
မက္ကဆီကိုစတားဂျာဗီးယားကော်တက်စ်ဟာဇနီးသည်ရဲ့OnlyFans မော်ဒယ်ဘဝကိုပရိုမိုးရှင်းလုပ်လာမှုနဲ့အတူဝေဖန်မှုများကြုံနေရပါတယ်။
အလယ်တန်းကစားသမားဟာမက္ကဆီကိုယူ-၂၃အသင်းကို၂၀၁၂ခုနှစ်လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင်ရွှေတံဆိပ်ဆုရရှိအောင်အဓိကနေရာမှကူညီခဲ့သူလည်းဖြစ်ပါတယ်။
သူဟာ၂၀၁၂လန်ဒန်အိုလံပစ်ပြိုင်ပွဲတွင်ဂျပန်နှင့်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့သူလည်းဖြစ်ပါတယ်။
အသက်၃၃နှစ်ရှိကော်တက်စ်ဟာPumas UNAMနှင့်အတူLiga MX ဖလား၂ကြိမ်ရခဲ့သလိုSantos Lagunaနှင့်လည်း၁ကြိမ်ဆွတ်ခူးခဲ့ပါတယ်။
သူဟာမက္ကဆီကိုလက်ရွေးစင်အသင်းကြီးအတွက်၂ပွဲကစားခွင့်ရခဲ့ကာ၂၀၂၀ခုနှစ်တုန်းကနောက်ဆုံးအကြိမ်ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။
မကြာသေးမီတုန်းကကစားသမားဘဝမှအနားယူခဲ့တဲ့သူဟာဇနီးသည်အလိန်းတောရက်စ်ရဲ့OnlyFans တွင်ခန္ဓာကိုယ်အလှအပများကိုပြသပြီးငွေရှာဖွေမှုကို ပရိုမိုးရှင်းလုပ်မှုအတွက်အပြင်းအထန်ဝေဖန်မှုများကြုံနေရပါတယ်။
ဇနီးသည်တောရက်စ်ဟာOnlyFans တွင်ခန္ဓာကိုယ်အလှအပများကိုပြသကာတစ်လလျှင်ဒေါ်လာ၂၀မှ၁၆ဒေါ်လာအတွင်းကောက်ခံကာရောင်းစားနေပါတယ်။
ကော်တက်စ်နှင့်တောရက်စ်တို့ဟာလက်ထပ်ပေါင်းသင်းလာတာဆယ်စုနှစ်တခုကြာမြင့်ခဲ့ပြီဖြစ်ပြီးသားသမီးနှစ်ဦးထွန်းကားထားပါတယ်။
ZawGyi
ဇနီးသည်ရဲ့OnlyFans မော်ဒယ်လုပ်မှုကို အံ့ဩသင့်ဖွယ် ပရိုမိုးရှင်းလုပ်လာတဲ့ မက္ကဆီကိုစတားကော်တက်စ်