တွဲကစားခဲ့ဖူးသူများတွင် ဘယ်သူကအကောင်းဆုံး အဆုံးသတ်သမားလဲ ပေါ့ဘာဖွင့်ဟလာ

မန်ယူကွင်းလယ်ကစားသမားပေါလ်ပေါ့ဘာကသူ့ကစားသမားဘဝတစ်လျှောက်တွဲကစားခဲ့ဖူးတဲ့ကစားဖော်များတွင်အကောင်းဆုံးအဆုံးသတ်သမားမှာမေဆင်ဂရင်းဝုဒ်ဖြစ်ကြောင်းဖွင့်ဟလာပါတယ်။

အသက်၁၉နှစ်ရှိမေဆင်ဂရင်းဝုဒ်ဟာယခုရာသီတွင်မန်ယူတွင်အထောင်တိုက်စစ်မှူးအဖြစ်ကစားနေသူဖြစ်ပြီးပရီးမီးယားလိဂ်သုံးပွဲတွင်သုံးဂိုးသွင်းယူထားနိုင်ပါတယ်။

ယခုရာသီတွင်ပရီးမီးယားလိဂ်မှာငါးကြိမ်ဖန်တီးမှုပြုလုပ်ထားတဲ့ပေါလ်ပေါ့ဘာက “မေဆင်ကဘယ်ပိုသန်တယ်ထင်တယ်။ဘယ်ခြေနဲ့ဘောလုံးလိမ်ခေါက်တာများတယ်။ဂိုးကန်တဲ့အခါမှာတော့နှစ်ဖက်လုံးနဲ့ကန်သွင်းနိုင်တယ်။သူကကျွန်တော်မြင်ဖူးသမျှထဲမှာအကောင်းဆုံးအဆုံးသတ်သမားလို့ထင်တယ်။ပြီးတော့သူနဲ့လည်းအများကြီးလေ့ကျင့်ခန်းဆင်းဖူးတယ်လေ။သူကမယုံကြည်နိုင်စရာကောင်းလှပါတယ်။သူဂိုးတွေအများကြီးသွင်းလာနိုင်ဖို့ကျွန်တော်ဆုတောင်းပါတယ်။ပိုကောင်းလာပြီးဆုဖလားတွေရနိုင်အောင်ကူညီနိုင်ဖို့မျှော်လင့်ပါတယ်။သူကအသက်အရမ်းငယ်သေးသလိုပါရမီရှင်တစ်ဦးလည်းဖြစ်ပါတယ်။ဒီထက်မကပိုကောင်းသထက်ကောင်းလာနိုင်ပါသေးတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

တြဲကစားခဲ့ဖူးသူမ်ားတြင္ ဘယ္သူကအေကာင္းဆုံးအဆုံးသတ္သမားလဲ ေပါ့ဘာဖြင့္ဟလာ

မန္ယူကြင္းလယ္ကစားသမားေပါလ္ေပါ့ဘာကသူ႔ကစားသမားဘဝတစ္ေလွ်ာက္တြဲကစားခဲ့ဖူးတဲ့ကစားေဖာ္မ်ားတြင္အေကာင္းဆုံးအဆုံးသတ္သမားမွာေမဆင္ဂရင္းဝုဒ္ျဖစ္ေၾကာင္းဖြင့္ဟလာပါတယ္။

အသက္၁၉ႏွစ္ရွိေမဆင္ဂရင္းဝုဒ္ဟာယခုရာသီတြင္မန္ယူတြင္အေထာင္တိုက္စစ္မႉးအျဖစ္ကစားေနသူျဖစ္ၿပီးပရီးမီးယားလိဂ္သုံးပြဲတြင္သုံးဂိုးသြင္းယူထားႏိုင္ပါတယ္။

ယခုရာသီတြင္ပရီးမီးယားလိဂ္မွာငါးႀကိမ္ဖန္တီးမႈျပဳလုပ္ထားတဲ့ေပါလ္ေပါ့ဘာက “ေမဆင္ကဘယ္ပိုသန္တယ္ထင္တယ္။ဘယ္ေျခနဲ႔ေဘာလုံးလိမ္ေခါက္တာမ်ားတယ္။ဂိုးကန္တဲ့အခါမွာေတာ့ႏွစ္ဖက္လုံးနဲ႔ကန္သြင္းႏိုင္တယ္။သူကကြၽန္ေတာ္ျမင္ဖူးသမွ်ထဲမွာအေကာင္းဆုံးအဆုံးသတ္သမားလို႔ထင္တယ္။ၿပီးေတာ့သူနဲ႔လည္းအမ်ားႀကီးေလ့က်င့္ခန္းဆင္းဖူးတယ္ေလ။သူကမယုံၾကည္ႏိုင္စရာေကာင္းလွပါတယ္။သူဂိုးေတြအမ်ားႀကီးသြင္းလာႏိုင္ဖို႔ကြၽန္ေတာ္ဆုေတာင္းပါတယ္။ပိုေကာင္းလာၿပီးဆုဖလားေတြရႏိုင္ေအာင္ကူညီႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္။သူကအသက္အရမ္းငယ္ေသးသလိုပါရမီရွင္တစ္ဦးလည္းျဖစ္ပါတယ္။ဒီထက္မကပိုေကာင္းသထက္ေကာင္းလာႏိုင္ပါေသးတယ္”လို႔ေျပာၾကားသြားပါတယ္။