တွစ်တာအကောင့်ဖွင့်လျှင်ဖွင့်ချင်း မန်ယူပရိသတ်များရဲ့ဆွမ်းကြီးလောင်းခြင်းခံခဲ့ရတဲ့ ချဲလ်ဆီးဂန္ထဝင်ဂျွန်တယ်ရီ

ဂျွန်တယ်ရီဟာတွစ်တာအကောင့်ဖွင့်ပြီးအသုံးပြုလာပါတယ်။ချက်ချင်းဆိုသလိုဘဲဂျွန်တယ်ရီဟာတွစ်တာမှာမန်ယူပရိသတ်များရဲ့လှောင်ပြောင်မှုများခံရကာချက်ချင်းလူသိများလာခဲ့ပါတယ်။

တယ်ရီဟာချဲလ်ဆီးတွင်ကစားခဲ့စဉ်အတွင်းပရီးမီးယားလိဂ်ဖလား၅ကြိမ်၊အက်ဖ်အေဖလား၅ကြိမ်၊လိဂ်ဖလား၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်၊ယူရိုပါလိဂ်၁ကြိမ်နှင့်ကွန်မြူနတီဒိုင်း၂ကြိမ်ရရှိခဲ့ကာပြီးခဲ့တဲ့နှစ်ပေါင်း၂၀အတွင်း အောင်မြင်မှုအများဆုံးရရှိတဲ့ကစားသမားများထဲမှတစ်ဦးဖြစ်ပါတယ်။

ဂျွန်တယ်ရီဟာတွစ်တာအကောင့်ဖွင့်လိုက်ပြီးနောက်ချဲလ်ဆီးအမာခံပရိသတ်တစ်ဦးဖြစ်တဲ့အင်္ဂလန်ခရစ်ကတ်လက်ရွေးစင်ဟောင်းကီဗင်ပီတာဆင်ရဲ့ကြိုဆိုမှုခံခဲ့ရပါတယ်။

ဒါပေမယ့်ချက်ချင်းဆိုသလိုမန်ယူပရိသတ်များကဂျွန်တယ်ရီ တွစ်တာအသုံးပြုလာကြောင်းသိရပြီးနောက်ဝိုင်းပြီးဆွမ်းကြီးလောင်းကြပါတယ်။

မန်ယူပရိသတ်များဟာ၂၀၀၈ခုနှစ်မော်စကိုချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်တယ်ရီပင်နယ်တီလွဲချော်ပြီးမန်ယူတို့ချန်ပီယံလိဂ်ဖလားရရှိသွားစဉ်ကဓာတ်ပုံများကိုတင်ကာလှောင်ပြောင်မှုပြုလုပ်ခဲ့ကြပါတယ်။

ဒါ့အပြင်မန်ယူပရိသတ်များသာမကအခြားဘောလုံးပရိသတ်များကလည်း ပရိသတ်များအနေဖြင့်ဇနီးချစ်သူများကို ဂျွန်တယ်ရီကို Follow မလုပ်မိအောင် သတိထားကြရန်သတိပေးမှုပြုလုပ်ပြီးလှောင်ပြောင်လာကြပါတယ်။ဂျွန်တယ်ရီဟာချဲလ်ဆီးကစားဖော်ဝိန်းဘရစ်ချ်ရဲ့ဇနီးသည်နှင့်နောက်ကွယ်တွင်ဖောက်ပြန်ခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

တြစ္တာအေကာင့္ဖြင့္လွ်င္ဖြင့္ခ်င္း မန္ယူပရိသတ္မ်ားရဲ႕ဆြမ္းႀကီးေလာင္းျခင္းခံခဲ့ရတဲ့ ခ်ဲလ္ဆီးဂႏၴဝင္ဂြၽန္တယ္ရီ

ဂြၽန္တယ္ရီဟာတြစ္တာအေကာင့္ဖြင့္ၿပီးအသုံးျပဳလာပါတယ္။ခ်က္ခ်င္းဆိုသလိုဘဲဂြၽန္တယ္ရီဟာတြစ္တာမွာမန္ယူပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားခံရကာခ်က္ခ်င္းလူသိမ်ားလာခဲ့ပါတယ္။

တယ္ရီဟာခ်ဲလ္ဆီးတြင္ကစားခဲ့စဥ္အတြင္းပရီးမီးယားလိဂ္ဖလား၅ႀကိမ္၊အက္ဖ္ေအဖလား၅ႀကိမ္၊လိဂ္ဖလား၃ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္၊ယူ႐ိုပါလိဂ္၁ႀကိမ္ႏွင့္ကြန္ျမဴနတီဒိုင္း၂ႀကိမ္ရရွိခဲ့ကာၿပီးခဲ့တဲ့ႏွစ္ေပါင္း၂၀အတြင္း ေအာင္ျမင္မႈအမ်ားဆုံးရရွိတဲ့ကစားသမားမ်ားထဲမွတစ္ဦးျဖစ္ပါတယ္။

ဂြၽန္တယ္ရီဟာတြစ္တာအေကာင့္ဖြင့္လိုက္ၿပီးေနာက္ခ်ဲလ္ဆီးအမာခံပရိသတ္တစ္ဦးျဖစ္တဲ့အဂၤလန္ခရစ္ကတ္လက္ေ႐ြးစင္ေဟာင္းကီဗင္ပီတာဆင္ရဲ႕ႀကိဳဆိုမႈခံခဲ့ရပါတယ္။

ဒါေပမယ့္ခ်က္ခ်င္းဆိုသလိုမန္ယူပရိသတ္မ်ားကဂြၽန္တယ္ရီ တြစ္တာအသုံးျပဳလာေၾကာင္းသိရၿပီးေနာက္ဝိုင္းၿပီးဆြမ္းႀကီးေလာင္းၾကပါတယ္။

မန္ယူပရိသတ္မ်ားဟာ၂၀၀၈ခုႏွစ္ေမာ္စကိုခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္တယ္ရီပင္နယ္တီလြဲေခ်ာ္ၿပီးမန္ယူတို႔ခ်န္ပီယံလိဂ္ဖလားရရွိသြားစဥ္ကဓာတ္ပုံမ်ားကိုတင္ကာေလွာင္ေျပာင္မႈျပဳလုပ္ခဲ့ၾကပါတယ္။

ဒါ့အျပင္မန္ယူပရိသတ္မ်ားသာမကအျခားေဘာလုံးပရိသတ္မ်ားကလည္း ပရိသတ္မ်ားအေနျဖင့္ဇနီးခ်စ္သူမ်ားကို ဂြၽန္တယ္ရီကို Follow မလုပ္မိေအာင္ သတိထားၾကရန္သတိေပးမႈျပဳလုပ္ၿပီးေလွာင္ေျပာင္လာၾကပါတယ္။ဂြၽန္တယ္ရီဟာခ်ဲလ္ဆီးကစားေဖာ္ဝိန္းဘရစ္ခ်္ရဲ႕ဇနီးသည္ႏွင့္ေနာက္ကြယ္တြင္ေဖာက္ျပန္ခဲ့ဖူးသူျဖစ္ပါတယ္။