဖြင့္ေလ့က်င့္ခန္းအစီအစဥ္တြင္တီမိုဝါနာအားအသင္းမွထြက္ခြာရန္ေျပာၾကားခဲ့ေပမယ့္ယင္းအျဖစ္ကိုပရိသတ္မ်ားသိရွိၿပီးေနာက္ယင္းပရိသတ္ကိုကြင္းမွထြက္ခြာသြားရန္ေဒါသတႀကီးေျပာဆိုျခင္းခံခဲ့ၾကပါတယ္။

ခ်ဲလ္ဆီးဟာဗုဒၶဟူးေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္တံခါးဖြင့္ေလ့က်င့္ခန္းအစီအစဥ္ျပဳလုပ္ခဲ့တာျဖစ္ၿပီးမၾကာေသးမီတုန္းကေပါင္၉၇.၅သန္းျဖင့္ေရာက္လာတဲ့တိုက္စစ္မႉးသစ္လူကာကူလည္းပါဝင္ခဲ့ပါတယ္။

ဒါေပမယ့္ခ်ဲလ္ဆီးဟာေလ့က်င့္ခန္းအစီအစဥ္သို႔တက္ေရာက္ခဲ့တဲ့ပရိသတ္မ်ားကိုအင္တာဗ်ဴးျပဳလုပ္တဲ့အစီအစဥ္ေၾကာင့္ေလ့က်င့္ခန္းအစီအစဥ္တြင္အေႏွာက္အယွက္ျဖစ္ခဲ့ရပါတယ္။

ပရိသတ္တစ္ဦးဟာသူ႔ကိုအင္တာဗ်ဴးလုပ္စဥ္ “နားေထာင္။က်ဳပ္မွာေျပာစရာရွိတယ္။ဝါနာကလပ္ကေနထြက္စမ္း”လို႔ေျပာခဲ့ပါတယ္။ခ်ဲလ္ဆီးဟာယင္းအင္တာဗ်ဴးေျပာၾကားမႈကိုတစ္ကြင္းလုံးၾကားနားေအာင္ PA System ျဖင့္ျပဳလုပ္ထားခဲ့တာေၾကာင့္ကြင္းအတြင္းရွိအားလုံးၾကားရပါတယ္။

ပရိသတ္မ်ားကလည္းယင္းပရိသတ္ရဲ႕ေျပာၾကားမႈကိုၾကားရၿပီးေနာက္ “မင္းပဲထြက္သြား၊ထြက္သြားစမ္း၊ဘယ္ကဘာေကာင္တုန္း၊ကိုယ့္ကိုယ္ကိုဘာထင္ေနလဲ။ေဟ့ေကာင္ မင္းထြက္သြားစမ္း”လို႔ေအာ္ဟစ္ခဲ့ၾကပါတယ္။

အစီအစဥ္တင္ဆက္သူအိုလီဗီယာဘူဇာဂလိုကလည္း “ခ်ဲလ္ဆီးရဲ႕တံခါးဖြင့္ေလ့က်င့္ခန္းအစီအစဥ္ကိုပူးေပါင္းလုပ္ခြင့္ရတဲ့အခ်ိန္အခါေကာင္းပါပဲ။ဒီမွာရွိတဲ့လူတိုင္းနဲ႔စကားေျပာခြင့္ရတာေပ်ာ္ပါတယ္။တစ္ေယာက္ကဖ်က္လိုဖ်က္ဆီးလုပ္ခ်င္ေပမယ့္အားလုံးပဲေပ်ာ္ၾကမယ္လို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။